စတုတ္ထမျိုးဆက် တိုက်လေယာဉ်များ၏ အရည်အသွေးနှင့်ချွတ်ယွင်းချက်များ

စတုတ္ထမျိုးဆက် တိုက်လေယာဉ်များ၏ အရည်အသွေးနှင့်ချွတ်ယွင်းချက်များ

ရေတပ်နှင့်လေတပ်တို့အား စတုတ္ထမျိုးဆက်ကိုယ်ပျောက် တိုက်လေယာဉ်များကို ပဉ္စမမျိုးဆက် ရေတပ်သုံး F-35 ကိုယ်ပျောက်တိုက်လေယာဉ်ကဲ့သို့ အဆင့်မြှင့်တင်ရန် ကာကွယ်ရေး ဦးစီးဌာနက တွန်းအားပေးနေပုံရပါသည်။

လေတပ်၏ Boeing F-15EX Eagle II နှင့်Block III F/A-18 Super Hornet ကိုယ်ပျောက်တိုက်လေယာဉ်များအား ၄ ဒသမ ၅ မျိုးဆက် ကိုယ်ပျောက်တိုက်လေယာဉ်များအဖြစ် ဖော်ပြနိုင်ပေသည်။

အဆိုပါ ကိုယ်ပျောက်တိုက်လေယာဉ်များသည် မျက်မှောက်ခေတ်စစ်မြေ ပြင်တွင် အသုံးဝင်သော်လည်း ၎င်းတို့၏တည်ရှိနေမှုအတွက် စိတ်ဝင်စားစရာမေးခွန်းများဖြစ်ပေါ်စေပါသည်။

တရုတ် နိုင်ငံထုတ် Chengdu J-20နှင့် ရုရှားနိုင်ငံထုတ် Sukhoi Su-57 တို့ကဲ့သို့သော ပြိုင်ဘက်နိုင်ငံများ၏ ပဉ္စမမျိုးဆက်ကိုယ်ပျောက်တိုက်လေယာဉ်များကို တန်ပြန်တိုက်ခိုက်နိုင်စွမ်းမရှိသော စတုတ္ထမျိုးဆက်ကိုယ်ပျောက် ဆိုက်လေယာဉ်များအား အမေရိကန်နိုင်ငံအနေဖြင့် တည်ဆောက် ခြင်းနှင့် အဆင့်မြင့်တင်ခြင်းများဆောင်ရွက်ရန် အဘယ်ကြောင့် စဉ်းစားမိပါသနည်း။

Super Hornet ဘက်စုံသုံးကိုယ်ပျောက်တိုက်လေယာဉ်၏ အခြေခံဖွဲ့စည်းတည်ဆောက်ပုံနှင့်ဒီဇိုင်းကို အဆင့်မြှင့်တင်မှုပြုလုပ် ပြီး ရေတပ်တွင် သက်တမ်းပြည့်ထိန်းသိမ်းမှုအစီအမံများဖြင့် ဆက်လက်ပြုပြင်ထိန်းသိမ်းနေဆဲဖြစ်ပါသည်။

သို့ရာတွင် Eagle II နှင့် Super Hornet ဘက်စုံသုံးကိုယ်ပျောက်တိုက် လေယာဉ် များကဲ့သို့ သော စတုတ္ထမျိုးဆက်ကိုယ်ပျောက်‌ လေယာဉ်များ ကို ဆက်လက်တည်ဆောက်နေခြင်းအား အချို့သောစစ်ရေး ဆိုင်ရာမဟာဗျူဟာများအတွက် မေးခွန်းထုတ်စရာဖြစ်လာပါ သည်။

ဤတိုက်လေယာဉ်များသည် ရန်သူပဉ္စမမျိုးဆက်ကိုယ် ပျောက်တိုက်လေယာဉ်များနှင့် မျိုးဆက်သစ် ရန်သူ့လေကြောင်း ရန်ကာကွယ်ရေးစနစ် များကို အောင်မြင်စွာတုံ့ပြန်တိုက်ခိုက်ရန် လုံလောက်‌ သော စွမ်းဆောင်ရည်မရှိပေ။

ထို့ပြင် အမေရိကန်နိုင်ငံ လေကြောင်းစွမ်းအား သာလွန်မှုဖြင့် သောင်းကျန်းသူချေမှုန်း ရေး သို့မဟုတ် အကြမ်းဖက်တန်ပြန်နှိမ်နင်းရေး စသည့် ပြည်တွင်း စစ်ဆင်ရေးများဆောင်ရွက်ရန်အတွက်လည်း စွမ်းဆောင်ရည် အလွန်မြင့်နေ‌ပေသည်။

ထို့ကြောင့် စတုတ္ထမျိုးဆက်ကိုယ်ပျောက်တိုက်လေယာဉ်များအတွက် မည်သည့် စစ်ဆင်ရေးအမျိုးအစားများက အသင့်တော်ဆုံးဖြစ်မည်နည်း။ Super Hornet၊ သို့မဟုတ် Eagle II စသည့် ကိုယ်ပျောက် တိုက်လေယာဉ်များတွင် အသုံးပြုထားသော ကိုယ်ပျောက်နည်း ပညာများကြောင့် ရေဒါကအမြဲတမ်းဖမ်းယူနိုင်ခြင်းမရှိဟု ထင်ရ သော်လည်း ၎င်းတို့သည် အတိုင်းအတာတစ်ခုအထိသာ ရေဒါများ ၏ရှာဖွေတွေ့ရှိနိုင်စွမ်းကို နည်းပါးစေခြင်းဖြစ်ပါသည်။

ပဉ္စမ မျိုးဆက်ကိုယ်ပျောက်တိုက်လေယာဉ်များဖြစ်သည့် တရုတ်နိုင်ငံ နှင့်ရုရှားနိုင်ငံက ကိုယ်ပျောက်တိုက်လေယာဉ်တွေကပါ ၎င်းကိုယ် ပျောက်တိုက်လေယာဉ်ကို အလွယ်တကူရှာဖွေတွေ့ရှိနိုင်စွမ်းနည်း ပါးစေမည်လား၊ သို့တည်းမဟုတ် အဆင့်မြှင့်ထားသည့် S-400 ရုရှားလေကြောင်းရန်ကာကွယ်ရေးလက်နက်စနစ်အား တိုက်ခိုက် ရာတွင်ပါ ၎င်းစွမ်းဆောင်ရည်များရှိမည်လား။

သို့မဟုတ် အဆင့် မြှင့်တင်ထားသော Super Hornets ကိုယ်ပျောက်တိုက်လေယာဉ် သည် အနိမ့်မှ အလယ်အလတ်အဆင့်အထိ ပတ်ဝန်းကျင် လေကြောင်းခြိမ်းခြောက်မှုများနှင့်ရင်ဆိုင်ရာတွင် အသုံးဝင်မည် လား။

Super Hornet သို့မဟုတ် Eagle II ကိုယ်ပျောက်တိုက်လေ ယာဉ်ကို အမှန်တကယ်စစ်ဆင်ရေးဆောင်ရွက်နိုင်သောတိုက်ခိုက် ရေးပစ္စည်းအဖြစ် အသုံးပြုမည်လားဆိုသည့်မေးခွန်းများကို ဆုံး ဖြတ်ရန်အဖြေသည် အခြေခံကျသောမေးခွန်းဖြစ်လာပေသည်။

သောင်းကျန်းသူများကိုနှိမ်နင်းရာတွင် ၎င်းတို့၏နယ်မြေဒေသ၊ သို့မဟုတ် ပတ်ဝန်းကျင်တွင် လေတပ်၏ လေကြောင်းစွမ်းအားသာလွန်မှုကိုထိန်းသိမ်းရာ၌ ကျယ်ပြန့်စွာလေကြောင်းစိုးမိုးနိုင်ရန်အတွက် ဈေးသက်သာသော၊ သို့မဟုတ် အပေါ့စားတိုက်ခိုက်ရေးလေယာဉ်များသည် သေချာပေါက်အသုံးဝင်ထိရောက်မှုရှိမည်ဖြစ်ပါသည်။

ဥပမာအားဖြင့် Super Hornet ကိုယ်ပျောက်တိုက်လေ ယဉ်သည် အီရတ်စစ်ပွဲတွင် အသုံးဝင်ကြောင်း သက်သေပြနိုင်ခဲ့ ပါသည်။ ၎င်းတိုက်လေယာဉ်သည်တိုက်ခိုက်ရေး၊ သို့မဟုတ် ဗုံးကြဲခြင်းဟူသော ပုံမှန်စစ်ဆင်ရေးလုပ်ဆောင်မှုထက်မက လုပ်ဆောင်နိုင်ခဲ့ပါသည်။

၎င်းသည် ဝေဟင်မှစောင့်ကြည့်ထောက် လှမ်းခြင်း၊ ပစ်မှတ်အား ချိန်ရွယ်ခြင်းနှင့်ကွပ်ကဲမှုဌာနချုပ်အား သတင်းအချက်အလက်များပေးပို့ဆက်သွယ်ခြင်းတို့ကို ပြုလုပ်ခဲ့ ပါသည်။

သို့သော် ၎င်းတွင် အဆင့်မြင့်အာရုံခံကိရိယာများ၊ Active Electrically Scanned Array(AESA) ရေဒါ စနစ်များနှင့် တာဝေးအာရုံခံကိရိယာများသည် အဆင့်မြင့်တိုက်ခိုက်ရေးစနစ် တွင် အလွန်အသုံးဝင်ကြောင်း အမှန်ပင်သက်သေပြနိုင်ပါသလား။

Eagle II ကိုယ်ပျောက်တိုက်လေယာဉ်အား F-35 ရေတပ်သုံးကိုယ် ပျောက်တိုက်လေယာဉ်ကဲ့သို့ စွမ်းရည်ဖြစ်လာစေရန်အတွက် အဆင့်မြှင့်တင်ပံ့ပိုးပေးရန်၊ သို့မဟုတ် အပိုဆောင်း စွမ်းရည်များ ထပ်ဖြည့်ပေးရန်မှာ အကျိုးအကြောင်းဆီလျော်ပုံရပါသည်။

ထုတ်လုပ်မှု ကုန်ကျစရိတ်နှင့် ထိန်းသိမ်းမှုကုန်ကျစရိတ်များအတွက် စိုးရိမ်ပူပန်မှုများဖြစ်ပေါ်စေသည့်အပြင် စတုတ္ထမျိုးဆက်ကိုယ် ပျောက်တိုက်လေယာဉ်များအား အဆင့်မြှင့်တင်ခြင်းနှင့် မျိုးဆက် သစ်ကိုယ်ပျောက်တိုက်လေယာဉ်များတည်ဆောက်ခြင်းတို့၏ ကုန်ကျစရိတ်နှိုင်းယှဉ်ချက်ကို အတည်ပြုဆုံးဖြတ်ချက်ချသူများ အား မေးခွန်းထုတ်ဖွယ်ရှိပါသည်။

မည်သို့ပင်ဆိုစေကာမူ ဤကိုယ်ပျောက်တိုက်လေယာဉ်များသည် အသုံးမဝင်ခြင်းတော့မဟုတ်ပေ။ Super Honnet နှင့် Eagle II ကိုယ်ပျောက်တိုက်လေယာဉ်တို့သည် မျိုးဆက်သစ်တိုက်ခိုက်ရေး စွမ်းရည်အတွက် အဆင့်မြင့်ပစ္စည်းကိရိယာများဖြင့် ဒီဇိုင်းပြုထုတ် လုပ်ထားခြင်းဖြစ်ပါသည်။

ငွေထွန်း(မြန်မာပြည်သား) အားလေးစားစွာ ခရက်ဒစ်ပေးပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *