အနက်ရောင် သူရဲကောင်း သို့မဟုတ်
ဂြိုလ်သားတို့ရဲ့ယာဉ်
Knight News မှတင်ဆက်ပေးနေတာတွေဟာ အထောက်အထား မှန်ကန်မှု ရာခိုင်နှုန်းများမှသာ တင်ဆက်ပေးတာဖြစ်ပါတယ်။
စာရှုသူများ အပျင်းလည်းပြေစေ၊ သုတရသ တစ်ခုခု ရစေလိုတဲ့ စေတနာနဲ့ ကြိုးစားရှာဖွေ တင်ပြလျက်ရှိပါတယ်။
ခုတစ်ခါမှာတော့ နာဆာ ( NASA) ကိုယ်တိုင် ထုတ်ပြန်ထားတဲ့ ဓါတ်ပုံများနဲ့အတူ ထူးခြားတဲ့ယာဉ်တစ်ခုအကြောင်း တင်ပြလိုက်ပါတယ်။
Black Knight လို့ တညီတညွတ်ထဲ အမည်ပေးထားတဲ့ အနက်ရောင်ယာဉ်တစ်စီးဟာ ကျနော်တို့ကမ္ဘာကို ၁၅ နှစ်နဲ့ နှစ်၂၀ လောက်အချိန်တိုင်းမှာ ချဉ်းကပ် လှည့်ပါတ်နေပါတယ်။
သူဟာ ကမ္ဘာဂြိုလ်ကို အနီးကပ် စောင့်ကြည့်ဖို့ စေလွှတ်ထားသလိုပါဘဲ။ နီကိုလပ်တက်စလာဆိုသူ AC လျှပ်စစ်ကိုတီထွင်ခဲ့သူ ပညာရှင်က ဒီယာဉ်ကို ပထမဆုံး တွေ့ခဲ့သူပါ။
သူက ၁၈၉၉ ခုနှစ်မှာ တွေ့ရှိပြီး အင်တာဗျူးတိုင်းမှာ ဒီအကြောင်းကို ပြောပြခဲ့ပါတယ်။ ဒါပေမဲ့ လစ်လျူရှုခြင်း ခံခဲ့ရပါတယ်။
၁၉၅၄ ခုနှစ်မှာတော့ ဒီယာဉ်ကို ပြန်လည်တွေ့မြင်ခဲ့ပြီး St. Louis Post Dispatch နဲ့ San Francisco Examiner သတင်းစာတွေမှာ တက်စလာမှန်ကြောင်း ဘက်လိုက်မှုမရှိ ဖေါ်ပြခဲ့လို့ လူသိများခဲ့ပါတယ်။
ဒီအချက်နဲ့ မလုံလောက်သေးဘူးထင်ရင် ဆက်ပြောပါ့မယ်။ ၁၉၆၀ ခုနှစ်မှာ ဆိုဗီယက်နဲ့ အမေရိကန် ပညာရှင်တွေဟာ ဒီလူမပါတဲ့ အနက်ရောင်ယာဉ်ကို တွေ့ပေမယ့် တခြားအကြောင်းအရာကိုတော့ မသိပါဘူးလို့ ဝန်ခံခဲ့ကြပါတော့တယ်။
Gordon Cooper ဆိုသူက ဒီယာဉ်ကို အာကာသစခန်းမှာရှိစဉ် တွေ့ခဲ့ရဘူးတယ်လို့ ထုတ်ပြောခဲ့ပြန်ပါတယ်။
ဒါပေမဲ့ အဲဒီတုန်းကတော့ နာဆာက Cooper ဟာ ကာဗွန်ဒိုင်အောက်ဆိုက် လွန်ကဲလို့ ထင်ယောင်ထင်မှားဖြစ်တာပါလို့ ဖုံးကွယ်ခဲ့ပါတယ်။
နောက်ပိုင်းအချိန်မှာတော့ ( NASA) နာဆာဟာ တည်းဖြတ် မထားတဲ့ ဓါတ်ပုံတစ်ချို့ကို ထုတ်ပြန်ပေးခဲ့ပါတယ်။
STS-88 အာကာသ လွန်းပျံယာဉ်ကနေ ရိုက်ကူးခဲ့တဲ့ဓါတ်ပုံတွေဘဲ ဖြစ်ပါတယ်။
ပုံတွေကိုကြည့်ပြီး တစ်ခုခု မန့်ခဲ့ကြပါအုံးလို့။
ကျေးဇူးတင်ပါတယ်။
Knight News Team