ရေသူမတွေ အမှန်တကယ်ရှိခဲ့လား

ရေသူမတွေ အမှန်တကယ်ရှိခဲ့လား

ရေသူမလို့ ထင်မှတ်ရတဲ့ ရုပ်အလောင်း ကို ၁၇၃၆ နှင့် ၁၇၄၁ ခုနှစ် အကြား ပစိဖိတ်သမုဒ္ဒရာထဲမှာ ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

အခုတစ်ခါမှာလည်း လန်ဒန်က သိပ္ပံပညာရှင်များဟာ ရေသူမရဲ့ဇာစ်မြစ်ကို ဖော်ထုတ်ရန်အတွက် နှစ်ပေါင်း ၃၀၀ နီးပါး သက်တမ်းရှိ “ရေသူမရုပ်အလောင်း” ကို စတင်စမ်းသပ်နေပြီဆိုတဲ့ အစီရင်ခံစာတစ်ခုဟာ ဂျပန် ရိုးရာပုံပြင်များထဲက ရေသူမများဟာ အပြင်လောကမှာ တကယ်တည်ရှိကြောင်း လူထုရဲ့ စိတ်ဝင်စားမှုကို လှုံ့ဆော်ပေးခဲ့ပါတယ်။

ရေသူမ ပုံပြင်များနဲ့ ဒဏ္ဍာရီတွေဟာ ဂျပန်နိုင်ငံမှာသာမက ဒေသများစွာရဲ့ ယဉ်ကျေးမှု ဒဏ္ဍာရီများမှာ အခိုင်အမာ အမြစ်တွယ်နေပြီး ကမ္ဘာတစ်ဝှမ်းရှိ အလယ်ခေတ် စာပေနှင့် ခေတ်ပြိုင်စာပေများတွင် တွေ့ရှိနိုင်နိုင်ပါတယ်။

ဒါ့အပြင် ဂျပန်နိုင်ငံကလည်း သဘာဝလွန်ကမ္ဘာနှင့် ဆက်စပ်နေတဲ့ ယုံကြည်ချက်တွေ၊ ဒဏ္ဍာရီများ တည်ရှိရာ နေရာဖြစ်လို့နေတာပါ။

ရေသူမရဲ့ သမိုင်းအစ

ဂျပန်ရိုးရာပုံပြင်များတွင် ningyo ဟုခေါ်သော ပင်လယ်ထဲတွင် နေထိုင်တဲ့ မျောက်နှုတ်သီးရှိ လူ့ငါးသတ္တဝါတစ်ကောင်ရှိပါတယ်။ ဂျပန်ရှေးဟောင်း ယုံကြည်ချက်တစ်ခုကတော့ နင်ဂျိုရဲ့အသားကို စားသုံးခြင်းက မသေနိုင်ဘူး တစ်နည်းအားဖြင့် မသေဆေးလို့ ယူဆကြပါတယ်။

ကျိုတိုမြို့ အရှေ့မြောက်ဘက်ရှိ ဘီဝါရေကန်တွင် ထိုကဲ့သို့သော သတ္တဝါတစ်ကောင်ဟာ မင်းသား Shotoku (574-622) ထံ ပေါ်လာခဲ့ဖူးတယ်လို့ ယုံကြည်ရပြီး ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ မင်းသား Shotoku ကလည်း ဂျပန်နိုင်ငံရဲ့ အထင်ကရ ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။

မင်းသားရဲ့ နိုင်ငံရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ဆန်းသစ်တီထွင်မှုများကြောင့် အလွန်ထင်ရှားပြီး ဂျပန်နိုင်ငံတွင် ဗုဒ္ဓဘာသာ ပြန့်ပွားရေးကို အားပေးတဲ့အနေနဲ့ အလွန် ကြည်ညိုလေးစားခံရသူပါ။

ထိုသတ္တဝါဟာ တစ်ချိန်က တံငါသည်ဖြစ်ခဲ့တယ်လို့ ဆိုကြပြီး ရေပြင်တွင် ငါးဖမ်းရန် ပြစ်မှားခဲ့ဖူးတာကြောင့် တံငါသည် လူတစ်ဦးအဖြစ်မှ ဒဏ်ပေးခံရသော နင်ဂိုအဖြစ် (ရေသူမ) အဖြစ်သို့ ပြောင်းလဲသွားကာ သူ့ရဲ့ရာဇ၀တ်မှုမှ လွတ်မြောက်ရန် မင်းသားအား တောင်းဆိုခဲ့ဖူးတယ်လို့ ဆိုကြပါတယ်။

ရေသူမက လူတွေကို အသက်ရဲ့ မြင့်မြတ်မှုအကြောင်း သတိပေးဖို့ သူ့ရဲ့ ကြောက်စရာကောင်းတဲ့ သွေ့ခြောက်နေတဲ့ ရုပ်အလောင်းကို ပြသဖို့ မင်းသားကို တောင်းဆိုခဲ့ပါတယ်။

ရှင်တိုဘုန်းကြီးများရဲ့ စောင့်ရှောက်မှုနဲ့ Fujinomiya ရှိ Tenshou-Kyousha Shrine မှာလည်း နင်ဂျိုရဲ့ ပုံပန်းသွင်ပြင် ဖော်ပြချက်တွေဟာ အဆိုပါ လူ့ငါးသတ္တဝါနဲ့ ကိုက်ညီနေတာကို တွေ့ရမှာပါ။

သို့သော် ရေသူမများရဲ့ အသွင်အပြင်များ၊ မှတ်တမ်းများဟာ ရိုးရာပုံပြင်တွေမှာတော့ ရှားပါးပြီး ဆွဲဆောင်မှုရှိတဲ့ အလှတရားများထက် သတ္တဝါဆိုးများအဖြစ် စစ်ပွဲ သို့မဟုတ် ကပ်ဘေးရဲ့ နိမိတ် လက္ခဏာများအဖြစ်သာ ဖော်ပြကြပါတယ်။ ပြောရရင်တော့ ရေသူမဟာ မကောင်းတဲ့ နိမိတ်တွေနဲ့ တိရစ္ဆာန်တစ်ကောင်ပေါ့။

လက်ရှိ စမ်းသပ်နေဆဲဖြစ်တဲ့ “ရေသူမရုပ်အလောင်း” ကို ၁၇၃၆ နှင့် ၁၇၄၁ ခုနှစ်ကြားတွင် ဂျပန်နိုင်ငံ Shikoku ကျွန်းအနီး ပစိဖိတ်သမုဒ္ဒရာတွင် ဖမ်းမိခဲ့ပြီး ယခုအခါ Asakuchi မြို့ရှိ ဘုရားကျောင်းတစ်ခုတွင် ထိန်းသိမ်းထားကြောင်း သိရပါတယ်။

ရေသူမကို စစ်ဆေးပြီးနောက်မှာတော့ သုတေသီများက ၎င်းကို Edo ကာလ မှ ဆင်းသက်လာတယ်လို့ ယုံကြည်ခဲ့ကြပါတယ်။

Yokai (ဝိဥာဉ်များ) နှင့် “အသက်ရှိ ကြောက်စရာ သတ္တဝါများကို US ရှိ “freak show” လိုမျိုး ခရီးသွား အစီစဥ်များတွင် ဖျော်ဖြေမှုအဖြစ် ပရိသတ်များအတွက် ပြသနေကြတာဟာလည်း သာမန်သာဖြစ်ပါတယ်။

ရေသူမရဲ့ ဖြစ်တည်မှု

ယနေ့မှာတော့ ဂျပန်နိုင်ငံက ယုံမှတ်နေတဲ့ ရေသူမများရဲ့အသွင်ဟာ မျောက်နှုတ်သီးနှင့် ငါးအမြီးပါသော သေးငယ်တဲ့ ကုတ်ဖဲ့သတ္တဝါလေးများ မဟုတ်တော့ပါ။

အနောက်တိုင်းတွင် လူသိများသော ရေသူမရဲ့ အသွင်အပြင်ဟာ ၂စ ရာစု အစောပိုင်းမှာတော့ ဂျပန်နိုင်ငံသို့ စိမ့်ဝင်သွားပုံပါပဲ။

ပထမ ကမ္ဘာစစ်အစမှာ စစ်အခြေစိုက်စခန်းများမှ အမေရိကန် ယဉ်ကျေးမှုများ ဝင်ရောက်လာတဲဲ့အပြင် Hans Christian Andersen ရဲ့ နာမည်ကျော် “The Little Mermaid” စာအုပ်ကို ပထမဆုံး ဂျပန်ဘာသာပြန် ထုတ်ဝေခဲ့မှုနှင့်လည်း တိုက်ဆိုင်နေနိုင်ပါတယ်။

၁၉၁၇ လောက်ကစလို့ စာရေးဆရာများနဲ့ သရုပ်ဖော်သူများဟာ စာအုပ်တွေမှာ ရသပေးနိုင်ရန် ရည်ရွယ်ချက်အဖြစ်နဲ့ ဒီသတ္တဝါကို စတင်ဖော်ပြခဲ့ပါတယ်။

ဆွဲဆောင်မှုရှိပြီး ကြည်လင်ပြတ်သားသော အမျိုးသမီး ရေသူမလေးအဖြစ် ပုံဆိုးပန်းဆိုး နင်ဂိုအသွင်နေရာမှာ အစားထိုး ဖော်ပြခဲ့ကြတာပါ။

အသစ်စက်စက် အနောက်တိုင်းသား ရေသူမများရဲ့ အသွင်ကို စာပေနှင့် အမြင်အာရုံဆိုင်ရာ ကိုယ်စားပြုမှုများ (အထူးသဖြင့် ကာတွန်းနှင့် မန်ဂါ) ဟာ စွဲမက်ဖွယ်အဖြစ် ပြည်သူလူထုကိုလည်း စူးစမ်းရှာဖွေစိတ်တွေ ပေါက်ဖွားစေခဲ့ကြပါတယ်။

ယခု ရေသူမအသစ်သည် ဂျပန်နိုင်ငံ၏ တောင်ဘက်စွန်းရှိ ကျွန်းများသို့ ခရီးသွားများကို ဆွဲဆောင်နိုင်သည့် ပုံပြင်အသစ်များနှင့်အတူ လူကြိုက်များသော ယဉ်ကျေးမှုတွင် နေရာတစ်ခုရနေပြီဖြစ်သည်။

ယခုလို အနောက်တိုင်း ယဥ်ကျေးမှုက ပေါက်ဖွားလာတဲ့ ရေသူမရဲ့ အသွင်သစ်ကတော့ ဂျပန်နိုင်ငံရဲ့ တောင်ဘက်စွန်းရှိ ကျွန်းများသို့ ခရီးသွားများကို ဆွဲဆောင်နိုင်တဲ့ ယဉ်ကျေးမှုတစ်ခုအဖြစ် နေရာတစ်ခု ရနေပြီဖြစ်ပါတယ်။

အိုကီနာဝါကျွန်းရှိ Moon ကမ်းခြေရှိ ကျောက်ဆောင်တစ်ခုပေါ်က ရယ်မောစွာထိုင်နေတဲ့ ရေသူမ ကြေးရုပ်တုဟာ ဒေသခံတွေအတွက်တော့ အနက်ရှိုင်းဆုံး ပင်လယ်ပြင်အောက်မှ လူများကို ခြိမ်းခြောက်နေတဲ့ မကောင်းခြင်းတရားတွေမှ လူများကို ကယ်တင်ရန်အတွက် ကိုယ်စားပြုတယ်လို့ ဆိုကြပါတယ်။

ဒါကြောင့် ရေသူမ အမှန်တကယ် တည်ရှိခဲ့လားဆိုတာ သက်သေပြဖို့ဆိုတာထက် ဂျပန် ရိုးရာပုံပြင်တွေမှ ရေထဲက ထူးဆန်းတဲ့ အသွင်ပုံစံ (သို့) လူနဲ့တူတဲ့ ငါးသတ္တဝါနဲ့ အနောက်တိုင်း ယဥ်ကျေးမှုက ဆင်းသက်လာတဲ့ ရေသူမရယ်ဆိုပြီး နှစ်ခု ထပ်ကွဲနေသေးတာကြောင့် ရေသူမရဲ့ ပုံစံအစစ်ကိုတောင် လူသားတွေအနေနဲ့ မြင်ဖူးကြမယ် မထင်မိပါဘူး။

Knight News Team

Leave a Reply

Your email address will not be published.