ကမ္ဘာမြေပေါ်က “နိဗ္ဗာန်သို့သွားရာလမ်း”

ကမ္ဘာမြေပေါ်က “နိဗ္ဗာန်သို့သွားရာလမ်း”

သင့်မှာ အသက်ရှင်လျက်နဲ့ကို နိဗ္ဗာန်သို့ သွားရောက်နိုင်မယ့် အခွင့်အရေးရှိနေပါပြီ။

နိဗ္ဗာန်ကို ကမ္ဘာမြေကြီးပေါ်ကနေပဲ လှေကားလမ်းလေးနဲ့ သွားရောက်ကြည့်ရှုနိုင်ပြီး “Stairway to Heaven” လို့ အမည်ပေးထားတဲ့ ဒီဒေသကိုတော့ Haiku Stairs လို့ ခေါ်ကြပါတယ်။

ဒါပေမဲ့ စိတ်ဝင်စားစရာကောင်းပြီး ကြောက်မက်ဖွယ်ရာကောင်းတာကတော့ ဒီလမ်းကြောင်းကို အာဏာပိုင်တွေက တရားဝင် ပိတ်ထားပါတယ်။

သဘောမှာ ဒီခြေလျင်ခရီးကို နိုင်ငံတော်က တားမြစ်ထားတာကြောင့် နိဗ္ဗာန်ကို ရောက်ဖူးချင်သူတွေကတော့ လှေကားထစ်တွေကို တရားမဝင် တက်လှမ်းရတာ ဖြစ်ပါတယ်။

သတိပေးချက်အနေနဲ့ ဒီလမ်းဟာ ခရီးကြမ်းပါ။ ဒါကြောင့် ခရီးကြမ်းကို ကြိုးစားဖြတ်သန်းဖို့ ဆုံးဖြတ်ပါက သင်ဟာ အန္တရာယ်တွေနဲ့ ကြုံတွေ့ရမှာဖြစ်ပါတယ်။

အကြောင်းရင်းကတော့ လမ်းအခြေအနေနဲ့ သွားလာနိုင်မှုတို့ဟာ နေ့စဉ်နှင့်အမျှ နာရီပိုင်းအတွင်းမှာပဲ ပြောင်းလဲနေနိုင်တာကြောင့်ပါ။

နာမည်ကြီး Haiku Stairs တွေဖြစ်တဲ့ “The Stairway to Heaven” (နိဗ္ဗာန်သို့ သွားရာလမ်း) ကို ဖြတ်သန်းတော့မယ်ဆိုရင်တော့ အခုပြောပြပေးသွားမယ့် အချက်အလက်လေးတွေကို သိရှိထားဖို့ လိုအပ်ပါတယ်။

ဟိုင်ကူလှေကားတွေဟာ စုစုပေါင်း ၃,၉၂၂ ထစ် အထိ ရှိပြီး Oahu ရှိ အကောင်းဆုံး ရှုခင်းများကို အလွယ်တကူ မြင်တွေ့နိုင်တဲ့ Ko’olau အကွာအဝေးကိုဖြတ်၍ ခြေလှမ်းပေါင်း ၃,၉၂၂ လှမ်း လှမ်းတက်ရမယ်လို့ ဆိုလိုပါတယ်။

တိမ်တိုက်တွေပေါ်သို့ သင်ဟာ သံမဏိလှေကားထစ်များနဲ့ တက်လှမ်းရမှာဖြစ်တာကြောင့် လူတိုင်းအတွက် အောင်မြင်ကျော်ဖြတ်နိုင်တဲ့ ခရီးလမ်းတစ်ခုတော့ မဟုတ်ပါဘူး။

အရေးကြီးဆုံးကတော့ ဒီခရီးလမ်းဟာ တရားမဝင်ဖြစ်ပြီး သင့်အတွက် အန္တရာယ်ရှိနိုင်တယ်လို့ ခံယူထားရမှာပါ။

ဒါကြောင့် သင်ကသာ စွန့်စားလိုစိတ်ပြင်းထန်သူအဖြစ်နဲ့ ဤခရီးကြမ်းကို စမ်းသပ်ကြည့်ဖို့ ဆုံးဖြတ်ပါက ခရီစဥ် အစအဆုံးကို ဘေးကင်းကင်းနဲ့ သင်ကိုယ်တိုင် စွန့်စားလုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

အောက်ခြေက သတိပေးဆိုင်းဘုတ်ကတော့ ဆီးကြိုနေမှာဖြစ်ပြီး တောင်တက်ခြင်းဟာ အမှန်တကယ်တရားမ၀င်ကြောင်း ဖော်ပြတဲ့အနေနဲ့ အခြားတစ်ဖက်မှာတော့ ရဲတွေက တွေ့ရှိခဲ့မည်ဆိုပါက သင့်အား ပိုင်နက်ကျူးလွန်မှု ဒဏ်ငွေ ဒေါ်လာ ၁၀၀၀ သို့မဟုတ် ကြီးလေးသော ထောင်ဒဏ်ပြစ်ဒဏ်ကို ချမှတ်နိုင်တာ ဖြစ်ပါတယ်။

နိဗ္ဗာန်ကို သွားရာလမ်းက ဘာကြောင့် ဒီလောက်အန္တရာယ်များနေတာလဲ ဆိုရက်တော့ လွန်ခဲ့တဲ့ နှစ်များစွာအတွင်း က လှေကားအချို့ဟာ ယိုယွင်းလာခဲ့ပြီး တောင်ရဲ့တစ်ဖက်ခြမ်းသို့ သိသိသာသာ ရွေ့လျားလာခဲ့ချိန်မှာ အစပြုခဲ့တာပါပဲ။

ပြိုကျလုနီးပါး လှေကားဟောင်းများဟာ မည်သည့်အချိန်မှာ တကယ်ပြိုကျသွားမယ်ဆိုတာကို သင်မသိနိုင်ပါဘူး။

ဒါ့အပြင် ခရီးလမ်းဟာလည်း အလွန် မတ်စောက်လှတဲ့ တောင်ကြောများပေါ်မှာ အခြေပြုထားတာကြောင် လမ်းတစ်လျှောက်မှာလည်း ရွှံ့တွေနဲ့ချောပြီး အောက်ကိုပြုတ်ကျသွားနိုင်ပါတယ်။

ဒါကြောင့် Haiku Stairs ကို ကြိုးစားဖို့ ဆုံးဖြတ်ခဲ့ပြီဆိုရင်တော့ သင့်ရဲ့ ကျွမ်းကျင်မှုအဆင့်၊ ခံနိုင်ရည်နဲ့ ရာသီဥတု အခြေအနေများပေါ် မူတည်ပြီး တောင်တက်ခရီးဟာ ၄-၇ နာရီအတွင်း ကြာမြင့်နိုင်ပါတယ်။

ဒါကြောင့် နိဗ္ဗာန်ကို သွားချင်တယ်ဆိုရင်တော့ သေချာပြင်ဆင်မှုတွေ ပြုလုပ်ရပါလိမ့်မယ်။

ဒိ Haiku Stairs (သို့) နိဗ္ဗာန်သို့ သွားရာလမ်းကတော့ အမေရိကန်နိုင်ငံ၊ Oʻahu, Hawaii ကျွန်းမှာ တည်ရှိပြီး လှေကားများကို ပစိဖိတ်သမုဒ္ဒရာကိုဖြတ်၍ ရွက်လွှင့်နေသော သင်္ဘောများဆီသို့ ရေဒီယိုအချက်ပြမှုများ ပေးပို့ရန်အတွက် ထိပ်တန်းလျှို့ဝှက်အထောက်အကူအဖြစ် အမေရိကန်ရေတပ်မှ ၁၉၄၂ ခုနှစ်မှာ တည်ဆောက်ခဲ့တာပါ။

လှေကားများတွေဟာ ပျက်စီးနေပြီး လူတွေကို ထိခိုက်ဒဏ်ရာရမှုများနဲ့ သေဆုံးစေခဲ့မှုတို့ကြောင့် ၁၉၈၇ ခုနှစ်အထိသာ အများပြည်သူတို့အား ဖွင့်လှစ်ပေးခဲ့ပြီး နောက်ပိုင်းမှာတော့ လုံခြုံမှုမရှိတော့တဲ့အတွက် တရားဝင်ဖြတ်သန်းသွားလာခွင့် မပေးတော့ပါဘူး။

၂၀၁၅ ခုနှစ်မှာလည်း မုန်တိုင်းတစ်ခုက ဟိုင်ကူလှေကားရဲ့ အပိုင်းများစွာကို ပြင်းထန်စွာ ပျက်စီးစေခဲ့ပါတယ်။

မုန်တိုင်းကြောင့် လှေကားထစ်များ ပြုတ်ကျပြီး သစ်ပင်များလဲကျကာ လှေကားများကို ပိတ်ဆို့စေခဲ့တာကြောင့် သစ်ပင်များကို ဖယ်ရှား/ရှင်းလင်းခဲ့သော်လည်း အချို့သောလှေကားများဟာ အန္တရာယ်ရှိပြီး အလွန်ချောင်ကျနေသေးတာကို တွေ့ရပါလိမ့်မယ်။

ဒါဆိုရင် လူတွေက ဘာကြောင့် ဒီလိုအန္တရာယ်များတဲ့ လမ်းခရီးကို နိဗ္ဗာန်သို့သွားရာလမ်းအဖြစ် တင်စားကြလဲဆိုရင်တော့ လမ်းခရီးပြီးဆုံးချိန်၊ လှေကားတွေကို အောင်မြင်စွာ ဖြတ်ကျော်ပြီးချိန်မှာ ရရှိလာတဲ့ စိတ်ခံစားချက်နဲ့ တောင်ထိပ်က ရင်သပ်ရှုမောဖွယ်ရာ ဘေးပတ်ပတ်လည် သဘာဝရှုခင်းတွေကြောင့်လို့သာ ဆိုလိုက်ပါရစေ။

Knight News Team

Leave a Reply

Your email address will not be published. Required fields are marked *