၁၅ ရာစုက အံ့ဖွယ်ဂျပန်ဓါး

၁၅ ရာစုက အံ့ဖွယ်ဂျပန်ဓါး

ဒီတစ်ခါတော့ ဂျပန်တို့ရဲ့ ရှေးဟောင်းဓါးတစ်လက်အကြောင်း တင်ပြပါရစေ။ ဓါးရဲ့အမည်က Norimisu Odachi ဖြစ်ပါတယ်။

ဓါးဟာ သာမန်ထက် ကြီးမားပြီး ဘယ်လိုလူမျိုးက ကိုင်ဆောင်နိုင်သလည်းဆိုတာ ပဟေဠိတစ်ခု ဖြစ်နေပါတယ်။

အမှန်တော့ ဘီလူးတစ်ကောင်ရဲ့ဓါးလို့တောင် ဆိုကြပါတယ်။သာမန် ပန်းဘဲဖိုမှာတော့ သွန်းလုပ်ခဲ့တာမျိုး မဖြစ်နိုင်ပါဘူး။

ဒီဓါးကို AD ၁၅ ရာစုလောက်က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဓါးရဲ့အရှည်က ၃.၇၇ မီတာ ( ၁၂.၃၇ ပေ ) ရှိပြီး ၁၄.၅ ကီလိုဂရမ် ( ၃၁.၉၇ ပေါင်) ရှိပါတယ်။သမိုင်းမှာ စိတ်ဝင်းစားစရာ အကောင်ဆုံ ဓါးတစ်လက်ပါ။

ဂျပန်တွေဟာ ဓါးလုပ်တဲ့ အတတ်ပညာကြောင့် ဂုဏ်သတင်းကြီးပါတယ်။ အမည်အမျိုးမျိုးရှိတဲ့ ဓါးတွေကို ပန်းဘဲဖိုတွေက ပြုလုပ်ခဲ့ကြပါတယ်။

ဒါပေမဲ့ လူသိများတဲ့ ဓါးကတော့ ကန်တားနား (Kantana ) လို့သိကြတဲ့ ဆာမူရိုင်းတွေ ကိုင်ဆောင်တဲ့ဓါးပါ။

အဲဒီရာစုနှစ်တွေမှာဘဲ တခြားလူသိနည်းတဲ့အမျိုးအစား ဓါးတွေလဲ ထုတ်လုပ်ခဲ့ပါတယ်။ Odachi ဟာ လူသိနည်းတဲ့ ဓါးအမျိုးအစားထဲက တစ်ခုဖြစ်ပါတယ်။

Odachi ဆိုတာ ခန်းဂျီးစကားအရဆိုရင် ကြီးကြယ်မြင့်မြတ်တယ်လို့အဓိပ္ပါယ်ရပါတယ်တဲ့။ ဒါးဟာ ခပ်ကွေးကွေး ပုံစံရှိပါတယ်။

တချို့ Odachi ဓါးတွေဆိုရင် ၆ ပေကျော်လောက် ရှိတတ်ပါတယ်။ စစ်မြေပြင်တိုက်ပွဲတွေအတွက် Odachi ဟာ အသုံးဝင်လို့ ဂုဏ်သတင်းကြီးပါတယ်။

Nunboku- Cho ခေတ်က တိုက်ပွဲတွေမှာ ဒီဓါးကို တွင်ကျယ်စွာ သုံးခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ လက်တွေ့မကျတာကြောင့် တဖြည်းဖြည်း အသုံးနည်းလာခဲ့တယ် ဆိုပါတယ်။

၆ ပေကျော်တဲ့ ဓါးတစ်လက်နဲ့ ရေရှည်တိုက်ခိုက်ရတာ ခွန်အားကို လျင်မြန်စွာ လျော့ပါးစေပါတယ်။

သူ့ကို အသုံးပြုမှု ရပ်ဆိုင်းစေခဲ့တာကတော့ ၁၆၁၅ ခုနှစ်မှာ Osaka Nutsunojin ကို ဝန်းရံတိုက်ခိုက်စဉ်ကဖြစ်ပါတယ်။ toyotomi clan ကို အောင်နိုင်ခဲ့တဲ့ Tokugawa ရှိုဂွန်က ဓါးအားလုံးကို ဖျက်ဆီးခိုင်းခဲ့တယ်လို့ ဆိုပါတယ်။

စစ်မြေပြင်မှာ ဒီဓါးမျိုးတွေကို ခြေလျင်စစ်သည်တွေက ကိုင်ဆောင်ကြတယ်လို့ ဆိုပါတယ်။ ရှေ့ကို အဝေးထိ ခုတ်ပိုင်းနိုင်သလို နောက်ကိုလည်း အကွာအဝေးတစ်ခုအထိ ကာကွယ်နိုင်ပါတယ်။ ဒါပေမဲ့ ဒါးအိမ်ထဲကတော့ လျင်လျင်မြန်မြန် ဆွဲထုတ်ဖို့တော့ ခက်ပါတယ်။

ခုတော့ ဒီဓါးကို အခမ်းအနားကျင်းပရာမှာ အဆောင်အယောင်တစ်ခုအနေနဲ့ ကိုင်ဆောင်တာ တွေ့ရပါလိမ့်မယ်။

ပုံလေးတွေကြည့်လိုက်ကြပါနော်။

Knight News Team

Leave a Reply

Your email address will not be published.