အာကာသယာဉ်မှူးတွေ မကွယ်လွန်ခင် ဘာတွေ ဝန်ခံပြောကြားခဲ့ကြပါသလဲ

အာကာသယာဉ်မှူးတွေ မကွယ်လွန်ခင် ဘာတွေ ဝန်ခံပြောကြားခဲ့ကြပါသလဲ

အခု ဒီမေးခွန်းကို အထောက်အထားတွေနဲ့ တင်ပြမှာ ဖြစ်ပါတယ်။ သူတို့ရဲ့ တူညီတဲ့ အဖြေကတော့ ဂြိုလ်သားတွေဟာ စစ်ပွဲတွေ ကမ္ဘာပေါ်မှာ မဖြစ်ပွားအောင် ကာကွယ်နေကြပါတယ်တဲ့။

Edgar Mitchell ကို မှတ်မိပါသလား။ သူဟာ အပိုလို ၁၄ ရဲ့ ယာဉ်မှူးဖြစ်ပြီး ၆ ယောက်မြောက် လပေါ် လမ်းလျောက်ခဲ့သူ ဖြစ်ပါတယ်။ ၁၉၇၁ ခုနှစ်ကပါ။

သူဟာ ကီလိုမီတာ ၄၀ လောက် လပေါ်မှာ ခရီးသွားခဲ့ပြီး လပေါ်က မြေလွှာတွေကို လေ့လာခဲ့သူပါ။ သူအနားယူပြီးတဲ့အချိန်မှာ Institute Of Neotic Science ကို တည်ထောင်ခဲ့ပြီး သမားရိုးကျမဟုတ်တဲ့ အရာဝထ္ထုများ နဲ့ ဂြိုလ်သားများ
(unconventional Science Phenomenon and Aliens)ကို အထူးပြု လေ့လာခဲ့သူ ဖြစ်ပါတယ်။

သူဟာ အမေရိကန်နိုင်ငံ ဖလော်ရီဒါ မှာ အသက် ၈၅ နှစ်နဲ့ ကွယ်လွန်ခဲ့ပါတယ်။

သူ မကွယ်လွန်ခင်မှာ အင်တာဗျူးတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အင်တာဗျူးမှာ ပြောခဲ့တာကတော့ တစ်ကမ္ဘာလုံးက နှုတ်ဆိတ်နေခဲ့ကြတဲ့ ဂြိုလ်သားတွေအကြောင်း ဖြစ်ပါတယ်။

သူ့အဆိုအရ ဂြိုလ်သားတွေဟာ စစ်အေးကာလအတွင်းမှာ ကမ္ဘာကြီးကို စစ်ပွဲမဖြစ်အောင် ကာကွယ်ပေးခဲ့ကြတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် နျူစစ်ပွဲမဖြစ်အောင် ကာကွယ်ခဲ့ကြပါတယ်တဲ့။

အင်္ဂလန် ကြေးမှုံသတင်းစာ (Mirror)ကို သူက ” ဂြိုလ်သားတွေဟာ ကမ္ဘာကြီးကို ငြိမ်းချမ်းစေဖို့ ကာကွယ်ပေးနေကြပါတယ်” လို့ပြောခဲ့ပါတယ်။

Mitchell ရဲ့အပြောအရတော့ ဂြိုလ်သားတွေရဲ့ ယာဉ်တွေကို စစ်စခန်းတွေနားမှာ အမြဲလိုလို တွေ့ရပါတယ်တဲ့။

” ကျနော် စစ်စခန်းတွေက အရာရှိအများစုနဲ့ တွေ့ခဲ့ဘူးပါတယ်။ သူတို့က ဒီဂြိုလ်သားတွေရဲ့ယာဉ်တွေကို စခန်းပေါ်ပျံဝဲနေတာ မကြာမကြာတွေ့ခဲ့တယ်လို့ ပြောကြပါတယ်” တဲ့။

ဒီယာဉ်ပျံတွေ‌ ဖြတ်သန်းပြီးရင် သူတို့ရဲ့ ဒုံးကျည်တွေ အလုပ်မလုပ်တော့တာ တွေ့ကြရတယ် ဆိုပါတယ်။

ပစိဖိတ်ကမ်းရိုးတန်းက အရာရှိတွေကတော့ သူတို့ပစ်လွှတ်ခဲ့တဲ့ ဒုံးကျည်တွေဟာ တချို့က ပန်းကန်ပြားပျံ ( UFO ) တွေရဲ့ ဖျက်ဆီးခြင်းကို ခံရတယ်လို့ ပြောပါတယ်။

ဒါပေမဲ့ ဒီအကြောင်းအရာတွေဟာ ယူအက်စ် အစိုးရရဲ့ ဖုံးကွယ်မှုကြောင့် လူတွေ မသိခဲ့ရတာ ဖြစ်ပါတယ်တဲ့။

Mitchell အဓိက ထောက်ပြပြောဆိုခဲ့တာကတော့ သမ္မတ ထရူးမင်းလက်ထက်က အဖြစ်တွေပါ။ မြောက်အမေရိက လုံခြုံရေးအဖွဲ့ (CIA) ရဲ့ အရာရှိတွေဟာ ဒီ UFO တွေနဲ့ပါတ်သက်လို့ စုံစမ်းတွေ့ရှိမှုတွေကို အစီရင်ခံဖို့ တာဝန်ပေးခံရခဲ့ပါတယ်။

ဂြိုလ်းသားတွေ တကယ်ရှိမရှိဆိုတာကိုပါ တင်ပြကြရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဖြေထုတ်ရမဲ့အစား ဖုံးကွယ်ထားဖို့သာ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒါကို ၁၉၇၄ ခုနှစ်မှာ ဥပဒေရေးဆွဲပြီးအတည်ပြုခဲ့ပါတယ်။

Mitchell ပြောတာကတော့ မထိန်းချုပ်နိုင်မှာကို ကြောက်တာရယ် မြင့်မားတဲ့နည်းပညာတွေ ပြန့်နှံ့သွားမှာ မလိုလားတာရယ်ကြောင့် ခုလို ဖုံးကွယ်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။

ခုတော့ နာဆာ ( NASA) ဟာ လကို တဖန် ပြန်လည် စူးစမ်းဖို့ လုပ်ဆောင်နေပါပြီ။ အပိုလို ခရီးစဉ် ၁၇ ပြီးကတည်းက လကိုသွားတဲ့အစီအစဉ်တွေ ရပ်ဆိုင်းခဲ့တာ ဖြစ်ပါတယ်။

ဒါကလည်း ကျနော်တို့ မမြင်ရတဲ့ လရဲ့တဖက်ခြမ်းမှာ ဂြိုလ်သားတွေရဲ့စခန်းကြီးကို တွေ့ခဲရလို့ ဖြစ်တယ်လို့ ဆိုကြပါတယ်။

စိတ်ချရတဲ့ အထောက်အထားကတော့ အပိုလို ၁၁ အာကာသယာဉ်မှူး Neil Armstrong ရဲ့ ရုပ်သံ အင်တာဗျူးမှာ ပြောကြားမှုတစ်ခုကြောင့်ပါ။

သူက ” သူတို့ ( ဂြိုလ်သား ) ယာဉ်ဟာ ကြောက်စရာကောင်းအောင် ကြီးမားပါတယ်။ ဘယ်လိုနည်းပညာနဲ့ တည်ဆောက်ထားတယ်ဆိုတာ မခန့်မှန်းနိုင်ပါဘူး။ ကျနော်တို့ ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်” တဲ့။

တချို့ကတော့ They come in Peace လို့ ယူဆကြပါတယ်။ ခုထိတော့ Alien ဂြိုလ်သားနဲ့ပါတ်သက်လို့ ထိခိုက်မှု ကြီးကြီးမားမား မတွေ့ကြသေးပါဘူး။

စတီဖင်ဟော့ကင်းကတော့ They will invade one day. တစ်နေ့ သူတို့ကျူးကျော်လာကြလိမ့်မယ်လို့ ပြောကြားထားပါတယ်။

ဘယ်အရာ မှန်ကန်မလဲ ဆိုတာကတော့စောင့်ကြည့်ရမှာ ဖြစ်ပါကြောင်း။

Knight News Team

Leave a Reply

Your email address will not be published. Required fields are marked *