ထူးဆန်းသော အသက်စွန့်သူများ

ထူးဆန်းသော အသက်စွန့်သူများ

တောကျွမ်းပေမဲ့ အခန့်မသင့်ရင် မုဆိုးက သားကောင် ဖြစ်သွားတတ်ပါတယ်။ ခုတစ်ခါတော့ ဒီလိုဖြစ်ရပ်လေးတွေရှာဖွေထားပါတယ်။ ရှုစားကြပါအုံး။

၁။ Frenzy Reichelt ဆိုသူဟာ ဩစတြီးယန်းက အထည်ချုပ်လုပ်သူတစ်ဦးဖြစ်သလို လေထီးကို တီထွင်ဖို့ ပထမဆုံး ကြိုးစားခဲ့သူလည်း ဖြစ်ပါတယ်။

သူက ဝတ်ဆင်နိုင်တဲ့ လေထီးကို ပြုလုပ်ဖို့ စိတ်ထက်သန်ပါတယ်။ ခုန်ချတဲ့အခါ အလိုအလျောက်ပွင့်ဖို့ လိုပါတယ်။ သူက လေယာဉ်မှူးတွေ အဖွဲ့သားတွေကို အသက်ကယ်ဖို့ ဖြစ်ပါတယ်။

ဒါကိုသက်သေပြဖို့ သူဟာ ပြင်သစ်နိုင်ငံကရဲ့ အီဖယ်တာဝါပေါ်က ခုန်ချဖို့စီစဉ်ပါတယ်။ လေထီးက မပွင့်ခဲ့ပါဘူး။ ၁၉၄၂ ခုနှစ်၊ဖေဖေါ်ဝါရီလ ၂ ရက်နေ့မှာ ၃၃ နှစ်အရွယ် Reichelt ဟာ သေဆုံးခဲ့ပါတယ်။

၂။ Bandit Misugiro ဟာ အဆိပ်ပြီးတယ်လို့ သူ့ကိုယ်သူ ယူဆထားပါတယ်။ သူက Kabuki သရုပ်ဆောင်တစ်ဦးပါ။

သူ့ကို လူတိုင်းက ချီးကြူးကြပါတယ်။ ၁၉၇၅ ခုနှစ်၊ ဇန္နဝါရီ ၁၆ ရက်နေ့မှာ သူနဲ့သူငယ်ချင်းဖြစ်သူတို့ဟာ စားသောက်ဆိုင်ကို သွားခဲ့ကြပါတယ်။သူက ငါးပူတင်းရဲ့ အသည်းကို မှာပါတယ်။ ဒါက အလွန်ပြင်းတဲ့အဆိပ်ပါ။

Bandit ကတော့ သူခံနိုင်ရည်ရှိတယ်လို့ ထင်နေပါတယ်။ ဒါပေမဲ့ စားပြီးနောက်မှာတော့ အကြောဆွဲသလိုဖြစ်သွားပါတယ်။ ဆေးရုံမှာ ၈ နာရီကြာပြီးနောက် သေဆုံးခဲ့ပါတယ်။

အဲဒီကစပြီး ဂျပန်မှာ ငပူတင်း ဟင်းလျာတစ်မျိုးဖြစ်တဲ့ Fugu Kimo ကို ဥပဒေနဲ့ တားမြစ်လိုက်ပါတယ်။

၃။ Garry Hoy ဆိုသူ ကနေဒီယန်တစ်ယောက်ကတော့ မကွဲနိုင်တဲ့မှန်ကို စမ်းသပ်ခဲ့ပါတယ်။ သူက ရှေ့နေတစ်ယောက်ပါ။ ၁၉၉၃ ခုနှစ်၊ ဂျူလိုင် ၉ ရက်နေ့မှာ သူဟာ ကျောင်းသားတစ်စုနဲ့အတူ ခရီးတစ်ခု ထွက်ခဲ့ပါတယ်။

သူတို့ရောက်နေတဲ့ Toronto-Dominion Centre အဆောက်အဦရဲ့ ပြတင်းပေါက်မှန်တွေဟာ မကွဲနိုင်ဘူးလို့ သူကကြွားလုံးထုတ်ခဲ့ပါတယ်။

ဒါကို သက်သေပြဖို့ သူက ပြတင်းပေါက်ဆီ ခုန်တိုးပြခဲ့ပါတယ်။ မှန်က မကွဲခဲ့ပေမဲ့ ပြတင်းပေါက် ဘောင်က ပြုတ်ထွက်သွားပါတယ်။ သူဟာ ၂၄ ထပ်အမြင့်က ပြုတ်ကျသေဆုံးခဲ့ပါတော့တယ်။

၄။ Jennifer Strange ဆိုသူ အမျိုးသမီးကတော့ ရေသောက်လို့သေဆုံးရသူပါ။ Sacramento ဆိုတဲ့အသံလွှင့်ဌာနက ၂၀၀၇ ခုနှစ်မှာ ပြိုင်ပွဲတစ်ခုကို ကျင်းပခဲ့ပါတယ်။

ပြိုင်ပွဲအမည်က Hold your Wee for a Wii ပါတဲ့။ ပြိုင်ပွဲဝင်တွေဟာ အိမ်သာမသွားဘဲ ရေသောက်ပြိုင်ကြရပါတယ်။

အကြာဆုံး အိမ်သာ မသွားသူကို Nintendo Wii ကို ဆုအဖြစ်ရမှာပါ။ အသက် ၂၉ နှစ်အရွယ် ကလေး ၃ ယောက်အမေဖြစ်သူ Strange ဟာ ရေ တစ်ဂါလန်ခွဲအထိ သောက်ပြခဲ့ပါတယ်။

ဒါပေမဲ့ ဆုမရခဲ့ပါဘူး။ သူမဟာ အိမ်ပြန်ရောက်တာနဲ့ ပြိုလဲကျသွားခဲ့ပါတယ်။ ၆ နာရီအကြာမှာတော့ သူမသေဆုံးသွားပါတယ်။

Hyponatremia ခေါ် ရေအဆိပ်သင့်တာကြောင့် ဖြစ်ပါတယ်။ အသံလွှင့်ဌာနဟာ ဒေါ်လာ ၁၆.၅ သန်း လျော်ကြေးပေးခဲ့ရပါတယ်။

၅။ Chris McCandless ဆိုသူကတော့ မြို့ပြလူနေမှု ဘဝကို စွန့်ခွာပြီး သဘာဝအတိုင်း ရှင်သန်နေထိုင်နိုင်တယ် ဆိုတာကို သက်သေပြဖို့ ကြိုးစားခဲ့သူပါ။

၁၉၉၂ ခုနှစ်မှာ သူဟာ အလာစကာသစ်တောထဲမှာ နေထိုင်ဖို့ ထွက်လာခဲ့ပါတယ်။ သူဟာ မြေပုံမပါသလို ရိက္ခာလည်း မယူခဲ့ပါဘူး။

သူဟာ လမ်းတလျောက်မှာ ရိက္ခာ ဖြည့်သွားဖို့ စီစဉ်ထားပါတယ်။ သူ့မှာ ရိုင်ဖယ်သေနတ်တလက် ပါလာပါတယ်။

အမေရိကရဲ့ ချိုပြားသမင်ကြီးတွေကို ပစ်ခတ်ခဲ့ပါတယ်။ ဒါပေမဲ့ အသားတွေကို မသိုလှောင်တတ်တဲ့အတွက် ပျက်ဆီးကုန်ပါတယ်။

သူက စွန့်စားခန်းတွေကို အသေးစိတ်ရေးမှတ်ခဲ့ပါတယ်။ ၂ လကြာပြီးနောက်မှာတော့ သူဟာပြန်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဒါပေမဲ့ လမ်းပျောက်နေပါတယ်။ တောထဲမှာ အဟာရ ပြတ်ပြီး သေဆုံးခဲ့ပါတယ်။ ဒီတောင်တက်သမားရဲ့အသက်က ၂၄ နှစ်ပါ။ သူ့အလောင်းကို စက်တင်ဘာလမှာ တောင်တက်သမားတွေက တွေ့ရှိခဲ့ပါတယ်။

၆။ R Budd Dwyer ဆိုသူကတော့ သတင်းစာရှင်းပွဲတစ်ခုမှာ ကိုယ့်ကိုကိုယ် သတ်သေပြခဲ့သူပါ။သူဟာ ပင်ဆယ်ဗေးနီးယားပြည်နယ်က ဘဏ္ဍာရေးမှူးတစ်ဦး ဖြစ်ပါတယ်။

သူဟာ လာဘ်စားမှုတစ်ခုအတွက် အရေးယူခံရပါတယ်။ အမှုစစ်နေစဉ်ကာလတလျောက် သူဟာ အပြစ်ကင်းသူတစ်ယောက်လို ပြုမူခဲ့ပါတယ်။

ဒါပေမဲ့ သက်သေထွက်ချက်တွေက သူပြေးမလွတ်အောင် ဖြစ်နေပါတယ်။ ၁၉၈၇ ခုနှစ်၊ ဇန္နဝါရီလ ၂၂ ရက်နေ့မှာ Dwyer ဟာ သတင်းစာရှင်းပွဲတစ်ခု လုပ်ခဲ့ပါတယ်။ ရှည်လျားတဲ့ စာကို သတင်းသမား အယောက် ၂၀ ရှေ့မှာ သူက ဖတ်ပြခဲ့ပါတယ်။

သတင်းသမားတွေက သူဟာနောက်ဆုံးမှာ နှုတ်ထွက်ကြောင်းကြေငြာမယ်လို့ ထင်ခဲ့ကြပါတယ်။ဒါပေမဲ့ Dwyer ဟာ စကားအဆုံးမှာ စာအိတ်ထဲထည့်လာတဲ့ သေနတ်ကို ထုတ်ပြီး ကိုယ့်ကိုကိုယ် ပစ်သတ်လိုက်ပါတော့တယ်။

သူနောက်ဆုံးပြောခဲ့တာက ” ဒါကခင်များတို့အပေါ် သက်ရောက်မှုရှိခဲ့မယ်ဆိုရင် အခန်းထဲက တစ်ယောက်မကျန်ထွက်သွားပေးကြပါ” တဲ့။ သူဟာသေဆုံးချိန်အထိ ဘဏ္ဌာရေးမှူးဖြစ်နေဆဲမို့ မိသားစုဟာ ဒေါ်လာ ၁. ၂၈ သန်းကို လျော်ကြေးအနေနဲ့ ရရှိခဲ့ပါတယ်။

၂၀၁၀ ခုနှစ်မှာတော့ အဓိကသက်သေတွေရဲ့ထွက်ဆိုချက်အရ သူဟာ အမှန်တကယ် အပြစ်ရှိကြောင်း တွေ့ခဲ့ရပါတယ်။

တစ်ခုခုမန့်ခဲ့ကြပါအုံးလို့။

Knight News Team

Leave a Reply

Your email address will not be published.