ပေ၂၀ လောက်ရှည်တဲ့ မြွေကြီးကို အချစ်စိတ်မွှန်နေချိန် ဖမ်းဆီးမိ
မလေးရှားနိုင်ငံရဲ့ ဘော်နီယို ကျွန်းပေါ်မှာ ဖြစ်ပါတယ်။ ဝေးလံခေါင်သီတဲ့ ဆာရာဝပ်ဒေသက ရွာတစ်ရွာမှာ ဖြစ်ခဲ့တာပါ။
ရွာသားတွေဟာ စနေနေ့ နေ့လယ်ခင်းမှာ အမဲလိုက် ထွက်ကြပါတယ်။ တောထဲ တစ်နေရာ အရောက်မှာ သူတို့ဟာ ထူးဆန်းတဲ့ အသံတစ်မျိုးကို ကြားခဲ့ကြပါတယ်။ လဲကျနေတဲ့ သစ်ပင်ကြီးတစ်ပင်ရဲ့အောက်က ကြားရတာပါ။
သူတို့ကြည့်လိုက်တဲ့အခါမှာတော့ သားကောင်ဖြစ်တဲ့ မြွေကြီးနှစ်ကောင်ကို တွေ့လိုက်ရပါတယ်။ ဒီမြွေတွေဟာ သူတို့ဒေသမှာတော့ နူးညံ့ချိုမြိန်တဲ့ စားဖွယ်ရာပါဘဲ။
သူတို့ဟာ သစ်ပင်ကြီးကို လွှတွေ၊ ဓါးတွေနဲ့ ခုဝာ်ဖြဝာ်ပြီး မြွေကြီးတွေကို အပြင်ရောက်အောင် ဆွဲထုတ်ကြပါတယ်။
ပြီးတော့ သဝာ်ဖြဝာ်လိုက်ကြပါတယ်။ မြွေကြီးတွေကို ထရပ်ကားပေါ်ဆွဲတင်ပြီး ညနေစာအတွက် သယ်ယူဖို့ လုပ်ကြပါတယ်။
ကီလာဝစ် မြစ်ဘေးမှာရှိတဲ့ ဘင်တုလုရွာသား အသက် ၆၀ အရွယ် Tinsung Ujang ဆိုသူ အဖိုးအိုက ပျော်ရွှင်စွာနဲ့ ခုလိုပြောပါတယ်။
” တွင်းထဲကို ငုံ့ကြည့်လိုက်တော့ အံ့အားသင့်သွားတယ်ဗျ။ မြွေထီးအကြီး တစ်ကောင်က အငယ်တစ်ကောင်ကို မိတ်လိုက်နေတာလေ။
အရွယ်က ကြီးလွန်းပြီး နှစ်ကောင်သား ရစ်ပါတ်ထားတာဆိုတော့ အပြင်ရောက်အောင် မနည်းဆွဲထုပ်ရတယ်။
အပြင်ရောက်တဲ့အထိ သူနို့က တစ်ကောင်နဲ့တစ်ကောင်ပါတ်ထားတုံးဗျ။ မနဲ ခွါယူရတယ်။bအကောင်ကလည်းကြီးတော့ ခွာရခက်တယ်လေ။
ဒီလိုကြီးမားတဲ့ စပါးကြီးမြွေတွေ မိတ်လိုက်တာကို တစ်ခါမှ မမြင်ခဲ့ဘူးပါဘူး။ ဒီ ၅ မီတာလောက်ကြီးတဲ့မြွေကိုလည်း မတွေ့ဘူးပါဘူး” တဲ့။
မြွေကြီးတွေကတော့ အချစ်စိတ်မွှန်နေလို့ ရွာသားတွေရဲ့ညစာ ဖြစ်သွားခဲ့ပါပြီ။ မြင်ဘူးတယ်ရှိအောင် ဓါတ်ပုံလေးတွေပါ ဖေါ်ပြပေးလိုက်ပါတယ်နော်။
Knight News Team
Photo Credit-ViralPress