လေယာဉ်ထိုင်ခုံ အားလုံးနီးပါး အပြာရောင် ဖြစ်နေရတဲ့ အကြောင်းအရင်း

ဘာလို့လေယာဉ်ထိုင်ခုံတွေ အားလုံးနီးပါးက အပြာရောင်ဖြစ်နေရတာလဲ။

လေယာဉ်လိုင်းတွေအားလုံးရဲ့ထိုင်ခုံအရောင်ကို ရော သင်သတိထားမိပါသလား။ အမြဲတမ်းနီးပါးအပြာရောင်ဖြစ်နေတတ်ပီး သူနဲ့ပတ်သတ်လို့ခြွင်းချက်လေးတွေရှိပါတယ်။

အချို့လူတွေကတော့ ဒီအပြာရောင်ဖြစ်နေရတာဟာ ကျွန်တော်တို့ကောင်းကင်ကြီးကြီးက အပြာရောင်ဖြစ်တယ်ဆိုတာကိုသတိပေးချင်လို့လို့ဆိုပါတယ်။ ဒါမဲ့ ရှင်းလင်းချက်ကအဲ့လောက်မရိုးရှင်းပါဘူး။

ဒါဆိုသူတို့က ဘာလို့အပြာရောင်ဖြစ်နေရတာလဲ။

ပထမဆုံးသော အပြာရောင်ထိုင်ခုံတွေဟာ လွန်ခဲ့သောဆယ်စုနှစ်ပေါင်းများစွာတည်းကရှိခဲ့တာဖြစ်ပြီး အခုဆိုရင်လဲ လေကြောင်းလိုင်းအားလုံးနီးပါးဟာ အဲ့အရောင်ကိုပဲဆက်လက်ထိန်းသိမ်းထားပါတယ်။

အင်္ဂလိပ်သိပ္ပံပညာရှင်တွေအရဆိုရင်တော့ လူအတော်များများဟာ အပြာရောင်ကို ယုံကြည်ရမှုစိတ်ချရမှု၊ ဘေးကင်းရမှု စတာတွေနဲ့တွဲလျက်မြင်တတ်ကြပါတယ်တဲ့။

အဲ့အပြင် သုတေသနပြုလုပ်ချက်တွေအရ ၉၀% သောလူတွေဟာ Brand color တွေပေါ်မူတည်ပီး ကုမ္ပဏီရဲ့ဆွဲဆောင်နိုင်မှုအပေါ်ဆုံးဖြတ်ချက်ချကြပါတယ်။

အခုလိုအပြာရောင်ရွေးချယ်ရခြင်းရဲ့ နောက်ထပ်လက်တွေ့ကျတဲ့အကြောင်းရင်းကတော့ အပေအတေခံလို့ပဲ ဖြစ်ပါတယ်။ တော်ရုံညစ်ပတ်နေတာမျိုးဆိုလဲ ဒီအရောင်ပေါ်မှာဆိုရင် သိပ်ပီးမသိသာပါဘူး။

ဒါကြောင့် ဒီအရောင်ကိုဆိုရင် အခြားအရောင်ဖျော့တွေထက်ပိုပီးကြာရှည်စွာအသုံးပြုနိုင်ပါတယ်။

ပိတ်သား ဒါမှမဟုတ် လယ်သာနှစ်ခုစလုံးကိုအသုံးပြုနိုင်ပါတယ်။ ဒါမဲ့ စည်းမျဉ်းတစ်ခုအနေနဲ့ ဝေးလံတဲ့လေယာဉ်ခရီးစဉ်တွေဆိုရင် လေကြောင်းလိုင်းတွေအနေနဲ့ ပိတ်သားထိုင်ခုံကိုအသုံးပြုရပါတယ်။

ဘာလို့လဲဆိုတော့ ပိတ်သားဟာချောင်ချောင်ချိချိရှိပြီး လူတွေကိုသက်တောင့်သက်သာဖြစ်စေကာ အသက်ရှူချောင်စေပါတယ်။

ဒါမဲ့လယ်သာထိုင်ခုံကိုတော့ တိုတောင်းတဲ့လေယာဉ်ခရီးစဉ်တွေအတွက်အသုံးပြုပါတယ်။ လယ်သာဟာ အင်မတန်ကိုအကြမ်းခံပီးတော့ အချိုရည်တွေဘာတွေဖိတ်ရင်တောင်အစွန်းမထင်ကျန်ခဲ့ပါဘူး။

ဘာလို့ထိုင်ခုံတွေက ပြတင်းပေါက်နဲ့တစ်တန်းတည်းမဖြစ်နေတာလဲ။

သင်ပြတင်းပေါက်နားတော့ထိုင်ပီး ပြတင်းပေါက်ကနေ ဘာမှမမြင်ရတဲ့အဖြစ်မျိုးကြုံဖူးပါသလား?
ဒီလိုဖြစ်ရတာကတော့ လေကြောင်းလိုင်းတွေဟာ တတ်နိုင်သလောက် လေယာဉ်ထဲမှာထိုင်ခုံတွေများများဆန့်အောင်လုပ်နေလို့ပဲဖြစ်ပါတယ်။

ထိုင်ခုံအတန်းတွေကိုဘယ်လိုအံဝင်ခွင်ကျဖြစ်အောင်ထည့်မလဲဆိုတဲ့ စည်းမျဉ်းတွေရှိပေမဲ့ ဘယ်သူမှမလိုက်နာကြပါဘူး။
ခရက်ဒစ်-Min Thu


လေယာဉ်လိုင်းတွေအားလုံးရဲ့ထိုင်ခုံအရောင်ကိုသင်သတိထားမိပါသလား? အမြဲတမ်းနီးပါးအပြာရောင်ဖြစ်နေတတ်ပီး သူနဲ့ပတ်သတ်လို့ခြွင်းချက်လေးတွေရှိပါတယ်။












ခရက်ဒစ်-Min Thu

Leave a Reply

Your email address will not be published.