ဓါး ၆ လက်ပါတဲ့ နင်ဂျာဗုံး
၂၀၂၂ ခုနှစ်၊ ဂျူလိုင်လ ၃၁ ရက်နေ့မှာ အယ်ခိုင်ဒါတို့ရဲ့ခေါင်းဆောင် အယ်မန်ဇဝါဟရီဟာ အာဖဂန်နိုင်ငံ ကဘူးလ်မြို့မှာ သုတ်သင်ခံလိုက်ရပါတယ်။ သူဟာ အိုစမာဘင်လာဒင်ရဲ့ အရိုက်အရာကို ဆက်ခံသူပါ။
သူ့ကို မှန်ကန်တိကျတဲ့ စနစ်တစ်ခုနဲ့ လုပ်ကြံခဲ့တာပါ။ သူဟာ သူ့ရဲ့လေသာဆောင်မှာရပ်နေခဲ့ပါတယ်။ အဲဒီအချိန်မှာဘဲသူဟာ လုပ်ကြံခံရပြီး ဘေးနားက အခြားသူတစ်ယောက်မှ မထိခိုက်ခဲ့ပါဘူး။ အဆောက်အဦကိုလည်း မထိခိုက်ပါဘူး။
တကယ်တော့ သူ့ကို ဒုံးကျည်နဲ့ပစ်ခတ်သုတ်သင်ရှင်းလင်းလိုက်တာ ဖြစ်ပါတယ်။ ဒရုန်းကနေ ဒုံကျည် နှစ်ခုနဲ့ ပစ်ခတ်ခဲ့တာပါ။
အခုတင်ပြခြင်တာက ဘယ်လိုဒုံးကျည်မို့လို့ ဒီလောက်တိကျသေချာနေသလဲဆိုတာပါ။
ဒီဒုံးကျည်ဟာ တကယ်ပဟေဠိဆန်တဲ့ လျှို့ဝှက်ဒုံးကျည်တစ်မျိုးဖြစ်ပါတယ်။ သူ့ကို R9-X Hellfire ဒုံးကျည်လို့သိကြပါတယ်။
ဒီဒုံးကျည်ဟာ ဓါးပါတဲ့ ဒုံးကျည်အမျိုးအစားပါ။ ပေါက်ကွဲစေတတ်တဲ့ ယမ်းထိပ်ဖူး မပါပါဘူး။ အဲဒီအစား သူက ဓါးသွားတွေကို သုံးပါတယ်။ သူ့ကို တန်ဖိုးကြီးတဲ့ ရန်သူတွေကို သုတ်သင်ရာမှာဘဲ သုံးလေ့ရှိပါတယ်။ သူကလဲ ခွဲစိတ်ဆရာဝန်လို အစွမ်းရှိပါတယ်။
အယ်မန်ဇဝါဟရီဟာလည်း ခွဲစိတ်ဆရာဝန်တစ်ဦးဖြစ်ပါတယ်။ သူ့ကို ဒီလိုဒုံးနဲ့ သုတ်သင်ရှင်းလင်းခဲ့တာကလည်း ကျနော်တို့အယူအရဆို ဝဋ်လည်တာပါဘဲ။
ဒီဒုံးကျည်တွေကို လစ်ဗျားမှာလည်းသုံးခဲ့ပါတယ်။ အာဖဂန်နဲ့ ယီမင်မှာလည်း သုံးခဲ့ပါတယ်။ အများစုကတော့ ကားပေါ်က သားကောင်တွေကို သုတ်သင်ရာမှာ သုံးတာ ဖြစ်ပါတယ်။
သူ့အမည်အပြည့်အစုံက Hellfire AGM-114R-9X ဖြစ်ပါတယ်။ ဝေဟင်မှမြေပြင်ပစ် အမျိုးအစားပါ။
ဓါးသွားတွေက ၁၈ လက်မရှည်ပါတယ်။ သူတို့က ဒုံးပစ်လွှတ်ပြီးလမ်းတစ်ဝက်လော်ကျမှ ဆန့်ထွက်လာတာပါ။ ပစ်မှတ်ကိုထိမှန်တဲ့အခါ သူတို့က လည်ပါတ်နေတဲ့အရှိန်နဲ့ အပိုင်းပိုင်းဖြစ်အောင် ခုတ်ထစ်ပစ်လိုက်ပါတယ်။
ဒုံးကျည်ဟာ အခြား Hellfire တွေလိုဘဲ ၁၀၈ ပေါင် လေးပါတယ်။ မတူတာကတော့ အခြားဒုံးတွေက ပေါက်ကွဲနိုင်တဲ့ ထိပ်ဖူးပါပါတယ်။
သူကတော့ ခုတ်ထစ်ပစ်တာမျိုးပါ။ ဓါးနဲ့ သတ်တာကြောင့် နင်ဂျာဗုံးလို့ တင်စားကြပါတယ်။
သူဟာပစ်မှတ်ကိုသာထိမှန်စေပြီးအနားက တခြားအရာတွေကို မထိခိုက်အောင် လုပ်ထားပါတယ်။
သူ့အရှည်က ၆ ပေရှိပါတယ်။ ၃ ပေပါတ်လည်အတွင်းက ပစ်မှတ်ကိုဘဲ ထိမှန် စေပါတယ်။ ဒီဒုံးကျည်ကို သမ္မတ အိုဘားမား လက်ထက်မှာ တီထွင်ထုပ်လုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
အရပ်သားပြည်သူတွေ မထိခိုက်မိစေဖို့ စနစ်တကျ ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။၂၀၁၉ ခုနှစ်မှာ ဒုံးရဲ့ တိကျမှုကိုသက်သေပြနိုင်ခဲ့ပါတယ်။ ဒီထက်စောပြီးသုံးခဲ့တာတွေ ရှိနိုင်ပါတယ်။
၂၀၁၇ ခုနှစ်၊ ဖေဖေါ်ဝါရီတုန်းက အဘူခေယာ အယ်မာဆရီကို ဆီးရီးယားမှာ သုတ်သင်ခဲ့ပါတယ်။ သူက အယ်မန်ဇဝါဟရီရဲ့ လက်ထောက်တစ်ဦးပါ။ ကားပေါ်မှာပဲ အသဝာ်ခံရတာ ဖြစ်ပါတယ်။ R-9X ဒုံးကျည်ဟာ သူ့ကားကို အပိုင်းပိုင်း ဖြတ်တောက်နိုင်ခဲ့ပါတယ်။
၂၀၁၉ ခုနှစ်၊ဇန္နဝါရီလ ၁ ရက်နေ့မှာ ဂျမားအယ် ဘာဒါဝီ ဆိုသူဟာ ယီမင်နိုင်ငံမှာ ဒီဒုံးနဲ့ပဲ လုပ်ကြံခံခဲ့ရပါတယ်။ သူကလည်း အယ်ခိုင်ဒါ အဖွဲ့မှာ အဆင့်မြင့် အရာရှိတစ်ဦးပါဘဲ။
၂၀၀၀ ခုနှစ်တုန်းက ယူအက်ရဲ့စစ်သင်္ဘော Cole ကို အသေခံဗုံးခွဲတိုက်ခိုက်မှုမှာ သူကကြိုးကိုင်သူဆရာကြီးပါ။
နောက်ထပ်မှတ်သားမိစရာ သားကောင်ကတော့ ဆေယက်ဖ် အယ်တွန်ဆီ ဖြစ်ပါတယ်။ သူဟာ တူနီးရှားနိုင်ငံက ဂျီဟတ်ဝါဒီတစ်ဦးဖြစ်ပြီး ၂၀၂၀ ခုနှစ်မှာ သုတ်သင်ရှင်းလင်းခံခဲ့ရပါတယ်။
R-9X ကို အမေရိကန်တပ်ဖွဲ့ အတော်များများမှာ သုံးကြပါတယ်။ အယ်မန်ဇဝါဟရီကိုတော့ CIA က တိုက်ရိုက် ကိုင်တွယ်ခဲ့တာ ဖြစ်ပါတယ်။
R-9X ရဲ့ မူလဝယ်ယူ သုံးစွဲသူကတော့ USSOCOM လို့ ခေါ်တဲ့ ရေတပ်အထူးစစ်ဆင်ရေးဌာနချုပ်က ဖြစ်ပါတယ်။ ဒီဌာနဟာ အထူးလျှို့ဝှက်စစ်ဆင်ရေးတွေကို ကိုင်တွယ်ပါတယ်။ R-9X တွေရဲ့ နောက်ကွယ်က ပဲ့ကိုင်ရှင်ဆိုလည်း
မမှားပါဘူး။
ထူခြားချက်က R-9X ကို အမြဲလိုလို ဒရုန်းကနေသာ ပစ်လွှတ်ခဲ့တာဖြစ်ပါတယ်။ ဇဝါဟရီကို ပစ်ခတ်စဉ်က ဒရုန်းဟာ RQ-9 Reaper ဖြစ်ပါတယ်။ ယာဉ်က MQ-1 Predator ထက် လေးပေမဲ့ အမျိုးအစားအသစ်ပါ။
အဆင့်မြှင့်ထားလို့ အရင်က မိုင်၁၂၀၀ သာပျံနိုင်ပေမဲ့ အခု မိုင် ၁၆၀၀ ထိပျံနိုင်ပါတယ်။ Hellfire ဒုံကျည် ၄ ခုသယ်ဆောင်နိုင်ပါတယ်။
ဒီ နင်ဂျာဗုံးတွေကတော့ အနာဂတ်မှာ အသုံးတည့်နေအုံးမှာ ဖြစ်ပါတယ်။ယူအက်စ်ဟာလည်း ဒီဒုံးမျိုးပိုင်တဲ့ တစ်ခုတည်းသော နိုင်ငံဖြစ်မယ်လို့ ယူဆစရာပါ။
ခေတ်က ပြောင်းလဲနေတာမို့ တခြားနိုင်ငံတွေကလည်း သူတို့ကိုယ်ပိုင် ဒီဒုံးမျိုးတွေ ထုတ်လုပ်ဖို့ကြိုးစားနေကြမှာပါ။
ဒါကတော့စောင့်ကြည့်ရမဲ့ အရာပဲဖြစ်ပါတယ်လို့ တင်ပြရင်း အဆုံးသတ်ပါရစေလို့။
Knight News Team