အပါချီအကြောင်း သိကောင်းစရာ

အပါချီအကြောင်း သိကောင်းစရာ

Apache ရဟတ်ယာဉ်ကို ၁၉၈၆ ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့ပါတယ်။ ပထမဆုံး စစ်ပွဲဝင်ပြီးကတည်းက သူဟာ ခရီးရှည် အသုံးတော်ခံ ဖြစ်နေဆဲပါ။

သက်တမ်းနဲ့ မလိုက်အောင် သူဟာ အကောင်းဆုံး တိုက်ခိုက်ရေး ရဟတ်ယာဉ်အဖြစ် တည်ရှိနေပါတယ်။

အထူးသဖြင့် တင့်ကားချေမှုန်းရေးအတွက် သူက အကောင်းဆုံပါဘဲ။

သူ့ကို Boeing က ထုတ်လုပ်တာဖြစ်ပြီး တာဘိုဝင်ရိုးနှစ်ချောင်း တပ်ဆင်ထားပါတယ်။ စတင်ထုတ်လုပ်ခဲ့တာကတော့ ၂၉၇၀ ခုနှစ်မှာ ဖြစ်ပါတယ်။

ဒီနေ့အထိ အစီးရေ ၂၄၀၀ ကျော်ထုတ်လုပ်ပြီးပါပြီ။ နှစ်ယောက်စီးဖြစ်ပါတယ်။ နှစ်ဦးစလုံးက လက်နက်တွေကို လွတ်လပ်စွာ ပစ်ခတ်နိုင်ပါတယ်။

GE (General Electric) ထုတ် T-700 Turbo shaft အင်ဂျင်၂ လုံး တပ်ဆင်ထားပါတယ်။ အမေရိက အပြင်ဖက်နိုင်ငံတချို့ကတော့ Rolls-Royce အင်ဂျင်ကိုသုံးတာလဲ ရှိပါတယ်။

စစ်ပွဲအတွင်းမှာ သူဟာ အဖြေကိုပြောင်းလည်းပစ်နိုင်စွမ်းရှိလို့ Game Changer လို့ တင်စားကြပါတယ်။

ယာဉ်မှူးရဲ့ ခေါင်းဆောင်းဟာ လက်နက်ကို ထိန်းချုပ်နိုင်ပါတယ်။ Halmet mounted display လို့ ခေါ်ပါတယ်။ ခေါင်းဆောင်း Halmet ကို လှည့်ယုံနဲ့ လက်နက်တွေရဲ့ ဦးတည်ရာက အလိုအလျောက် လိုက်ပြောင်းပေးပါတယ်။ ဒီစနစ်ဟာ ကမ္ဘာ့ခေတ်အမီဆုံး နည်းပညာတစ်ခုပါ။

တချို့ အပါချီတွေဟာ ၃၁ မိုင်အတွင်းကဆိုရင် ပစ်မှတ် ၂၅၆ ခုအထိ တပြိုင်တည်း ချိန်နိုင်ပါတယ်။ သူ့ရဲ့ လက်နက်တပ်ဆင်နိုင်မှုကလည်းအထင်ကြီးစရာ ဖြစ်ပါတယ်။

အနီးကပ်တိုက်ပွဲအတွက်ဆို ၃၀ မီလီမီတာ M230E1 သေနတ်ကို သုံးပါတယ်။ ဒုံးကျည်ကတော့ AGM-114 တင့်ဖျက်ဒုံးအပြင် အထွေထွေ တိုက်ခိုက်ရေးသုံး Hydra 70 အမျိုးအစား 70 mm ဒုံးတွေ တပ်ဆင်ပေးထားပါတယ်။

အပါချီ ၁၈ စီးမှာ Hellfire ဒုံးကျည် ၂၈၈ စင်းအထိ တပ်ဆင်ခဲ့ဘူးပါတယ်။ ဒါက တင့်ကား၂၈၈ စီးကို ဖျက်ဆီးနိုင်တယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။

မျိုးကွဲအသစ်တွေမှာဆိုရင် Stinger ဒုံတွေတောင် တပ်လို့ရပါတယ်။ အမျိုးအစားကတော့ AIM-9 Sidewinder နဲ့ AIM-122 Sidream တို့ ဖြစ်ပါတယ်။

သူ့ကို တင့်ကားနဲ့ သံချပ်ကာယာဉ်တွေကိုဖျက်ဖို့ အဓိက သုံးကြပါတယ်။ အပါချီတစီးရဲ့ Hellfire ဒုံးကျည်တွေဟာ တင့်ကားတပ်စုတစ်ခုရဲ့ တဝက်လောက်ကို ခြေမှုန်းနိုင်ပါတယ်။

ဒါပေမဲ့ ဒီအပါချီတွေကို တစ်စီးထဲ စစ်မြေပြင်ကို လွှတ်လေ့ မရှိပါဘူး။ အပါချီတပ်စုတစ်ခုမှာ ၈ စီးပါပါတယ်။ ရုရှားတင့်ကားတပ်စုတစ်စုကို ၃၁ စီးလောက် ရှိပါတယ်။ T-80 နဲ့ T-90 တင့်ကားတွေမှာ Hellfire အတွက် အားနည်းချက်တွေ ရှိပါတယ်။

ခုနောက်ပိုင်း အပါချီတွေမှာ Longbow Radar တွေ တပ်လာပါတယ်။ ဒီ Longbow AN/APG-78 ရေဒါဟာ မီလီမီတာလှိုင်းနဲ့ ပစ်ခတ်မှုကိုထိန်းချုပ်နိုင်စွမ်း ရှိပါတယ်။ သူက ပစ်မှတ်ကို ဦးစားပေးအဆင့် သတ်မှတ်နိုင်ပါတယ်။

ဒါကြောင့် အပါချီဟာ ပစ်မှတ်အနီးထိ ချဉ်းကပ်စရာ မလိုပါဘူး။ အဝေးကနေ ပစ်ယုံပါဘဲ။

သဲကန္ဒာရမုန်တိုင်း စစ်ဆင်ရေး အတွင်း Hellfire ကို သုံးခဲ့ပါတယ်။ ၈၀ ရာခိုင်နှုန်းဟာ ပစ်မှတ်ကို တိကျစွာ ထိမှန်ခဲ့ပါတယ်။ အထင်ကြီးစရာ တိကျမှု ဖြစ်ပါတယ်။

အပါချီကို အဆင့်မြှင့်ထားတဲ့ Apache-64E Guardian ဟာဆိုရင် ပုံဖျက်ထားတဲ့ မြေပြင်ပစ်မှတ်ကိုတောင် ရှာဖွေနိုင်ပါတယ်။ သူက ဒရုန်းကိုလည်း ထိန်းနိုင်ပါတယ်။ သူဟာ MQ-1C Grey Eagle ဒရုန်းနဲ့ ပူးတွဲ တိုက်ပွဲဝင်နိုင်ပါတယ်။

မြေပြင်ကင်းထောက်ခြင်းအတွက်အစဉ်ပြေစေပါတယ်။ ဒီလိုပျံသန်းမှုတွေကို အာဖဂန်နစ္စတန်မှာ လုပ်ခဲ့ပါတယ်။ ၆၀ ရာခိုင်နှုန်းသော ပစ်ခတ်မှုတွေဟာ အပါချီနဲ့ ဒရုန်းပူးတွဲ စစ်ဆင်ခဲ့တာ ဖြစ်ပါတယ်။ ဒရုန်းရော အပါချီပါ တစ်စီးမှ မထိခိုက်ခဲ့ပါဘူး။

Grey Eagle ကိုယ်တိုင်လည်း လက်နက်သယ်ဆောင်နိုင်ပြီး မိုင် ၂၅၀၀ လောက် ပျံနိုင်ပါတယ်။

ခုတင်ပြခဲ့တာကတော့ အပါချီ ရဟတ်ယာဉ်အကြောင်း ဖြစ်ပါတယ်။နှစ်သက်ကြမယ်လို့ ထင်ပါတယ်။

Knight News Team

Leave a Reply

Your email address will not be published.