ရုရှားတို့ ပစ်ချခဲ့ဖူးတဲ့ ဂြိုဟ်သားတို့ရဲ့ ပန်းကန်ပြားပျံ
၁၉၇၉ ခုနှစ်မှာ မော်စကိုမြောက်ပိုင်းဒေသမှာ ရုရှားတို့ဟာ UFO တစ်စင်းကို ပစ်ချခဲ့ပါတယ်။
တကယ်တော့ UFO နဲ့ပါတ်သက်တဲ့သတင်းတွေကို KGB ရဲ့လက်အောက်ခံ ဝန်ထမ်းတွေဆီက ပေါက်ကြားခဲ့တာပါ။
KGB ဆိုတာ ဆိုဗီယက်ယူနီယံရဲ့ အဓိက လုံခြုံရေး အဖွဲ့အစည်းဖြစ်ပြီး ၁၉၅၄ ခုနှစ်၊မတ်လ ၁၃ မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။ ၁၉၉၁ ခုနှစ်၊ ဒီဇင်ဘာ ၃ ရက်အထိ သက်တမ်းရှည်ခဲ့ပါတယ်။
KGB ဟာ စစ်တပ်လက်အောက်ခံအဖွဲ့အစည်းဖြစ်ပြီး စစ်တပ်ရဲ့ ဥပဒေနည်းလမ်းအတိုင်း လိုက်နာ လုပ်ဆောင်ပါတယ်။ ဒါပေမဲ့ တိုင်းပြည်လုံခြုံရေးအတွက်ဆို သီးခြားစီမံပိုင်ခွင့်ရှိတဲ့ အဖွဲ့ပါ။
ရက်စက်ကြမ်းတမ်းတဲ့ အဖွဲ့လည်းဖြစ်ပါတယ်။ (ဒီအကြောင်း သီးခြားတင်ပြဖို့ ရှိပါတယ်) ဒီအဖွဲ့ရဲ့ မှတ်တမ်းတွေဟာ ဆိုဗီယက်ယူနီယံ ပြိုကွဲပြီးနောက်မှာတော့ လူထုထဲကို ပေါက်ကြားမှုတွေ ရှိလာခဲ့ပါတယ်။
ဒီအထဲမှာ UFO လို့ခေါ်တဲ့ ပန်းကန်ပြားပျံအကြောင်းတွေလည်း ပါဝင်ပါတယ်။
ဒီဖြစ်ရပ် အများအပြားထဲကမှ Operation “Concealment” ဆိုတဲ့အကြောင်းကို ရွေးချယ်တင်ပြမှာ ဖြစ်ပါတယ်။
၁၉၇၉ ခုနှစ်၊နိုဝင်ဘာ ၁၃ ရက်နေ့မှာ ရုရှားမြောက်ပိုင်း ဆင်ခြေဖုံးဒေသမှာဖြစ်ခဲ့တာပါ။
ဒွန်ဘတ်ဒေသရဲ့ လေကြောင်းကာကွယ်ရေးစနစ်ဟာ အမျိုးအမည်မသိယာဉ်တစ်စီး ပျံသန်းနေတာကို ထောက်လှမ်းမိပါတယ်။
ပန်းကန်ပြားပုံစံယာဉ်ဟာ မြို့တော်ဘက်ကို ဦးတည်ပြီး လာနေပါတယ်။ဒါကြောင့် ပစ်ချဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ပစ်ချမှုဟာလည်း အံ့ဩစရာအောင်မြင်စွာ ထိမှန်ခဲ့ပါတယ်။
လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်စနစ်ဟာ မော်စကိုရဲ့ ZRV system အစိတ်အပိုင်းအနေနဲ့ ပါဝင်ပါတယ်။ ဒါကို အပြာရောင်ကြိုးဝိုင်း ( Blue Ring ) လေကြောင်းကာကွယ်ရေးစနစ်လို့ အမည်ပေးထားပါတယ်။
ယာဉ်ပျံဟာ တစ်ချက်ထဲနဲ့ ထိမှန်ပျက်ကျခဲ့ပါတယ်။ စစ်သားတွေဟာ ပျက်ကျတဲ့နေရာကို ချက်ခြင်းပဲ သွားခဲ့ကြပါတယ်။
ယာဉ်ဟာ ၆ မီတာ( ၁၈ ပေ) လောက် အဝန်း ရှိပါတယ်။ အဝိုင်းပုံ ဖြစ်ပါတယ်။ ဒုံးကျည်ဟာ ယာဉ်ရဲ့နံရံကို ဖေါက်ပြီး အတွင်းပိုင်းအထိကို ဆိုးရွားစွာ ပျက်ဆီးစေခဲ့ပါတယ်။
ယာဉ်ကို ဓါတ်ခွဲခန်းကို သယ်ယူသွားကြပါတယ်။ ဓါတ်ခွဲခန်းကတော့ Lightning သုတေသနနဲ့ ထုတ်လုပ်ရေးဌာန ဖြစ်ပါတယ်။ ဒီဌာနဟာ Buren ခေါ် အာကာသယာဉ်ကို ထုတ်လုပ်ခဲ့တဲ့ အဖွဲ့အစည်းပါ။
ပန်းကန်ပြားပျံရဲ့အတွင်းပိုင်းဟာ ဆိုးရွားစွာ ပျက်ဆီးသွားလို့ ယာဉ်ကို ထိန်းချုပ်တဲ့စနစ်ဟာ ဘယ်လိုအလုပ်လုပ်သလဲ ဆိုတာ အဖြေရှာလို့မရတော့ပါဘူး။
ယာဉ်ပေါ်မှာ သက်ရှိ ယာဉ်မှူးလည်း မပါပါဘူး။ ဘာအမှတ်အသားမှလည်း မပါပါဘူးတဲ့။
ပျံသန်းမှုအချက်အလက်မှတ်တမ်းတင်ကရိယာ (Black box)လို့ ယူဆရတဲ့ ပစ္စည်းကလဲ ဘယ်ဟာဆိုတာ သတ်မှတ်လို့ မရပါဘူး။
သိပ္ပံပညာရှင်တွေရဲ့ ကောက်ချက်ကတော့ သိသာထင်ရှားပါတယ်။ သူ့မှာ အင်ဂျင်လည်းမပါ လောင်စာဆီ တိုင်ကီလည်း မပါပါဘူး။ သူဟာ အလွန်အားပြင်းတဲ့ သံလိုက်၂ ခုကြောင့် ရွေ့လျားနိုင်ခဲ့တယ် ဆိုပါတယ်။
သံလိုက်စက်ကွင်းတွေဟာ ရှုပ်ထွေးတဲ့ စက်ယန္ဒယားကို လည်ပါတ်စေပါတယ်။ သံလိုက် ၂ ခုဟာ ဓါတ်ဘူး ပုံ ဘူး၂ ခုထဲမှာ ထည့်ထားပြီး အတွင်းမှာ Heavy water ရေလေးကို ဖြည့်ထားပါတယ်။
၁၉၈၂ ခုနှစ်မှာတော့ ဒီပစ္စည်းတွေကို လေ့လာပြီး အင်ဂျင်နီယာနဲ့ ပုံစံထုတ်သူတွေ စုပေါင်းပြီး ဂျက်လေယာဉ်နဲ့ ပန်းကန်ပြားပျံ ပေါင်းစပ်ပုံစံယာဉ်ကို တီထွင်ခဲ့ကြပါတယ်။
anti gravity ယာဉ်
ဒါဟာ ဆိုဗီယက်တို့ရဲ့ ပထမဆုံး anti gravity ယာဉ်တစ်စီး ဖြစ်ပါတယ်။
ပုံလေးတွေရှုစားကြပါအုံးနော်။
Knight News Team