ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ အဲလိဇဘက်ဘုရင်မကြီးရဲ့ ဘဝသမိုင်းကြောင်း

ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ အဲလိဇဘက်ဘုရင်မကြီးရဲ့ ဘဝသမိုင်းကြောင်း

ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ ဘုရင်မကြီး အဲလိဇဘက် (၂) ရဲ့ ကလေးအရွယ်မှ ဗြိတိန်ရဲ့ နန်းသက်အရှည်ဆုံး ဘုရင်အဖြစ် နန်းဆက်ခံသူအထိ သူမရဲ့ စိုးစံမှုနဲ့ စိတ်ဝင်စားဖွယ်ရာ ဘဝသမိုင်းကြောင်းကို ကောက်နှုတ်ဖော်ပြပေးလိုက်ရပါတယ်။

Elizabeth Alexandra Mary Windsor ကိုတော့ လန်ဒန်မြို့၊ ဘာကလေရင်ပြင်ရှိ စံအိမ်မှာ ဧပြီလ ၂၁ ရက်နေ့၊ ၁၉၂၆ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။

သူမဟာ အဲလ်ဘတ်၊ ယော့ခ်မြို့စား၊ ဂျော့ခ်ျ ဘုရင် (၅) ရဲ့ ဒုတိယသားဖြစ်သူ ယော့ခ်မြို့စား Albert နဲ့ Lady Elizabeth Bowes-Lyon တို့ရဲ့ သမီးဦးလေးပါ။

သူမရဲ့ အစောပိုင်းနှစ်များမှာတော့ ထီးနန်းဆက်ခံဖို့ဟာ သူမရဲ့ကံကြမ္မာတစ်ခု မဟုတ်ခဲ့ပါဘူး။

သို့သော်လည်း သူမဟာ ငယ်စဉ်ကတည်းက လူသားချင်း စာနာထောက်ထားမှုနဲ့ တာဝန်သိစိတ်တို့ အပြည့်အဝရှိကြောင်း ပြသနိုင်ခဲ့ပါတယ်။

သူမမှာ ၆ နှစ် ငယ်ရွယ်တဲ့ Magaret Rose လို့ခေါ်တဲ့ ညီမတစ်ယောက်ရှိပြီး သူတို့နှစ်ယောက်လုံးဟာ အိမ်မှာပဲ ပညာသင်ကြားခဲ့ကြသူတွေပါ။

၁၉၃၆ မှာတော့ Edward VIII ဘုရင် နန်းစွန့်ပြီးနောက် Elizabeth ရဲ့ ဖခင်ဟာ George VI ဘုရင် ဖြစ်လာခဲ့ပြီး သူမဟာလည်း အကြီးဆုံး သမီးတစ်ယောက်အနေနဲ့ အမွေဆက်ခံသူဖြစ်လာခဲ့ပါတော့တယ်။

ဒုတိယ ကမ္ဘာစစ်အတွင်းမှာတော့ အဲလိဇဘက်နဲ့ သူမရဲ့ညီမ မာဂရက်တို့ဟာ Windsor သို့ ရွှေ့ပြောင်းခံခဲ့ရပြီး မင်းသမီးဟာ စစ်ပွဲပြီးဆုံးခါနီးမှာပဲ Auxiliary Territorial Service (ATS) သို့ ခေတ္တဝင်ရောက်ခဲ့ပြီး လော်ရီကားမောင်းနှင်ခြင်းနဲ့ ဝန်ဆောင်မှုပေးခြင်း အတတ်ပညာတို့ကို သင်ယူခဲ့ပါတယ်။

၁၉၄၇ ခုနှစ်မှာတော့ သူမဟာ Edinburgh မြို့စား ဖြစ်လာတဲ့ သူမရဲ့ ဝမ်းကွဲတော်စပ်သူ Philip Mountbatten နဲ့ လက်ထပ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူတို့ရဲ့ သားဦး Charles ကို ၁၉၄၈ ခုနှစ်မှာ မွေးဖွားခဲ့ပြီး ၁၉၅၀ ခုနှစ်မှာ သမီးငယ်လေး Anne ကို မွေးဖွားခဲ့ပါတယ်။

၁၉၅၂ ခုနှစ် ဇန်နဝါရီလမှာတော့ Elizabeth နဲ့ ခင်ပွန်းဖြစ်သူ Philip တို့ဟာ မကျန်းမမာဖြစ်နေသော သူမရဲ့ ဖခင်ကိုယ်စား နိုင်ငံရပ်ခြားသို့ ခရီးထွက်ခဲ့ရပြီး ဘုရင်ကြီးကတော့ ရက်ပိုင်းအကြာမှာပဲ နတ်ရွာစံသွားခဲ့ရပါတယ်။

ဒါကြောင့် အဲလိဇဘက် ထီးနန်းဆက်ခံခဲ့ချိန်မှာ အသက် ၂၅ နှစ်အရွယ်ပဲ ရှိပါသေးတယ်။

အဲလိုနဲ့ ၁၉၅၃၊ ဇွန်လမှာတော့ အဲလိဇဘက်ဟာ Westminster Abbey မှာ သရဖူဆက်ခံပွဲကို ကျင်းပခဲ့ရင်း တရားဝင် နန်းတက်ခဲ့ပါတယ်။

အဲလိဇဘက် နန်းတက်ချိန်မှာ ဗြိတိန်ဟာ စစ်ပြီးခေတ် ခြိုးခြံခြွေတာမှုကို ခံနေရဆဲဖြစ်ပြီး အချို့သော ဝေဖန်သုံးသပ်သူများဟာ ဒီနန်းတက်ခြင်းအား Elizabethan ခေတ်သစ်ရဲ့ အရုဏ်ဦးအဖြစ် ဖော်ပြခဲ့ကြပါတယ်။

၁၉၅၇ ခုနှစ်မှာတော့ ဘုရင်မကြီးဟာ နိုင်ငံတော်ရဲ့ ရုပ်မြင်သံကြားမှ ခရစ္စမတ်နေ့ ထုတ်လွှင့်မှုအဖြစ် ကိုယ်ထင်ပြခဲ့ပြီး ပထမဆုံး ရုပ်မြင်သံကြား ထုတ်လွှင့်မှုကို ပြုလုပ်ခဲ့ပါတယ်။

အဲလိဇဘက်ဟာ တိုင်းသူပြည်သားတို့နဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံမှုတွေကြောင့် ဗြိတိသျှ လူ့အဖွဲ့အစည်းနဲ့ ဘုရင်စနစ်အပေါ် သဘောထားများ ပြောင်းလဲစေခဲ့ပြီး “ဘုရင်စနစ်” ဟူသော ဝေါဟာရကို “တော်ဝင်မိသားစု” ဖြင့် တဖြည်းဖြည်း အစားထိုးလာခဲ့သူလည်း ဖြစ်ပါတယ်။

၁၉၆၆ ခုနှစ်မှာတော့ Wembley ကွင်းကိုတက်ရောက်ခဲ့သူ ဘုရင်မကြီးဟာ အနောက်ဂျာမနီကို ၄ -၂ ဖြင့် အနိုင်ရရှိခဲ့တဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ အသင်းကို ဦးဆောင်နိုင်ခဲ့တဲ့ အင်္ဂလန်အသင်းခေါင်းဆောင် ဘော်ဘီမိုး (Bobby Moore) အား Jules Rimet ဆုဖလားကို ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။

၁၉၆၆ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့မှာတော့ ဘုရင်မကြီးဟာ မြေပြိုမှု‌တွေ၊ ဖြစ်ရပ်ဆိုးတွေဖြစ်ခဲ့တဲ့ Welsh ရွာ Aberfan သို့ သွားရောက် လည်ပတ်ခဲ့ပါတယ်။

အဲဒီရွာမှာ လူပေါင်း ၁၄၄ ဦး သေဆုံးခဲ့ပြီး ၁၁၆ ဦးဟာ ကျောက်မီးသွေးအဖျားကြောင့် ဆုံးပါးခဲ့ရတဲ့ ကလေးငယ်တွေရဲ့ ဖြစ်ရပ်ဆိုးဖြစ်တဲ့ မြေပြိုကျပြီး ရှစ်ရက်အကြာ Welsh ရွာ Aberfan သို့ သွားရောက် လည်ပတ်ခဲ့တာပါ။

၁၉၆၉ ခုနှစ်မှာတော့ တော်ဝင်မိသားစုမှတ်တမ်းရုပ်ရှင်ကို ပထမဆုံး ထုတ်လွှင့်ခဲ့ပါတယ်။ ဒီရုပ်ရှင်ဟာ ဘုရင်မကြီးနဲ့ သူမမိသားစုနဲ့ ပုဂ္ဂလိကနှင့် အများသူငှာဘဝတို့မှာ တစ်နှစ်တာကာလအတွင်း ပရိသတ်များအား မကြုံစဖူး အမြင်တွေကို ပေးစွမ်းနိုင်ခဲ့ပါတယ်။

နန်းသက်တစ်လျှောက်လုံးမှာ ဘုရင်မကြီးဟာ သူမရဲ့နံဘေးမှာ corgi ခွေးလေးတွေနဲ့ ဖြတ်သန်းခဲ့ပါတယ်။

တော်ဝင်မိသားစုနဲ့ ဒီခွေးလေးတို့ရဲ့ ဆက်ဆံရေးဟာ ၁၉၃၃ ခုနှစ်က သူ့ရဲ့သမီးများအတွက် Dookie လို့ ခေါ်သော corgi ခွေးမျိုးစိတ်ကို ဂျော့ခ်ျ (၆) မှ ဝယ်ယူလာတဲ့အခါမှ စတင်ခဲ့ပါတယ်။

၁၉၇၇ ခုနှစ်မှာတော့ ဘုရင်မကြီးရဲ့ နန်းသက် ၂၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ငွေရတုသဘင်ကို ကျင်းပခဲ့ပါတယ်။

ဘုရင်မကြီးဟာ Avon အပါအဝင်၊ ခရိုင် ၃၆ ခုသို့ ၁၀ ပတ်ကျော်ကြာ သွားရောက်လည်ပတ်ခဲ့ပြီး ကမ္ဘာအနှံ့ မိုင်ပေါင်း ငါးသောင်းကျော် ခရီးလှည့်လည်ခဲ့ပါတယ်။

သူမရဲ့ ခရစ္စမတ်မိန့်ခွန်းအတွင်း ဘုရင်မကြီးဟာ ၁၉၉၂ ခုနှစ်ကို “အဆိုးရွားဆုံးခုနှစ်” အဖြစ် ဖော်ပြခဲ့ပြီး တစ်နှစ်တာအတွင်း ဝမ်းနည်းပူဆွေးမှုအဖြစ် သားသမီး ၃ ဦးရဲ့ အိမ်ထောင်ရေးပြိုကွဲမှုနှင့် Windsor ရဲတိုက် မီးလောင်မှုဖြစ်ပွားခဲ့မှုတို့ကို ဖော်ပြသွားခဲ့ပါတယ်။

၂၀၀၀ ခုနှစ်မှာတော့ အဲလိဇဘက် (၂) ဘုရင်မဟာ မိခင် Elizabeth Bowes-Lyon ဘုရင်မကြီးရဲ့ နှစ် ၁၀၀ ပြည့် မွေးနေ့ပွဲကို ညီမတော် မင်းသမီး မာဂရက်နဲ့အတူ ကျင်းပပေးခဲ့ပါတယ်။

အဲလိုနဲ့ ၂၀၀၂ ခုနှစ်မှာတော့ သူမရဲ့ မိခင် Elizabeth Bowes-Lyon ဘုရင်မကြီးနဲ့ ညီမတော် မင်းသမီး မာဂရက်တို့ ကွယ်လွန်မှုတို့နဲ့ ဆက်တိုက် ရင်ဆိုင်ခဲ့ရပါတယ်။

အဲလိဇဘက်ဟာ သူမရဲ့နန်းသက် ရွှေရတုပွဲ ကျင်းပစဉ်မှာတော့ လူထု ထောက်ခံမှုဟာ သိသိသာသာ များပြားခဲ့ပြီး ဇွန်လ (၄)ရက်နေ့ ညနေပိုင်းမှာ The Mall သို့ လူပေါင်း တစ်သန်းကျော်ဟာ ချီတက်ပွဲပြုလုပ်ခဲ့ကြပြီး နန်းသက်တစ်လျှောက် အများပြားဆုံး ထောက်ခံသူ အရေအတွက်ကို တွေ့ရှိခဲ့ရပါတယ်။

စက်တင်ဘာလ ၉ ရက်နေ့၊ ၂၀၁၅ ခုနှစ် ၅း၃၀ နာရီမှာတော့ အဲလိဇဘက်(၂)ဘုရင်မကြီးဟာ ၂၃,၂၂၆ ရက်, ၁၆ နာရီနဲ့ ၃၀ မိနစ်ခန့်နန်းစံခဲ့တဲ့ မှတ်တမ်းပို ပိုင်ဆိုင်ခဲ့ပြီး သူမရဲ့ အဘွား ဗစ်တိုးရီးယားဘုရင်မကြီးရဲ့ နန်းစံချိန်ထက် ကျော်လွန်သွားခဲ့ပါတယ်။

ဘုရင်မကြီးဟာ ၂၀၁၆ ခုနှစ်၊ ဇွန်လမှာတော့ အသက် ၉၀ ပြည့်မြောက်ခဲ့ပြီး ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့ သူမရဲ့ အသက် ၉၆ နှစ်အရွယ်မှာပဲ နတ်ရွာစံသွားခဲ့ရပါတယ်။

ဘုရင်မကြီး သက်ရှိထင်ရှား ရှိနေခဲ့ချိန်မှာ သားသမီး ၄ ဦး၊ မြေး ၈ ဦး၊ မြစ် ၁၂ ဦးတို့ဖြင့် အသက်ရှင် ကျန်ရစ်ခဲ့သလို သူမရဲ့ နန်းစံသက်ဖြစ်တဲ့ နှစ်ပေါင်း ၇၀ နဲ့ ၂၁၃ ရက်ဟာလည်း အင်္ဂလန်နိုင်ငံရဲ့ သမိုင်းတစ်လျှောက်မှာ အရှည်ကြာဆုံး ထီးနန်းသက်ဖြစ်ခဲ့ပြီး ကမ္ဘာ့သမိုင်းတစ်လျှောက်မှာတော့ ဒုတိယ အရှည်ကြာဆုံး နန်းသက် ဖြစ်ခဲ့ပါတယ်။

Knight News Team

Leave a Reply

Your email address will not be published. Required fields are marked *