အားသွင်းကြိုးမလိုဘဲ ဖုန်းအားသွင်းနိုင်တော့မည်။

အားသွင်းကြိုးမလိုဘဲ ဖုန်းအားသွင်းနိုင်တော့မည်။

အင်ဖရာရက် (infrared light) နည်းပညာနဲ့ ပေ ၁၀၀ ပါတ်လည်အတွင်း အားသွင်းနိုင်မယ့် နည်းပညာပေါ်ထွက်လာဖို့ ရှိနေပါပြီ။

Sejong တက္ကသိုလ်က ပညာရှင်တွေဟာ ပေ ၁၀၀ ( မီတာ ၃၀ ) အကွာအထိ ပါဝါကို ဖြန့်ဝေပြီး ဖုန်းတွေ ၊တက်ဘလက်တွေကို အားသွင်းနိုင်မဲ့ အင်ဖရာရက် နည်းပညာကို စမ်းသပ်ခဲ့ရာမှာ အောင်မြင်ခဲ့ပါပြီ။

ဓါတ်ခွဲခန်းမှာ စမ်းသပ်ခဲ့ရာမှာတော့ ဒီစနစ်ဟာ 40 mW အထိ ထုတ်လွှင့်နိုင်ခဲ့ပါတယ်။ ဒါဟာ ဖုန်းကို အားဖြည့်ဖို့ လုံလောက်တဲ့ ပမာဏလို့ ဆိုပါတယ်။ ဆက်လက်ပြီး public ဧရိယာတွေမှာ စမ်းသပ်အုံးမှာ ဖြစ်ပါတယ်။

ဖုန်းကို စနစ်ရဲ့ ဝါယာကြိုးအနားမှာ သယ်ဆောင်တာ ဖြစ်ဖြစ်၊ ထားထားတာဖြစ်ဖြစ် ဖုန်းကို အားသွင်းနေစေမှာ ဖြစ်ပါတယ်လို့ တောင်ကိုရီးယားက Sejong တက္ကသိုလ်ရဲ့ ပါမောက္ခ Jinyong Ha က ပြောပါတယ်။

Internet of Things ( I o T ) လို့ ခေါ်တဲ့ အာရုံခံကရိယာတွေရဲ့ အကူအညီနဲ့ လျှပ်စစ်အားကို ဖမ်းယူတာ ဖြစ်ပါတယ်။

ဆက်လက်ပြီး စုံ စနစ်ကိုလဲ စမ်းသပ်နေပါတယ်။ ဒီစနစ်က ပိုဝေးတဲ့နေရာအထိ အားသွင်းနိုင်ဖို့ ဖြစ်ပါတယ်။

ဒါပေမဲ့စိတ်ချလုံခြုံတဲ့ လမ်းကြောင်းလိုပါတယ်။ ဒါကြောင့် လေဆာလမ်းကြောင်းကို သုံးမှာဖြစ်ပါတယ်။

လေဆာလမ်းကြောင်းဆိုတာကတော့ ရိုးရိုးလေဆာစနစ်နဲ့ ဆင်တူပါတယ်။ ဒါပေမဲ့ ထုတ်လွှင့်တာနဲ့ဖမ်းယူတာဆိုပြီး ၂ မျိုး လိုအပ်မှာဖြစ်လို့ စုံစနစ်လို့ခေါ်တာ ဖြစ်ပါတယ်။

ထုတ်လွှင်တဲ့ လေဆာဟာ ဖမ်းယူတဲ့ ဖုန်းထဲက အာရုံခံကရိယာနဲ့ တည့်ပြီဆိုရင် အလင်းကို အခြေခံတဲ့ ပါဝါကို ထုတ်လွှတ်ပေးမှာ ဖြစ်ပါတယ်။

Power Safe mode ခလုပ်ဖွင့်ထားတဲ့အတွက် အန္တရာယ်လဲ မရှိပါဘူး ဆိုပါတယ်။ Erbium-doped fiber amplifier optic က ပါဝါထုတ်လွှတ်မှာဖြစ်ပြီး လှိုင်းအလျားက 1550 nM ရှိပါလိမ့်မယ်။ ဒီလှိုင်းကလဲ လူ့အရေပြားကို အန္တရာယ် မပေးပါဘူးတဲ့။

ထုတ်လွှင့်တဲ့ လေဆာကို ဖုန်းနဲ့တည့်အောင်ထားယုံနဲ့ အားသွင်းပေးမှာ ဖြစ်ပါတယ်။ အသေးစိတ်ကတော့ နည်းပညာဝေါဟာရတွေများလို့ မတင်ပြတော့ပါဘူး။

မကြာခင်မှာတော့ သုံးစွဲနိုင်ဖို့ဖြစ်လာနိုင်ကြောင်း တင်ပြလိုက်ရပါတယ်။

Knight News Team

Leave a Reply

Your email address will not be published.