မြေကြီးကို ၁၂ ကီလိုမီတာ တူးကြည့်တော့ ဘာတွေတွေ့ရမလဲ

မြေကြီးကို ၁၂ ကီလိုမီတာ တူးကြည့်တော့ ဘာတွေတွေ့ရမလဲ

တချို့က ဒါကို ငရဲပြည်တံခါးဝ လို့တင်စားကြပါတယ်။ Kola ဒေသမှာ တူးဖေါ်ခဲ့ကြတဲ့ ဒီတွင်းကြီးအကြောင်း တင်ပြလိုက်ပါတယ်။

ကမ္ဘာကြီးရဲ့ စစ်အေးကာလအတွင်းမှာ လူတွေဟာ ဒီကိစ္စကို စူးစမ်းဖို့ အချိန်ရခဲ့ကြပါတယ်။ လူသားတွေ မြေအောက် အနက်ဘယ်လောက်အထိ လူသားတွေ လေ့လာနိုင်မလဲဆိုပြီးတော့ပါ။

အမေရိကန်နဲ့ ဆိုဗီယက်တို့ဟာ အပြိုင်အဆိုင် တူးဖေါ်မှုတွေ လုပ်ခဲ့ကြပါတယ်။ အမေရိကန်က Mohole project လို့ အမည်ပေးပြီး ပစိဖိတ်ကမ်းခြေမှာ တူးပါတယ်။

ဒါပေမဲ့ သိပ်အနက်ကြီး မရောက်လိုက်ပါဘူး။ ရန်ပုံငွေနည်းပါးလာမှုကြောင့် ၁၉၆၆ ခုနှစ်မှာ ရပ်ဆိုင်းလိုက်ပါတယ်။

ရုရှားကတော့ တူးဖေါ်မှုကို ဆက်လုပ်ခဲ့ပြီး ခုထိ ဘယ်သူမှ မလုပ်နိုင်သေးတဲ့ အနက်အထိ တူးဖေါ်ခဲ့ကြပါတယ်။

အမည်ကတော့ Kola Super deep borehole ဖြစ်ပါတယ်။ ကမ္ဘာ့အနက်ဆုံးတွင်း ဖြစ်ပါတယ်။

သိပ္ပံဆိုင်ရာ စမ်းသပ်မှုတွေကိုတော့ ၁၉၇၀ ခုနှစ်မှာ စတင်ခဲ့ပါတယ်။ နေရာကတော့ ခိုလာ ( Kola ) ကျွန်းဆွယ်အနီးမှာပါ။ ရုရှားနဲ့နော်ဝေးနယ်စပ် ဖြစ်ပါတယ်။

မူလတွင်းကြီးအပြင် ဘေးက ချိတ်ဆက်တဲ့ တွင်းငယ်တွေလည်း ပါပါတယ်။ မူလတွင်းကြီးကို SG-3 လို့ ခေါ်ပါတယ်။

SG-3 ဟာ ၁၉၈၉ ခုနှစ်မှာ အနက်ပေ ၄၀,၂၃၀ အထိ ရောက်ရှိခဲ့ပါတယ်။မိုင်နဲ့ဆို ၇.၆ မိုင်ရှိပါတယ်။ အထူးပြုလုပ်ထားတဲ့ စက်ပစ္စည်းတွေနဲ့ တိုင်းတာခဲ့တာ ဖြစ်ပါတယ်။

အဲဒီအနက်မှာ ကျောက်ဆောင်တွေရှိပြီး ဖိအားက မြင့်ပါတယ်။ ကျောက်စနမူနာတွေကို မြေပေါ်ထုတ်ယူဖို့ မဖြစ်နိုင်ခဲ့ပါဘူး။

SG-3

ကျောက်တွေဟာ ပုံစံပြောင်းပြီး အစိတ်စိတ် အမွှာမွှာ ဖြစ်ကုန်ပါတယ်။ ဒါတွေကိုဘဲလေ့လာကြရပါတယ်။

SG-3 ဟာ ၉ လက်မ ကျယ်ပါတယ်။ မမျော်လင့်တဲ့ တွေ့ရှိမှုအသစ်တွေ တွေ့ခဲ့ကြပါတယ်။ သူတို့ကမီးသင့်ကျောက် ဒါမှမဟုတ် ချော်ရည်ကျောက်တွေကိုတွေ့ဖို့ မျှော်လင့်ခဲ့တာပါ။

ဖိအားနဲ့အပူကြောင့် ဒီလိုကျောက်တွေဘဲ တွေ့ရမှာဖြစ်ပေမဲ့ အလွန်မာတဲ့နှမ်းဖတ်ကျောက်တွေသာ တွေ့ရပါတယ်။

နောက်ထပ်အံ့ဩစရာကတော့ ဟိုက်ဒြိုဂျင်ဓါတ်ငွေ့ အမြောက်အများထွက်လာတာ ဖြစ်ပါတယ်။ ရွှံ့တွေနဲ့ရောပြီးထွက်လာတဲ့ ဟိုက်ဒြိုဂျင်ဓါတ်ငွေ့တွေဟာ ရွှံ့တွေနဲ့ရောပြီး ဆူပွက်နေပါတယ်။

ပိုထူးဆန်းတဲ့အချက်လည်း တွေ့ကြပါသေးတယ်။ သက်ရှိဇီဝ လက္ခဏာတွေကို တွေ့ကြရတာဖြစ်ပါတယ်။ ခုရောက်နေတဲ့အနက်က မြေလွှာဟာ သက်တမ်းအရဆိုရင် နှစ်ပေါင်း သန်း ၂၀၀၀ ( 2 Billion year ) ရှိပါတယ်။

မိုက်ခရိုစကုပ်နဲ့ကြည့်ရတဲ့ အဏုဇီဝ ကျောက်ဖြစ်ရုပ်ကြွင်းတွေဟာ အော်ဂဲနစ်ကွန်ပေါင်းတွေထဲမှာ ပိတ်မိပြီး တည်ရှိနေတာ ဖြစ်ပါတယ်။

ဒါကြောင့် ဒီလောက်နက်တဲ့ဖိအားနဲ့ အပူချိန်အောက်မှာ ကျန်ရှိနေတာဖြစ်ပါလိမ့်မယ်။ ဒီလိုရှေးကြတဲ့ Micriplankton မျိုးစိတ်ပေါင်း ၂၄ ခုလောက် တွေ့ရှိခဲ့ကြပါတယ်။

စီမံကိန်းအတွင်းမှာ ဒါတွေကို မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ အပူချိန် ကြောင့် စီမံကိန်းကို ရပ်တန့်ခဲ့ကြပါတယ်။

ပေ ၁၀,၀၀၀ လောက်မှာ အပူချိန်က အရမ်းကို မြင့်ပါတယ်။ SG-3 မှာ အပူချိန်ဟာ ၃၅၆ ဒီဂရီဖာရင်ဟိုက်အထိရှိပါတယ်။

ကျောက်လွှာကလည်း မာ‌ကြောပြီး ထူထည်းလာပါတယ်။ လွန်သွားနဲ့ မဖေါက်နိုင်တော့ပါဘူး။ ဒါကြောင့် နမူနာတွေကိုဘဲ ရနိုင်သလောက် စုဆောင်းကြပါတယ်။

ခုတော့ အဲဒီနေရာနားမှာ ပြတိုက်လုပ်ပြီး ပြသထားပါတယ်။ တူးဖေါ်မှုကိုတော့ ၁၉၉၄ ခုနှစ်မှာ ရပ်ဆိုင်းခဲ့ကြပါတယ်။စီမံကိန်းကိုတော့ ၁၉၉၅ ခုနှစ်မှာ တရားဝင် ရပ်ဆိုင်းလိုက်ကြပါတယ်။ တွင်းကိုလည်း အပြီးပိတ်ပစ်လိုက်ကြပါတယ်။

ခုတော့ Kola မှာ ဘာမှမရှိတော့ပါဘူး။ ဒါနဲ့ပါတ်သက်လို့ ကောလဟာလတွေ ကြားဖူးကြမယ်ထင်ပါတယ်။

ငရဲပြည်က အသံတွေကြားရလို့ ပိတ်ပစ်လိုက်တယ်ဆိုပြီး မီဒီယာတွေမှာ ဟော့ ဖြစ်ခဲ့ဘူးပါတယ်။

ဖြစ်ရပ်မှန်ကို ကြိုးစားရှာဖွေတင်ပြခဲ့တာမို့ နှစ်သက်ကြလိမ့်မယ်ထင်ပါတယ်။

ကျေးဇူးတင်ပါတယ်။

Knight News Team

Leave a Reply

Your email address will not be published.