ဂြိုဟ်သားတွေနှင့် အမေရိကန်အစိုးရ လက်တွဲ အလုပ်လုပ်နေကြောင်း ဖွင့်ဟချက်

ဂြိုဟ်သားတွေနှင့် အမေရိကန်အစိုးရ လက်တွဲ အလုပ်လုပ်နေကြောင်း ဖွင့်ဟချက်

အစ္စရေး အာကာသဦးစီးချုပ်ဟောင်း က အင်္ဂါဂြိုလ်ရဲ့ မြေအောက် အခြေစိုက်စခန်းများတွင် ဂြိုလ်သားများနှင့် လူသားများ လက်တွဲ လုပ်ဆောင်နေကြောင်း ပြောကြားခဲ့သည်။

အာကာသဂြိုဟ်သားများသည် အမေရိကန်အစိုးရနှင့်အချိန်အတော်ကြာ အဆက်အသွယ်ရှိပြီး “စကြဝဠာ၏ တည်ရှိ‌နေမှု” ကို နားလည်ရန် လူသားများနှင့် ပူးပေါင်းလုပ်ဆောင်နေသည်။

ဂြိုဟ်သားများနှင့် အမေရိကန်အစိုးရတို့သည် ကမ္ဘာမြေပေါ်ရှိ ၎င်းတို့၏ စမ်းသပ်မှုများနှင့် အင်္ဂါဂြိုဟ်ပေါ်တွင် လျှို့ဝှက် ကိုလိုနီများ တည်‌ထောင်ထားပြီး ၎င်းနှင့်ပတ်သက်၍ တိတ်တိတ်ဆိတ်ဆိတ်နေရန် စာချုပ်ချုပ်ဆိုထားကြောင်း အစ္စရေးအာကာသလုံခြုံရေးအစီအစဉ်၏ အကြီးအကဲဟောင်း အငြိမ်းစားဗိုလ်ချုပ်ကြီး Haim Eshed က ပြောကြားခဲ့သည်။

ဤအချက်အလက်ကို ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့တွင် လူသိရှင်ကြား ထုတ်ပြန်ခဲ့တာ ဖြစ်ပါသည်။

အသက် ၈၇ နှစ်ရှိ ပါမောက္ခလည်းဖြစ်၊အငြိမ်းစားဗိုလ်ချုပ်ကြီးလည်းဖြစ်တဲ့ Haim Eshed သည် အစ္စရေး၏ Yediot Aharonot နေ့စဉ်သတင်းနဲ့ အင်တာဗျူးတွင် ဂြိုလ်သားများနှင့် “Galactic Federation” တည်ထောင်ထားရှိပြီး အတူတကွ လုပ်ဆောင်ခဲ့ကြကြောင်း ပြောကြားခဲ့သည်။

Haim Eshed

ဤကိစ္စကို အမေရိကန်အစိုးရနှင့် အစ္စရေးတို့က နှစ်ပေါင်းများစွာ သိခဲ့ကြသည်ဟု ဆိုသည်။

သို့သော်လည်း ၎င်းတို့သည် အများပြည်သူ အထိတ်တလန့်ဖြစ်မှု အနည်းဆုံးဖြစ်အောင် လျှို့ဝှက်ထားခဲ့ကြပုံရပါသည်။

ပါမောက္ခ Eshed သည် အစ္စရေးနိုင်ငံ၏ အာကာသလုံခြုံရေးအစီအစဉ်၏ ဒါရိုက်တာအဖြစ် ၁၉၈၁ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး နည်းပညာပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် ပံ့ပိုးကူညီမှုများကြောင့် Israel Defense Award ကို သုံးကြိမ်တိုင်တိုင် ရရှိအသိအမှတ်ပြုခံခဲ့ရသည်။

သူ့အရည်အချင်းတွေကို ကြည့်လျင် ဤ ထုတ်ဖေါ်ပြောဆိုချက်ကို ဥပက္ခာ ပြုရန် ခက်ခဲပါသည်။

ဒီအကြောင်းကို အမေရိကန်သမ္မတ Trump သိပြီး ပြင်ပကလူတွေနဲ့လည်း စကားပြောဖူးတယ်လို့ သူက အခိုင်အမာ ပြောပါတယ်။

Galactic Federation မှ
ဂြိုလ်သားများသည် ဂြိုလ်သားများရှိနေခြင်းကို ထုတ်ဖော်‌ပြောဆိုခြင်း မပြုရန် တောင်းဆိုခဲ့သည်ဟု ၎င်းကပြောကြားခဲ့ပါသည်။

၎င်း၏ ပြောကြားချက်သည် လက်နက်ကိုင်တပ်ဖွဲ့များ၏ ဆဋ္ဌမမြောက်ဌာနခွဲအဖြစ် အမေရိကန် အာကာသတပ်ဖွဲ့ (USSF) ကို ထူထောင်ရန် Trump ၏ အစီအစဉ်နှင့်ကိုက်ညီနေပါသည်။

ကာကွယ်ရေးနှင့် ချေမှုန်းရေး၏ အနာဂတ်သည် အာကာသထဲတွင် ရှိနေလိမ့်မည်။ ၂၀၂၀ ခုနှစ် မေလတွင် Trump က “ကျွန်ုပ်တို့သည် အာကာသထဲတွင် ခေါင်းဆောင်ဖြစ်နေပြီ” ဟု ကြေညာခဲ့သည်။

သို့သော်လည်း ပြင်ပကမ္ဘာနှင့် အမေရိကန်အစိုးရ၏ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေး မည်မျှကြာမည်ကို မသေချာပါ။

ဂြိုလ်သားများသည် အာကာသနှင့် အာကာသယာဉ်ကို အပြည့်အ၀ နားမလည်မီတွင် လူသားတို့ တိုးတက်မှုနှင့် နားလည်မှု အတိုင်းအတာတစ်ခုအထိ ရောက်ရှိရန် စောင့်ဆိုင်းရမည်ဟု Eshed က ဆက်လက်ပြောကြားခဲ့သည်။

စကြဝဠာ၏ ဖွဲ့စည်းပုံကို ပိုမိုလေ့လာနိုင်စေရန်အတွက် ၎င်းတို့သည် ကမ္ဘာမြေပေါ်ရှိ သုတေသနပရောဂျက်များနှင့် လေ့လာမှုများတွင် လူသားများနှင့် ပူးပေါင်းဆောင်ရွက်ရန်လည်း သဘောတူညီခဲ့ကြသည်။

ထို့အပြင် အမေရိကန်နှင့် ဂြိုလ်သားများသည် အင်္ဂါဂြိုလ်ပေါ်ရှိ မြေအောက်ကိုလိုနီနယ်တစ်ခုတွင် အတူတကွ အလုပ်လုပ်ကြသည်ဟု ၎င်းက ဆိုသည်။

Haim Eshed ကို အစ္စရေး၏ ဂြိုလ်တုပရိုဂရမ်ကို ဖန်တီးသူအဖြစ် လူသိများသည်။ သူသည် bachelor’s, master’s in performance research, and the aeronautical engineering in the Technion မှ Ph.D.ဘွဲ့ရဖြစ်သည်။

၁၉၈၁ခုနှစ်တွင် ကာကွယ်ရေး ဝန်ကြီးဌာန၏ အစ္စရေး ဂြိုလ်တု အစီအစဉ် အကြီးအကဲ ရာထူးသို့ တိုးမြှင့်ခြင်း ခံခဲ့ရပြီး ဂြိုဟ်တု အလုံး ၂၀ လွှတ်တင်မှုကို ကြီးကြပ်ခဲ့သည်။၂၀၁၁ ခုနှစ်တွင် ကာကွယ်ရေး ဝန်ကြီးဌာနမှ ထွက်ခွာခဲ့သည်။

Eshed သည် သူရေးသားသည့်စာအုပ် “The Universe Beyond the Horizon” တွင် ဂြိုလ်သားများ၊ UFO များနှင့် အခြားမူလရင်းမြစ်သီအိုရီများအကြောင်း ပါရှိသည်။

Men In Black နှင့်ပတ်သက်သော စွဲမက်ဖွယ်အသေးစိတ်အချက်အချို့ကို ထုတ်ဖော်ပြသသည့်အပြင်၊ ဂြိုလ်သားများသည် နျူကလီးယား လက်နက်စမ်းသပ်မှုများအား မည်သို့တားဆီးခဲ့ပုံနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များကို ထည့်သွင်းခဲ့သည်။

ပင်တဂွန်စစ်ဌာနချုပ် ဖိုင်နှစ်ခုတွင် အတ္တလန္တိတ်သမုဒ္ဒရာအထက် ပေ ၃၅၀၀၀ တွင် လျှို့ဝှက်ဆန်းကြယ်သော ငွေရောင်အရာဝတ္ထုတစ်ခု၏ ရုပ်ပုံပါရှိသည့် ဖိုင်တစ်ခုပါဝင်ပါသည်။

လေယာဉ်မှူးတစ်ဦးသည် ၎င်း၏ လက်ကိုင်ဖုန်းကိုအသုံးပြု၍ လေယာဉ်ခန်းအတွင်းမှ ဓာတ်ပုံရိုက်ယူခဲ့ခြင်းဖြစ်သည်။

ယခုကိစ္စကို သင့်တို့‌ရော ဘယ်လိုထင်ပါလဲ။သင်တို့လဲ ထင်မြင်ယူဆချက်ကိုလည်း မန့်ခဲ့ပါဦးနော်။

Knight News Team

Leave a Reply

Your email address will not be published. Required fields are marked *