၂၀၅၀ မတိုင်ခင် ဘာတွေဖြစ်လာမလဲ

၂၀၅၀ မတိုင်ခင် ဘာတွေဖြစ်လာမလဲ

ကျနော်တို့ကမ္ဘာဟာ လူသားတွေရဲ့ဖန်တီးတီထွင်မှုတွေ၊ သဘာဝတရားကြီးရဲ့ ပြောင်းလဲမှုတွေနဲ့ အမြဲကြုံတွေ့နေရတာ ဖြစ်ပါတယ်။

ဒီတခါတော့ နောက်နှစ် ၃၀ မတိုင်ခင် ဘာတွေပြောင်းလဲနိုင်သလဲဆိုတာ ပညာရှင်တွေ ခန့်မှန်းထားတဲ့ အချက်တွေကို တင်ပြလိုက်ပါတယ်။

၁။ လေယာဉ်တွေထက်မြန်တဲ့ ရထားတွေ ပေါ်လာပါလိမ့်မယ်။ တရုပ်မှာ တနာရီ မိုင် ၁,၈၀၀ သွားနိုင်တဲ့ Maglev train ကို ပုံစံထုတ် စမ်းသပ်ခဲ့တာ အောင်မြင်နေပါပြီတဲ့။

Maglev train

ရီမုကွန်ထရိုးနဲ့မောင်းနှင်မယ့် ဒီရထားကို ၂၀၃၀ ခုနှစ်အမှီ ထုတ်လုပ်နိုင်မှာဖြစ်ပါတယ်။

၂။ လေယာဉ်ခရီးသွားခြင်းဟာလဲ အသံထက်မြန်တဲ့ ခရီးစဉ်တွေ ဖြစ်လာပါလိမ့်မယ်။ အရင်ကလဲ ကွန်းကော့လေယာဉ်တွေ ရှိခဲ့ဘူးပေမဲ့ ၂၀၀၃ ခုနှစ်မှာ ရပ်နားခဲ့ပါတယ်။

ခုတစ်ခါ ပြန်လည် ကြိုးစားလာတာကတော့ အမေရိကန်အခြေစိုက် ကုမ္ပဏီတစ်ခုက ဖြစ်ပါတယ်။ Boom Overture အမည်ရ ဒီကုမ္ပဏီဟာ လေ ကြောင်းလိုင်းများနဲ့ စာချုပ်ချုပ်ဆိုခဲ့ပါပြီ။

Boom Overture ကုမ္ပဏီဟာ ၂၀၂၉ ခုနှစ်မှာ အသံထက်မြန်တဲ့လေယာဉ်များကို ထုတ်လုပ်နိုင်ပါလိမ့်မယ်။

Boom Overture

၃။ ကမ္ဘာ့လူဦးရေဟာ သန်း ၁,၀၀၀ နီးပါး ဖြစ်လာပါလိမ့်မယ်။ ကုလရဲ့ခန့်မှန်းချက်အရ ၂၀၅၀ ခုနှစ်မှာ လူဦးရေ ၉.၅ ဘီလီယံအထိ ရောက်ရှိမှာ ဖြစ်ပါတယ်။

၄။ ကမ္ဘာကြီးကပေးပို့ထားတဲ့ သတင်းစကားဟာ လိုရာခရီးဆုံးကိုရောက်ပါလိမ့်မယ်။

ကမ္ဘာကြီးရဲ့ သတင်းစကားတွေကို အသံလွှင့်နေတဲ့ ဂြိုလ်တုဟာ Gliese 581 C အမည်ရတဲ့ ဂြိုလ်ထံ ၂၀၂၉ ခုနှစ်မှာ ရောက်ရှိသွားပါလိမ့်မယ်။

သတင်းစကားကို အခြားဂြိုလ်ကမ္ဘာက သက်ရှိများ ကြားနိုင်ရန်နဲ့ ဆက်သွယ်နိုင်ရန် ရည်ရွယ် လွှတ်တင်ခဲ့တာပါ။

၅။ အမေရိကန်ရဲ့ နိုင်ငံကျော်အဆိုတော်ဖြစ်သလို ကမ္ဘာတလွှား ကျော်ကြားခဲ့တဲ့ အဲဗစ်ပရက်စလေရဲ့ သေဆုံးရတဲ့အကြောင်းရင်းအမှန်ကို သူသေပြီး အနှစ် ၅၀ ပြည့်တဲ့ ၂၀၂၇ ခုနှစ်မှာ ကြေငြာပါလိမ့်မယ်။

၆။ ကွန်ပျူတာတွေဟာ အဆ ၁,၀၀၀ ပိုမိုမြန်ဆန်လာပါလိမ့်မယ်။ ဒီနေ့ကွန်ပျူတာတွေဟာ လွန်ခဲ့တဲ့ ၂၅ နှစ်ကထက် အဆ ၁၀၀၀ ပိုမြန်လာခဲ့သလို ဒီနှုန်းဟာ ဆက်လက်သွားနေမှာ ဖြစ်ပါတယ်။

၇။ နောက်ဆုံးမှာတော့ လူသားတွေဟာ မားစ်ဂြိုလ်ပေါ် ခြေချသွားရောက်နိုင်ဖို့ လုပ်ဆောင်နေပါပြီ။ NASA ကိုယ်တိုင်က ဒါဟာ မကြာခင် ဖြစ်လာတော့မှာပါတဲ့။

၈။ ရုပ်ကြွင်းလောင်စာအစား ဇီဝလောင်စာတွေကို အစားထိုးလာကြပါလိမ့်မယ်။

ခုကတည်းက ဇီဝလောင်စာကို ကျယ်ပြန့်စွာ သုံးနေကြပါပြီ။ ကုမ္ပဏီတွေဟာ ကော်ဖီအကျန်တွေကို လောင်စာအဖြစ် အသုံးပြုဖို့အထိ နည်းလမ်းမျိုးစုံ ကြံဆနေကြပါတယ်။

အီသနောနဲ့ ဘိုင်အိုဒီဇယ်တွေက ဓါတ်ဆီအစား သုံးစွဲတော့မှာပါ။

၉။ ဆော်ဒီအာရေဗျဟာ တစ်ချိန်မှာ ရေနံထုတ်လုပ်တင်ပို့မှု ရပ်ဆိုင်းသွားပါလိမ့်မယ်။ ၂၀၃၀ ခုနှစ်လောက်မှာ ဖြစ်ပါလိမ့်မယ်။

၁၀။ အိုမင်းရင့်ရော်ခြင်းကို ကာကွယ်နိုင်မယ့်နည်းလမ်းတွေ ပေါ်ပေါက်လာမှာဖြစ်ပြီး လူသားတွေဟာ အသက် ၁,၀၀၀ ထိ နေထိုင်ရှင်သန်နိုင်ကြပါလိမ့်မယ်။

လူ့သက်တမ်းဟာ ဆယ်စုနှစ်တစ်ခုကို ၂ နှစ်တိုးလာပါတယ်။( ဥရောပကိုပြောတာနော်) ဒါပေမဲ့ ၂၀၂၃ ခုနှစ်ကစပြီး တစ်နှစ်တိုင်းမှာ လူ့သက်တမ်းတစ်နှစ်ပိုရှည်လာမှာ ဖြစ်ပါတယ်။

၁၁။ AI အသိဉာဏ်တုနည်းပညာ ဖွံ့ဖြိုးမှုနဲ့အတူ လူသားတွေကို AI police တွေက စောင့်ကြည့်ပြီး AI sergion တွေက ခွဲစိတ်ကုသကြပါလိမ့်မယ်။

၁၂။ စက်ရုပ်တွေဟာ ကိုယ်ပိုင်ရပ်တည်လာကြပါလိမ့်မယ်။ Google ဟာ တချို့တဝက်စမ်းသပ် အောင်မြင်နေပါပြီ။ ဂျပန်စက်ရုပ်တွေမှာ ခံစားမှုကို ဖေါ်ပြနိုင်နေပါပြီ။

၁၃။ ယူအက်စ်က လူဖြူတွေဟာ လူမည်းတွေထက် အရေအတွက် နဲပါးသွားဖို့ ရှိပါတယ်။

၁၄။ ကျနော်တို့လူသားတွေဟာ ရေအောက်မြို့ကြီးတွေမှာ နေထိုင်သွားရဖို့ရှိပါတယ်။

၂၀၃၀ ခုနှစ်မှာ ဂျပန်ဟာ ရေအောက်မြို့ ၅,၀၀၀ ‌တည်ဆောက်ပါလိမ့်မယ်။ ဒီပရောဂျက်ကို Shimizu ကော်ပိုရေးရှင်းက အကောင်အထည်ဖေါ်မှာ ဖြစ်ပါတယ်။

မြို့တွေကို Ocean Spiral လို့အမည်ပေးထားပါတယ်။ ကမ်းရိုးတန်းဒေသတွေ ရေကြီးခြင်းကို သက်သာစေပါလိမ့်မယ်။

၁၅။ ကွန်ပျူတာ စကားဝှက်တွေဟာ အသုံးမဝင်ဖြစ်သွားမှာပါ။ ကွန်ပျူတာတွေဟာ လူတွေဖန်တီးမဲ့ စကားဝှက်တွေအစား ရိုးရှင်းတဲ့နည်းလမ်းများနဲ့ အလုပ်လုပ်ကြမယ်လို့ ဆိုပါတယ်။

၁၆။ ဦးဏှောက်အစားထိုးခြင်းတွေ ပြုလုပ်နိုင်ပါလိမ့်မယ်။ ၂၀၄၅ ခုနှစ်လောက်ဆို အစားထိုးဦးဏှောက်တွေကို စတိုးဆိုင်တွေမှာ ဝယ်ယူလို့ရတဲ့အထိ ဖြစ်လာမှာပါ။

ဒါကြောင့် လူတွေမှာ စွမ်းဆောင်ရည် တိုးတက်လာပါလိမ့်မယ်။ ဦးဏှောက်အမှတ်အသားကို လက်ဗွေရာအစား အသုံးပြုကြပါလိမ့်မယ်။

ကဲ အသက်ရှည်အောင်ကြိုးစားနေထိုင်ကြပါစို့လို့။

Knight News Team

Leave a Reply

Your email address will not be published.