ဒဏ္ဍာရီဆိုးတွေ စုဝေးနေတဲ့ “ငရဲတွင်းပေါက်ကြီး” တစ်ခု

ဒဏ္ဍာရီဆိုးတွေ စုဝေးနေတဲ့ “ငရဲတွင်းပေါက်ကြီး” တစ်ခု

ယီမင်နိုင်ငံကိုတော့ စာဖတ်သူတွေလည်း ကြားဖူးနားဝ ရှိကြမယ် ထင်ပါတယ်။

ဒါဆိုရင်တော့ အဲဒီနိုင်ငံလေးရဲ့ အရှေ့ဘက်စွန်းစွန်းမှာ သဲကန္တာရကြီး တစ်ခုရှိပြီး ဒီသဲကန္တာရကတော့ ဒေသခံတွေကို ခြောက်လှန်လျက်ရှိပါတယ်။

သဲကန္တာရပြင်ထက်ကို အပေါ်စီးကနေ ကြည့်မယ်ဆိုရင်တော့ မျက်လုံးကြီးလိုမျိုး ကြောက်မက်ဖွယ်ကောင်းတဲ့ အနက်ရောင် အမှတ်အသားကြီးတစ်ခု ရှိနေတာကို တွေ့ရပါလိမ့်မယ်။

ဒီအမှတ်အသားကြီးကတော့ သိပ္ပံပညာရှင်တွေက သဘာဝဖြစ်စဉ်တစ်ခုလို့သာ သတ်မှတ််ကြတဲ့ Barhout လို့ခေါ်တဲ့ နက်နဲတဲ့ တွင်းနက်ကြီး တစ်ခုပါပဲ။

ဒီတွင်းနက်ကြီးဟာ အနက်အားဖြင့် ၃၆၇ ပေလောက် နက်ပြီး ဒေသခံတွေကတော့ ဒီအပေါက်ထဲကနေ မကောင်းဆိုးဝါးတွေက ညဘက်ကျရင် ထွက်လာကြတယ်ဆိုတဲ့ ယုံတမ်းစကားတွေနဲ့ “ငရဲတွင်းနက်ကြီး” လို့ အမည်ပေးထားကြပါတယ်။

ဒါပေမဲ့ မကောင်းဆိုးဝါးတွေ ထွက်လာတာကိုတော့ မြင်တွေ့ခဲ့ရခြင်းရှိပုံ မပေါ်ပါဘူး။

အယူသီးတဲ့ ဒီလိုဒေသတွေအတွက်တော့ ရာစုနှစ်များစွာကြာအောင် ဒဏ္ဍာရီဆိုးတွေက Barhout တွင်းကြီးတစ်ဝိုက်မှာ လှည့်ပတ်နေခဲ့ပါတယ်။

လာရောက်လည်ပတ်ခြင်း သို့မဟုတ် စကားပြောဆိုခြင်းတို့ဟာ ကံဆိုးခြင်းတွေကို ယူဆောင်လာကြတယ်လို့ ဆိုကြပြီး ဒေသခံတွေဟာတော့ ဒီတွင်းအနားကို ကပ်ဖို့အတွက် စိတ်ကူးတောင် မယဥ်ရဲကြပါဘူး။

အစ္စလာမ်ဒဏ္ဍာရီတွေက ခြောက်လှန့်နေတဲ့ ဝိညာဉ်အမြောက်အမြားကို ထိန်းချုပ်ထားတဲ့ ထောင်တစ်ခုလို့လည်း ဒီတွင်းကြီးဟာ နာမည်ဆိုးနဲ့ ကျော်ကြားလျက်ရှိနေပါတယ်။

ဒဏ္ဍာရီအရဆိုရင်တော့ အောက်ခြေအထိ ဆင်းနိုင်ခဲ့တဲ့သူကို တွင်းအောက်က ဝိညာဥ်နဲ့ မကောင်းဆိုးဝါးတွေက ဦးခေါင်းကို တောင်းဆိုကြလိမ့်မယ်လို့ ဆိုပါတယ်။

တောရိုင်းတိရိစ္ဆာန်တွေကိုလည်း ဒေသခံတွေက ဖော်ပြခဲ့ကြပါတယ်။ သူတို့ဟာ ထူးဆန်းတဲ့ အသံများ သို့မဟုတ် အောက်မှာ အော်ဟစ်နေတဲ့အရာများကို ဖော်ပြခဲ့ကြပြီး တွင်းထဲ လေထုကလည်း တကယ့်ကို ဆိုးတယ်လို့လည်း ပြောကြပါတယ်။ ဒီထဲကို ဝင်သွားရင်တော့ အသက်ရှူနိုင်မှာမဟုတ်ပါဘူးတဲ့။

ဒါပေမဲ့လည်း ဒီလို သတိပေးချက်တွေအားလုံးကို အံတုရင်ဆိုင်ပြီး Al-Kindi လို့ အမည်သူဟာ မကြာသေးမီက ငရဲတွင်း အောက်ခြေကို ပထမဆုံးဆင်းသက်ခဲ့သူနဲ့ ပြန်တက်လာခဲ့သူအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။

မဆင်းမီက သူဟာ ကြောက်ရွံ့မှုအရိပ်အယောင်ကိုတောင် မခံစားရကြောင်း ပြောကြားခဲ့သလို တွင်းထဲက ထွက်ပေါ်လာချိန်မှာလည်း သူ့ခေါင်းက သူ့ခန္ဓာကိုယ်နဲ့ တွဲလျက်ရှိနေဆဲဆိုတာကို ပြသနိုင်ခဲ့ပါတယ်။

ဒီတွင်းကြီးကို လေ့လာခဲ့တဲ့ ရည်ရွယ်ချက်မှာ တွင်းကို ပထမဆုံး မှတ်တမ်းတင် လေ့လာရန် ဖြစ်သော်လည်း အထူးသဖြင့်တော့ ဒေသခံတွေရဲ့ အယူသီးမှုတွေကို ဖယ်ဖျောက်ပေးချင်တယ်လို့ သူကဆိုပါတယ်။

ဥပမာအားဖြင့် ရေတွင်းအနက်မှ ကြောက်မက်ဖွယ်ကောင်းတဲ့ အနံ့အသက်ဆိုးများ ထွက်ပေါ်လာတယ်ဆိုတဲ့ ကောလဟာလများ ရှိခဲ့ပါတယ်။

Al-Kindi ကတော့ ဒီလို အနံ့အသက်မကောင်းတာဟာ ငှက်တချို့က သေပြီး ကြမ်းပြင်ပေါ် ပြုတ်ကျသွားတော့ ပုပ်ပွသွားတဲ့အခါ အနံ့အသက်ဆိုးတွေရှိနေတာပါလို့ ဆိုပါတယ်။

မြွေတွေကိုတော့ မြင်တွေ့ခဲ့ရတယ်လို့ ဆိုပြီး သူတို့ ဆင်းသွားတာနဲ့ အထက်မှ ပြုတ်ကျလာတဲ့ မီးခိုးလုံးကြီးတစ်ခု ရှိနေပြီး အထဲမှာ အိမ်မြှောင်နဲ့ မြွေလိုမျိုး တိရစ္ဆာန်မျိုးတွေ အနည်းငယ်ရှိတယ်လို့ ဆိုပါတယ်။

တွင်းကြီးရဲ့ထိပ်ပိုင်းက အပွင့်ကြီးဟာ ၉၈ ပေခန့် အနက်ရှိသလို ဂူဟာ သူ့ရဲ့အောက်ခြေမှာ ပေ ၃၈၀ လောက် ကျယ်ဝန်းပြီး အောက်ခြေမှ ထိပ်ပိုင်းအထိ စုစုပေါင်း ၃၆၇ ပေ နက်တဲ့ လှိုဏ်ဂူပေါက်ဟာ ကျောက်လွှာ နှစ်လွှာကို ဖြတ်သန်းသွားတယ်လို့ Al-Kindi က ဆိုထားပါတယ်။

ပေ ၂၀၀ ခန့် အထူရှိတဲ့ အပေါ်ဆုံးအလွှာဂာ စိမ့်ဝင်နိုင်သော အလွှာဖြစ်ပြီး ရေကို တစ်စက္ကန့်စီအထိ စစ်ထုတ်နိုင်ကာ စိမ့်ဝင်မှုနည်းသော အလွှာဖြစ်ပါတယ်။

ဒါကြောင့် ရေဟာ ဂူထဲသို့ စီးဝင်လာချိန်မှာ ပေ ၁၅၀ မြင့်သော ရေတံခွန် လေးခုကိုလည်း ဖန်တီးထားနိုင်ခဲ့ပါတယ်။

နှစ်ထောင်ပေါင်းများစွာကတည်းက ဒီရေဟာ အဆိပ်သင့်တယ်လို့ ဆိုကြပေမဲ့ တကယ်တမ်းမှာတော့ Al-Kindi က သူအဲဒီမှာ ရှိနေတုန်း အနည်းဆုံး တစ်ပုလင်းခန့် သောက်ခဲ့ပြီး အကောင်းတိုင်း ရှိနေခဲ့တယ်လို့ ဆိုပါတယ်။

Al-Kindi က အဆိုပါ တွင်းကြီးဟာ နှစ်သန်းပေါင်းများစွာ သက်တမ်းရှိလိမ့်မယ်လို့ ခန့်မှန်းလိုက်ပြီး တွင်းရဲ့ မူလအစမှာတော့ ဒေသဆိုင်ရာ ဒဏ္ဍာရီများရဲ့ အဆိုအရ ရှေးဘုရင်တစ်ပါးက ဂျိနင်ကို သူ့ရဲ့ဘဏ္ဍာ ဝှက်ထားရာနေရာအဖြစ် “ရေတွင်း” ကို ထွင်းထုခိုင်းစေခဲ့တယ်လို့ သိထားကြတယ်လို့ ဆိုပါတယ်။

ဒီသမိုင်းကြောင်းဟာ အခြားဒေသခံတွေအတွက်တော့ တွင်းဟာ မကောင်းဆိုးဝါး၊ ထိန်းချုပ်မရသော ဂျိန်းများကို သိုလှောင်ထားတဲ့ နေရာကြီးဖြစ်တယ်လို့ ယုံကြည်စေခဲ့ပါတယ်။

Knight News Team

Leave a Reply

Your email address will not be published. Required fields are marked *