ကမ္ဘာကြီးကို အန္တရာယ်ပေးမယ့် ရေခဲတောင်
သိပ္ပံပညာရှင်တွေဟာ နောင်နှစ်အနည်းငယ်အတွင်း အရည်ပျော်တော့မဲ့ ဧရာမ ရေခဲတောင်ကြီးရဲ့ အန္တရာယ်ရှိပုံကို အရေးတကြီး တင်ပြလိုက်ပါတယ်။
ဒါကြီးအရည်ပျော်သွားရင် ဖြစ်လာမဲ့အကျိုးဆက်တွေက ကြောက်စရာပါ။
Thwaites Glacier
အန္တာတစ် ရေခဲလွှာချပ်ကြီးသာ လုံးဝ အရည်ပျော်ခဲ့ရင် သမုဒ္ဒရာရေမျက်နှာပြင်ဟာ ၁၆ ပေအထိ မြင့်တက်လာပါလိမ့်မယ်လို့ ပညာရှင်တွေရဲ့ ပြောကြားချက်ကို CNN မှာ ဖေါ်ပြထားပါတယ်။
Thwaites Glacier ရေခဲချပ်ကြီးဟာ နောက်နှစ် ဒါမှမဟုတ် ၂ နှစ်အတွင်း အရည်ပျော်သွားဖို့ ရှိနေပါပြီ။ ဒါက ကမ္ဘာကြီးကို အကြီးအကျယ်ပြောင်းလဲစေမှာ ဖြစ်ပါတယ်။
ကမ္ဘာကြီးပူနွေးလာမှုရဲ့အကျိုးဆက်ကြောင့် ဒီရေခဲလွှာကြီးဟာ နှစ်စကတည်းက အရည်ပျော်စ ပြုလာခဲ့ပါတယ်။
ဒီရေခဲလွှာကြီးဟာ အန္တာတိကမှာတည်ရှိပြီး မူလက အရည်မပျော်နိုင်ဘူး ထင်ရအောင် ထူထဲခိုင်မာလှပါတယ်။
အချိန်တိုအတွင်းမှာဘဲ မိုးလေဝသပညာရှင်တွေဟာ ရေခဲပြင်တွေ ပြောင်းလည်းနေမှုကို လေ့လာခဲ့ကြရာမှာ အခုတော့ ဒီ Thwaites Glacier ရေခဲချပ်ကြီးကိစ္စဟာ နံပါတ်တစ် စဉ်းစားစရာ ဖြစ်လာခဲ့ပါတယ်။
ကမ္ဘာဖျက် ရေခဲတောင်
ဒီရေခဲကျောက်ဆောင်ကြီးဟာ အနောက်အန္တာတိကမှာ တည်ရှိပါတယ်။ ကမ္ဘာ့အကျယ်ဆုံး ရေခဲထုကြီးလည်း ဖြစ်ပါတယ်။
NASA ရဲ့ခန့်မှန်းချက်အရ ဒါကြီးအရည်ပျော်သွားရင် ပင်လယ်ရေမျက်နှာပြင်ဟာ ၁၆ ပေအထိမြင့်လာမှာ ဖြစ်ပါတယ်တဲ့။
၁၉၈၉ ခုနှစ် အလယ်လောက်က ပညာရှင်တွေဟာ အောက်ခံမြေသားခြောက်သွေ့မှုကြောင့် ဒီရေခဲပြင်ကြီး အက်ကွဲနေတာကို သတိပြုမိကြပါတယ်။
ပူနွေးတဲ့ သမုဒ္ဒရာရေစီးကြောင်းကလည်း သူ့အနားက ဖြတ်စီးနေတာမို့ ဒီလို မြန်မြန်ဆန်ဆန် အရည်ပျော်လာရတာဖြစ်တယ်လို့ ဆိုပါတယ်။
ဒီရေခဲပြင်ကြီး မတည်မငြိမ်ဖြစ်လာတာကို CNN သတင်းမှာ ၂၀၂၀ ခုနှစ်က တင်ပြသတိပေးခဲ့ပါတယ်။
၂၀၂၁ ခုနှစ်မှာတော့ Thwaites ရေခဲထုကြီးရဲ့ သမုဒ္ဒရာဖက်ကို ရွေ့လျားမှုဟာ လွန်ခဲ့တဲ့ ၅ နှစ်ကထက် မြန်ဆန်လာတာကို လေ့လာတွေ့ရှိခဲ့ကြပါတယ်။
ရေခဲထုကြီးရဲ့ဧရိယာက ၇၄,၁၃၁ စကွဲယား မိုင် (74,131 square miles) ရှိပါတယ်။ ဖလော်ရီဒါပြည်နယ်ထက် နည်းနည်းကြီးပါတယ်။
သူအရည်ပျော်လို့ ရေပြင်မြင့်တက်ပြီး ကမ္ဘာကြီး ပျက်ဆီးနိုင်လို့ Doomsday Glacier လို့ တင်စားကြပါတယ်။
တွေ့ရှိချက်များ
ပညာရှင်တွေဟာ ရေခဲထုကြီးရဲ့ အောက်ခြေက ပင်လယ်မျက်နှာပြင်ကို နာရီ ၂၀ ကြာ လေ့လာပြီး မြေပုံရေးဆွဲခဲ့ကြပါတယ်။
သူတို့က ရေခဲထုကြီးဟာ ယခင်ခန့်မှန်းထားတာထက် ပိုမိုမြန်ဆန်စွာ ရွေ့လျားနေတာ တွေ့ခဲ့ပါတယ်။ သူက တစ်နှစ်ကို ၁.၃ မိုင်လောက် ပဲ့ထွက်နေခဲ့ပါတယ်။ ဒါကလည်း လွန်ခဲ့တဲ့ ဆယ်စုနှစ်နဲ့နှိုင်းရင် နှစ်ဆ ဖြစ်ပါတယ်။
ပညာရှင်တွေကတော့ ဆက်လက် စောင့်ကြည့်ပြီး လိုအပ်တဲ့သတိပေးချက်တွေ ထုတ်ပြန်နေကြပါပြီ။
ကမ္ဘာ့လူသားတွေကတော့ ကမ္ဘာကြီးပူနွေးအောင် ဆက်လုပ်နေကြအုံးမယ်ဆိုရင်တော့ Doomsday ဆိုတာ မလွဲမသွေ ဖြစ်လာမှာဘဲ ဖြစ်ပါတယ်လို့ တင်ပြလိုက်ရပါတယ်။
Knight News Team