တေးဆိုငှက် နိုက်တင်ဂေးတို့အကြောင်း

တေးဆိုငှက် နိုက်တင်ဂေးတို့အကြောင်း

ငှက်လေးတွေက တေးဆိုတတ်တဲ့အကြောင်း ပုံပြင်တွေနဲ့ ကာတွန်းတွေထဲမှာ ကျွန်တော်တို့တွေ မြင်တွေ့ကြားသိဖူးကြပါလိမ့်မယ်။

ဒါပေမဲ့ လက်တွေ့ကမ္ဘာမှာလည်း တေးဆိုငှက်လေးတွေ တည်ရှိကြတယ်ဆိုတာကို သင်ယုံပါသလား။

တကယ်တမ်းတော့ နိုက်တင်ဂေးလို့ အမည်တွင်တဲ့ ငှက်လေးတွေဟာ သူတို့ရဲ့ သာယာလှပသော တေးသံလေးတွေကြောင့် လူသိများပါတယ်။

ဒါ့အပြင် ဒီငှက်လေးတွေမှာ ထူးခြားလှတဲ့ အချက်အလက်လေးတွေလည်း ရှိနေပါတယ်။ တွေ့ရှိရန် ခက်ခဲတာကလည်း အဲဲဒီအချက်တွေထဲက တစ်ချက် အပါအဝင်ပေါ့။

နိုက်တင်ဂေးတွေဟာ နေဝင်သွားချိန် ညဖက်အချိန်အခါမှာမှ တေးသံလေးတွေ ထုတ်လုပ်လေ့ရှိကြပါတယ်။

ညလုံးပေါက် တေးဆိုနေတတ်တဲ့ နိုက်တင်ဂေးတွေကတော့ အထီးလေးတွေဖြစ်ကြပြီး တစ်ကိုယ်တည်း ငှက်များလို့ ယူဆနိုင်ပြီး ပျံသန်းလာတဲ့ အမများကို အောက်သို့ ပျံဝဲရန် ကြိုးပမ်းတဲ့အနေနဲ့ အခုလို တေးဆိုကြတာဖြစ်ပါတယ်။

ဝမ်းနည်းစရာကောင်းတာကတော့ နိုက်တင်ဂေးတွေဟာ အင်္ဂလန်နိုင်ငံနဲ့ အာဖရိကတစ်ဝိုက်မှာသာ နေထိုင်တတ်ကြတဲ့ ငှက်တွေဖြစ်ပြီး ဧပြီလ နွေဦးအချိန်အခါမှာဆိုရင်တော့ သူတို့ရဲ့ တေးဆိုခြင်းလုပ်ငန်းစဥ်ကို စတင် လုပ်ဆောင်လေ့ရှိကြပါတယ်။

နိုက်တင်ဂေးငှက်တွေရဲ့ တေးသီချင်းကို ချစ်ခြင်းမေတ္တာ၊ အလှတရားနဲဘ ကဗျာအလင်္ကာအဖြစ် စာပေကျမ်းကန်များမှာ မကြာခဏ ကိုးကားလေ့ရှိကြပြီး ဒီလိုတေးသံကျူးတဲ့ သဘာဝဟာလည်း ချစ်ခြင်းမေတ္တာကို ဖော်ကျူးတာဖြစ်ကြောင်း သုတေသီတွေက ဆိုထားကြပါတယ်။

သီချင်းဆိုနေကြတဲ့ နိုက်တင်ဂေးတွေဟာ သူတို့ရဲ့ကြင်ဖက်ကို ရှာဖွေတဲ့အနေနဲ့ သီဆိုကြတာဖြစ်ပြီး တေးဆိုခြင်းဟာလည်း အမငှက်လေးတွေကို အဖိုငှက်လေးတွေက ဆွဲဆောင်လေ့ရှိတဲ့ နည်းတစ်ခုဖြစ်ကြောင်း ပညာရှင်တွေက မကြာခဏ ရည်ညွှန်းကြပါတယ်။

နောက်ထပ် တေးဆိုရတဲ့ အကြောင်းပြချက်ဟာ သူတို့ရဲ့ အသံကထွက်လာတဲ့ တုန်ခါနှုန်းဟာ သူတို့ကို အန္တရာယ်ပေးလာနိုင်တဲ့ သားကောင်တွေကို အနှောင့်အယှက်ဖြစ်စေကြောင်း ယူဆတဲ့အနေနဲ့ အခုလို တေးသံတွေ ထုတ်လုပ်နေတာဖြစ်တယ်လို့လည်း သိရပါတယ်။

နိုက်တင်ဂေးရဲ့ ထူးခြားချက် နောက်တစ်ခုကတော့ သူတို့ရဲ့ အသိုက်အမြုံ ဖန်တီးမှုပါပဲ။

သူတို့ရဲ့ အသိုက်ဟာ သစ်ပင်တွေပေါ်မှာ တွေ့ရတတ်သလို မြေမျက်နှာပြင်ပေါ်မှာလည်း သူတို့ရဲ့ အသိုက်ကို တည်ဆောက်တတ်ကြပါတယ်။

နိုက်တင်ဂေးတွေဟာ ဥတု အချိန်အခါလိုက် အသိုက်ရွှေ့ပြောင်းတတ်ကြတဲ့ ငှက်လေးတွေဖြစ်ကြပြီး သူတို့တွေဟာ ရာသီ အကူးအပြောင်းမှာ အသိုက်အမြုံရွှေ့ပြောင်းဖို့အတွက် မိုင်ပေါင်း သုံးသိန်းထက်မနည်း ပျံသန်းတတ်ကြသူလေးတွေလည်း ဖြစ်ပါတယ်။

သူတို့ရဲ့ ပုံပန်းသွင်ပြင်ဟာလည်း သာမန်ငှက်တွေနဲ့ ကွဲပြားပြီး နီမြန်းတဲ့ အမြီးပိုင်းနဲ့ ထင်ရှား ဖြူဖွေးနေတဲ့ လည်ချောင်းပိုင်းတို့ကတော့ အများစုမှာ တွေ့ရတတ်ပါတယ်။

ပုံစံကတော့ အရမ်းကြီး အဆန်းတပြားမဟုတ်ပေမဲ့ တေးဆိုနိုင်စွမ်းရှိတာကြောင့် နိုက်တင်ဂေးတို့ဟာ အနုပညာဆန်တဲ့ ငှက်လေးတွေအဖြစ် သတ်မှတ်ခံထားရပါတယ်။

နိုက်တင်ဂေးတို့ရဲ့ အစာကွင်းဆက်ကတော့ အင်းဆက်များပေါ်မှာ များစွာမှီခိုနေပြီး အဓိကအားဖြင့် သူတို့ရဲ့သားကောင်လေးတွေဟာ ပုရွက်ဆိတ်များ၊ ပိုးကောင်လေးများတို့ကို မှီဝဲစားသုံးကြပါတယ်။

ဝမ်းနည်းစရာကောင်းတာကတော့ နိုက်တင်ဂေးတို့ရဲ့ အကောင်အရေအတွက်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ အတွင်း ၉၀ ရာခိုင်နှုန်းခန့် ကျဆင်းလာတာပါပဲ။

ရာသီဥတုပြောင်းလဲမှု အပါအဝင် ထူထပ်တဲ့ သစ်တောအောက်ထပ်ရှိ တောအုပ်များအားလုံးကို ကိုက်စားနေကြတဲ့ သမင်အရေအတွက် တိုးလာတာကြောင့် နိုက်တင်ဂေးတွေရဲ့ အသိုက်အမြုံတွေ ရှားပါးလာခဲ့ပြီး တစ်နှစ်ပြီးတစ်နှစ်မှာ အကောင်ရေ နည်းပါးလာခြင်း ဖြစ်ပါတယ်။

အထက်မှာ ဖော်ပြထားတဲ့ ပြဿနာများအပြင် နိုက်တင်ဂေးတွေဟာ လူ့ရဲ့ ခြိမ်းခြောက်မှုတွေနဲ့လည်း ရင်ဆိုင်ခဲ့ရပါတယ်။

ငှက်ဖမ်းသူတွေက လှောင်အိမ်ငှက် ရောင်းဝယ်ရေးအတွက် နိုက်တင်ဂေး အများအပြားကို ဖမ်းစီးခဲ့ကြပါတယ်။

နိုက်တင်ဂေးရဲ့ တေးသံကို ရေဒီယိုမှာတောင် တကူးတက ထုတ်လွှင့်ခဲ့ရဖူးပါတယ်။ ပထမဆုံး တိုက်ရိုက်ထုတ်လွှင့်ကတော့ ၁၉၂၄ ခုနှစ်၊ မေလ ၁၉ ရက်နေ့ကဖြစ်ပြီး cello ပညာရှင် Beatrice Harrison ရဲ့ ဖျော်ဖြေပွဲက နိုက်တင်ဂေးရဲ့ တေးဆိုခဲ့မှု ဖြစ်ပါတယ်။

လူထုရဲ့ တစ်ခဲနက် အားပေးမှုတွေကြောင့် နောက်နှစ်တွေမှာလည်း တူညီတဲ့ ရက်စွဲတွေမှာ ဖျော်ဖြေပွဲများ ထပ်ခါတလဲလဲ ပြုလုပ်ခဲ့ရာ Beatrice ကလည်း နိုက်တင်ဂေးငှက်တို့နဲ့အတူ ကျော်ကြားလာခဲ့ပြီး ပရိသတ် ပေးစာ ငါးသောင်းကျော် ရရှိခဲ့ပါတယ်။

ဒါကြောင့် နိုက်တင်ဂေးတွေဟာ အံ့ဩစရာကောင်းလောက်ပြီး ကြွယ်ဝတဲ့ သမိုင်းကြောင်း ရာဇဝင်မျိုးတွေကို ပိုင်ဆိုင်ထားကြပြီး မတူညီတဲ့ အသံပေါင်း တစ်ထောင်ကျော်ကို ထုတ်လွှတ်နိုင်တဲ့ ငှက်လေးတွေလည်း ဖြစ်ပါတယ်။

ဒီလို ထုတ်လွှတ်နိုင်တဲ့ အကြောင်းရင်းဟာလည်း အသံဖန်တီးရန် ပြုလုပ်နိုင်သော ဦးနှောက်ရဲ့ အစိတ်အပိုင်းဟာ အခြား ငှက်များထက် နိုက်တင်ဂေးတို့မှာ ပိုမိုကြီးမားနေတာကြောင့် ဖြစ်ပါတယ်။

Knight News Team

Leave a Reply

Your email address will not be published.