ရှင်သန်လွတ်မြောက်ဖို့အတွက် အစုအဝေးနဲ့ နေထိုင်တတ်ကြတဲ့ တိရစ္ဆာန်များ

ရှင်သန်လွတ်မြောက်ဖို့အတွက် အစုအဝေးနဲ့ နေထိုင်တတ်ကြတဲ့ တိရစ္ဆာန်များ

အချို့သော တိရိစ္ဆာန်များဟာ သူတို့ရဲ့ ရှင်သန်ရေးအပေါ် မူတည်ပြီး တစ်ကိုယ်တည်း နေထိုင်ကြပေမဲ့ တချို့ကတော့ အုပ်စုလိုက် ကိန်းဂဏန်းတွေနဲ့ နေထိုင်ရတာကို နှစ်သက်ကြပါတယ်။

ဒါကြောင့် သူတို့ရဲ့ဘဝ ရှင်သန်ရေးအတွက် အုပ်စုလိုက်နေထိုင်တတ်ကြတဲ့ တိရစ္ဆာန်များအကြောင်းကို ဗဟုသုတရဖွယ် တင်ဆက်ပေးလိုက်ရပါတယ်။

(၁) ကျီးကန်း

ကျီးကန်းတွေဟာ အခြားသော ငှက်များထက် ဉာဏ်ရည်ထက်မြက်တယ်လို့ ယူဆနိုင်ရုံသာမက တိရိစ္ဆာန်အားလုံးမှာလည်း အသိဉာဏ်အရှိဆုံးတစ်ကောင် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

အထူးသဖြင့် ဆောင်းရာသီတွင် အကောင်ရေ ၂၀၀ လောက်မှ ထောင်ဂဏန်းအထိ အစုအဝေးကြီးများဖြင့် စုဝေးကြပြီး ကြီးမားတဲ့ ကျီးကန်းအုပ်စုတွေကို အမှိုက်ပုံများ၊ ဈေးဝယ်စင်တာများ သို့မဟုတ် စိုက်ပျိုးရေးလယ်ကွင်းများကဲ့သို့သော ကြီးမားတဲ့ အစားအစာ အရင်းအမြစ်များအနီးမှာ တွေ့ရတတ်ပါတယ်။

(၂) ဆင်

ဆင်အမများဟာ သူတို့ရဲ့ ဘဝတစ်ခုလုံးကို မိသားစုဆယ်စုအထိ နေထိုင်လေ့ရှိကြပြီး။ အဆိုပါအဖွဲ့မှာ မိသားစုမှ ဆင်မ အဖွဲ့ဝင်များသာ ပါဝင်မည်ဖြစ်ပြီး အကြီးဆုံး ဆင်မကြီးက ဦးဆောင်ပါတယ်။ သူမ သေဆုံးတဲ့ အချိန်မှာတော့ သူမရဲ့ အကြီးဆုံးသမီးဟာ ခေါင်းဆောင်အသစ် ဖြစ်လာပါတယ်။

အထီးတွေကတော့ ငယ်ရွယ်စဉ်မှာသာ ထိုအုပ်စုများအတွင်း နေထိုင်ကြပြီး အရွယ်ရောက်လာတာနဲ့ သူတို့တွေဟာ ကိုယ်တိုင် သီးသန့်နေထိုင်ကြပြီး မိတ်လိုက်ချိန်မှသာ အုပ်စုနဲ့ ပြန်ပေါင်းတတ်ကြပါတယ်။

(၃) ဝံပုလွေ

ဝံပုလွေတစ်ကောင်ကို များသောအားဖြင့် အရွယ်ရောက်ပြီး စုံတွဲတစ်တွဲနဲလ အသက် ၄ နှစ်အောက် သူတို့ရဲ့ အမျိုးအနွယ်တွေက ဝန်းရံပေးထားတတ်ကြပါတယ်။

အစာပေါများတဲ့အချိန်များမှာ ဝံပုလွေနှစ်ကောင် သို့မဟုတ် ထို့ထက်ပိုသော ဝံပုလွေများက ခေတ္တအတူတကွ တွဲနေနိုင်ပြီး အူသံကို ဆက်သွယ်ရေးအတွက် အသုံးပြုကြပါတယ်။

အမဲလိုက်ပြီးနောက် အုပ်စုကို ပြန်ခေါ်ခြင်း၊ အချက်ပေးသံ၊ ဘေးအန္တရာယ်တစ်ခုပြီးနောက် အချင်းချင်းရှာရန် စသဖြင့် အကွာအဝေးများစွာမှ တစ်အုပ်စုနဲ့ တစ်အုပ်စု ဆက်သွယ်ပြောဆိုနိုင်ကြပါတယ်။

(၄) ခြင်္သေ့

ထိပ်တန်း သားရဲကြီးများဟာ တစ်အုပ်စုကို အကောင်ရေ ၁၅ ကောင်ခန့် ဂုဏ်ယူဝံ့ကြွားစွာ နေထိုင်လေ့ရှိကြပါတယ်။ ခြင်္သေ့မ အများစုဟာ အုပ်စုလိုက် အမဲလိုက်ခြင်းကို လုပ်ဆောင်ကြပြီး အတူတကွ အမဲလိုက်လေ့ရှိကြပါတယ်။

တစ်ခါတရံ အထီးများကလည်း အမဲလိုက်တတ်ပေမဲ့ တစ်ကိုယ်တည်း လုပ်ဆောင်ကြပါတယ်။

သဘာဝအရတော့ အထီးတွေဟာ အုပ်စုတစ်စုရဲ့ အကာအကွယ်ပေးသူများအဖြစ် လုပ်ဆောင်ပေးကြပြီး အုပ်စုကို ခြိမ်းခြောက်မှုများ သို့မဟုတ် အခြား ခြင်္သေ့များရဲ့ရန်မှ ကာကွယ်ပေးတတ်ကြပါတယ်။

(၅) ပျာ

၀တ်မှုန်ကူးကြတဲ့ ပျားတွေဟာ သူတို့ရဲ့ နယ်နိမိတ်အတွင်း အကောင်ရေ နှစ်သောင်းမှ တစ်သိန်းကြား ရှိနိုင်ပါတယ်။ သူတို့အုံထဲမှာ ကဏ္ဍ သုံးခုရှိပါတယ်။ အလုပ်သမား၊ ဒရုန်းနဲ့ ဘုရင်မတို့ပါ။

အုံတစ်ခုမှာ မိဖုရားတစ်ဆူသာရှိပြီး ဥများအားလုံးကို ဥဥရန် လုပ်ဆောင်ပါတယ်။ ဒရုန်းတွေကတော့ အထီးများဖြစ်ပြီး သူတို့အလုပ်မှာ ဘုရင်မနှင့် လက်တွဲရန်၊ ဝတ်မှုန်ကူးရန် ဖြစ်ပါတယ်။

အုံထဲမှာ ကျန်ရှိနေတဲ့ အခြားထောင်ပေါင်းများစွာသော ပျားတွေကတော့ အလုပ်သမားများဖြစ်ပါတယ်။ အလုပ်သမားတွေဟာ အမများဖြစ်ပေမဲ့ မျိုးပွားခြင်းတော့ မပြုကြပါ။

သူတို့ဟာ သန့်ရှင်းရေး၊ အစောင့်အရှောက်၊ ဖွံ့ဖြိုးဆဲကလေးငယ်များကို အစာကျွေးခြင်း၊ ဝတ်မှုန်စုဆောင်းခြင်း၊ ပျားလပို့တည်ဆောက်ခြင်းတို့ဖြင့် အုံကို ဆက်လက်ထိန်းသိမ်းထားသူများဖြစ်ပါတယ်။

(၆) ခွေးအ

ခွေးအတွေဟာ အမဲလိုက်ခြင်း လုပ်ငန်းစဥ်အတွက် အကောင်ရေ ၈၀ အထိ စုပေါင်းနေထိုင်လေ့ရှိကြသူတွေပါ။

အမဲလိုက်တဲ့အခါ ၂ ကောင် ကနေ ၅ ကောင်၊ ဒါမှမဟုတ် အဲဒီထက်ပိုတဲ့ ရေအတွက်နဲ့ အဖွဲ့တွေခွဲပြီး အမဲလိုက်ခြင်းကို လုပ်ဆောင်လေ့ရှိကြပါတယ်။

မျိုးနွယ်စုတစ်ခုစီက သူတို့ရဲ့နယ်မြေကို အမှတ်အသားပြုထားတတ်ပြီး စားနပ်ရိက္ခာ ရှားပါးခြင်းမရှိပါက ဤနယ်နိမိတ်များကို အခြားမျိုးနွယ်စုများကို ဖြတ်ကျော်ခိုင်းလေ့မရှိပါ။

ဒီမျိုးနွယ်စုတွေဟာ ရှုပ်ထွေးတဲ့ လူမှုဖွဲ့စည်းပုံရှိပြီး ထိပ်ဆုံးမှာတော့ အမတွေက ဦးဆောင်နေကြပြီး အထီးတွေကတော့ အရွယ်ရောက်လာတာနဲ့ ရွှေ့ပြောင်းကြရပါတယ်။

(၈) ဂေါ်ရီလာ

ဂေါ်ရီလာ အဖွဲ့များကို များသောအားဖြင့် အရွယ်ရောက်ပြီးသူ အထီး တစ်ကောင်၊ အရွယ်ရောက်ပြီးသူ အမ အများအပြားနဲ့ သူတို့ရဲ့ အမျိုးအနွယ်များဖြင့် ဖွဲ့စည်းထားပါတယ်။ အုပ်စုထဲက ခေါင်းဆောင်နေရာကိုတော့ အထီးက လုပ်ဆောင်ပါတယ်။

အထီးက သူ့အုပ်စုကို ကာကွယ်ပေးရမည်ဖြစ်ပြီး အကယ်၍ သူသေရမယ်ဆိုပါက အမတွေနဲ့ အခြား လက်အောင်ငယ်များက လူစုခွဲပြီး အဖွဲ့သစ်များကို သွားရောက် ပူးပေါင်းကြပါလိမ့်မယ်။

မဟုတ်ပါက သူတို့ရဲ့ လက်အောက်ငယ်များဟယ ပြိုင်ဘက် အုပ်စညများရဲ့ သတ်ဖြတ်ခြင်းကို ခံရမယ့် အန္တရာယ်ရှိပါတယ်။

ခေါင်းဆောင်ဟာ အဖွဲ့အတွင်းရှိ ဆုံးဖြတ်ချက်များအားလုံးကို ပြုလုပ်ပေးပြီး အမများနဲ့ လူငယ်များကို အကာအကွယ်ပေးရပါတယ်။ အဖွဲ့တွင်း ပဋိပက္ခများကို ပြေလည်အောင်ဆောင်ရွက်ပေးရပါတယ်။

(၉) လင်းပိုင်

ကမ္ဘာပေါ်က ဉာဏ်အကောင်းဆုံး တိရစ္ဆာန်များထဲမှ တစ်မျိုးဖြစ်တဲ့ လင်းပိုင်တွေဟာ လူမှုဆက်ဆံရေးလည်း မြင့်မားကြသူတွေပါ။

အုပ်စုတစ်ခုမှာ ယေဘူယျအားဖြင့် လင်းပိုင် ၂ ကောင် မှ ၃၀ အထိ ပါဝင်ဖွဲ့စည်းထားပါတယ်။ တစ်ခါတစ်ရံမှာ ရာနှင့်ချီသော လင်းပိုင်များရဲ့ မိတ်လိုက်ခြင်း သို့မဟုတ် အမဲလိုက်ခြင်းဆိုင်ရာ အခွင့်အလမ်းများကို ဖန်တီးလေ့ရှိကြပါတယ်။

ဒါကြောင့် လင်းပိုင်တွေဟာ အမဲလိုက်ခြင်းနဲ့ ပိုးပန်းခြင်းကဲ့သို့သော အရာများကို အချင်းချင်း မျှဝေခြင်းဖြင့် လူငယ်များကို ပြုစုစောင့်ရှောက်ရန်၊ ကာကွယ်ရန်တို့အတွက် အဖွဲ့လိုက် နေထိုင်လေ့ရှိကြပြီး အချင်းချင်း ကူညီရိုင်းပင်းကြသူတွေ ဖြစ်ပါတယ်။

(၁၀) သမင်

သမင်အုပ်စုများမှာတော့ အဓိကအားဖြင့် လွှမ်းမိုးကြီးစိုးသော အထီးတစ်ကောင်၊ အမ အများအပြားနဲ့ သူတို့ရဲ့ အမျိုးအနွယ်များ ပါဝင်ပါတယ်။

အထီးဟာ ထိုနယ်မြေက အမများနဲ့ ပေါက်ဖွားခွင့်ရှိပြီး အခြားအထီးများရဲ့ ဘေးမှနေလည်း နယ်မြေကို ကာကွယ်လိမ့်မည်ဖြစ်ပါတယ်။

Knight News Team

Leave a Reply

Your email address will not be published. Required fields are marked *