ရန်သူ့ ဒရုန်းတွေကို ပစ်ချပေးမယ့် Vampire သွေးစုပ်ဖုတ်ကောင်
အမေရိကန်ဟာ Vampire အမည်ရှိတဲ့ ဒုံးကျည်အသေးစားတွေကို ယူကရိန်းကို ပို့ပေးလိုက်ပြန်ပါပြီ။
ဒီဒုံးကျည်တွေဟာ ပေါ့ပါးပြီး ပစ်ကပ် (Pick-up) လိုကားမျိုးပေါ်မှာ အလွယ်တကူ တပ်ဆင် ပစ်ခတ်နိုင်ပါတယ်။
ဗုဒ္ဓဟူးနေ့က ပင်တဂွန်ရဲ့ ကြေငြာတာချက်မှာတော့ ဒေါ်လာ ၃ ဘီလီယမ်ဖိုး ရှိတဲ့ ဒီဒုံးတွေပေးဖို့ အတည်ပြုပြီးပြီလို့ဆိုပါတယ်။
နာမည်ကတော့ Vehicle – Agnostic Moduler Palletized ISR system လို့ခေါ်ပါတယ်။ ဘယ်လိုနောက်ဖွင့်ကားမျိုးမဆို တပ်ဆင်ပစ်ခတ်နိုင်လို့ ယူကရိန်းတွေအတွက် အသုံးတည့်မှာပါ။
ပြောင်း ၄ ခုပါဝင်ပြီး လူတစ်ဦးတည်းက ၂ နာရီအတွင်း တပ်ဆင်ပစ်ခတ်နိုင်ပါတယ်။ ဝေဟင်ရော၊ မြေပြင်ပစ်မှတ်တွေကို ပစ်ခတ်နိုင်ပါတယ်။ ဒရုန်းမှာလည်း တပ်ဆင်ပစ်ခတ်နိုင်တယ်လို့ ဆိုပါတယ်။
ယူအက်စ် ကာကွယ်ရေးဌာနရဲ့ အတွင်းရေးမှူး Colin Kahl က Vampire missile ဟာ Counter USS system ဖြစ်လို့ ရန်သူ့ ဒရုန်းတွေကို ပစ်ချနိုင်ပါတယ်။
သေးငယ်ပေမဲ့ ရုရှားရဲ့ ဒရုန်းတွေကို ယူကရိန်းကောင်းကင်က ဖယ်ရှားပေးပါလိမ့်မယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
Vampire ဟာ L3 Harris ရဲ့ ဝက်ဆိုဒ်မှာတော့ ဒရုန်းကို ပစ်ချနိုင်တယ်လို့ ဖေါ်ပြမထားပါဘူး။
ယူကရိန်းတို့မှာလည်း အလားတူ ပုံစံ ဒုံးတွေနဲ့ ရုရှားဒရုန်းတွေကို ပစ်ချနိုင်ခဲ့တာတွေရှိခဲ့ပါတယ်။ ယူအက်စ်ဟာ vampire အပြင် puma drone တွေလည်း ပေးဖို့ရှိပါသေးတယ်။
စစ်ပွဲကတော့ ၆ လကျော်လာပါပြီ။ မဲဘုန်းအခြေစိုက် L3 Harris ကုမ္ပဏီက ” ကျနော်တို့ရဲ့ vampire စနစ်ဟာ ယူကရိန်းပြည်သူတွေရဲ့ ခုခံမှုကို ပိုမို အားကောင်းအောင် ကူညီနိုင်ပါလိမ့်မယ်။
ဥရောပရဲ့ ဒီမိုကရေစီကို သူတို့ (ရုရှား) ထိပါးဖို့ မဖြစ်နိုင်ပါဘူး” လို့ ပြောပါတယ်။
ဒရုန်းစစ်ပွဲကို နှစ်ဖက်စလုံးက ဆင်နွှဲ နေကြတာဖြစ်ပေမဲ့ လက်နက်အရင်းအမြစ် အများစုကတော့ ပြည်ပက ကူညီဖြည့်တင်းပေးနေတာ ဖြစ်ပါတယ်။
ယူကရိန်းကို အဓိက ကူညီနေတာကတော့ ယူအက်စ် ယူကေ နဲ့ တူရကီတို့ဖြစ်ပြီး ရုရှားကတော့ အီရန် ကို အကူအညီတောင်းထားပါတယ်။
Vampire စနစ်ဟာ ယူအက်စ်ရဲ့ကြီးမားတဲ့ထောက်ပံ့မှု အစီအစဉ် တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။ ခုထိ ၁၃ .၅ ဘီလီယမ်ဖိုးအထိ ထောက်ပံ့ပြီးတဲ့အထဲမှာ vampire လည်း ပါဝင်ပါတယ်။
အသေးစိတ်အချက်အလက်ကတော့ ဖေါ်ပြခြင်းမရှိသေးလို့ ဒီဒုံးကျည် ဘယ်လောက်စွမ်းတယ်ဆိုတာ မြေပြင်သတင်းတွေက ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်လို့ တင်ပြလိုက်ရပါတယ်။
Knight News Team