ထူးဆန်းတဲ့ ပညာသင်ကြားမှု

ထူးဆန်းတဲ့ ပညာသင်ကြားမှု

ဖင်လန်နိုင်ငံက ကျောင်းတွေရဲ့ပညာသင်ကြားပုံဟာ တခြားနိုင်ငံတွေအတွက် ရီစရာဖြစ်ခဲ့ပေမဲ့ အခုတော့ စံနမူနာ ယူစရာ ဖြစ်နေပါပြီ။

ကျောင်းစာသင်ခန်းထဲကို ဝင်ကြည့်မယ်ဆိုရင် ကလေးတွေဟာ လုပ်ခြင်ရာလုပ်နေကြတာကို တွေ့ရပါလိမ့်မယ်။

သူတို့မှာ အိမ်စာတို့ ၊ Assignment တို့ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။ ဒါဆို သူတို့ ဘာကို အဓိကထားသလဲ၊ ပြီးရင် ဘာတွေတတ်မှာလဲ ဒါကိုပညာရေးလို့ ခေါ်နိုင်သလား ဆိုတာ အဖြေရှာကြည့်ရအောင်။

ဖင်လန်နိုင်ငံသားတွေကို Finnish လို့ ခေါ်ပါတယ်။ အရွယ်ရောက်ပြီးသား Finnish တွေဟာ ဥရောပတလွှားက အလုပ်အကိုင်တွေမှာ ထိပ်ပိုင်းနေရာတွေရပြီး လုပ်ကိုင်နေကြပါတယ်။‌ ဒါတွေဟာ သူတို့ပညာရေးစနစ်ကြောင့်လို့ ပြောနိုင်ပါတယ်။

ကျောင်းအားလုံး (တက္ကသိုလ်တွေအပါအဝင် )ဟာ အစိုးရ ဘဏ္ဍာငွေနဲ့ရပ်တည်ကြပါတယ်။ ပုဂ္ဂလိကကျောင်း၊ ကိုယ်ပိုင်ကျောင်းဆိုတာ မရှိပါဘူး။ အတန်းသတ်မှတ်ချက်လဲ မရှိပါဘူး။

အဓိကက ကလေးတွေအတွက် အားကစားဖြစ်ပြီး ကျန်းမာသန်စွမ်းမှုကို အထောက်အကူ ဖြစ်စေပါတယ်။

စာဖတ်တာကတော့ ဒုတိယဦးစားပေးဖြစ်ပြီး ဉာဏ်ရည်ဖွံ့ဖြိုးစေပါတယ်။ အားလပ်ချိန်ကို အများအပြား ထားပေးပါတယ်။ စာသင်လိုက်၊ နားလိုက်ပေါ့။

အသက် ၇ နှစ်မှ ကျောင်းစထားကြတာက ကလေးဘဝကို လွတ်လပ်စွာ ဖြတ်သန်းစေခြင်လို့ဖြစ်ပါတယ်။ အခြေခံအဆင့်မှာ ဖင်လန်ဘာသာ၊သင်္ချာနဲ့ သိပ္ပံ ဘာသာရပ်တွေ သင်ပါတယ်။ ဂီတ၊ ပန်းချီ၊ လက်မှုပညာ အချုပ်အလုပ်နဲ့ အားကစားကို တွဲဖက်သင်ကြားစေပါတယ်။

အခြေခံ Grade 3 ရောက်ရင် အင်္ဂလိပ်စာ၊ Grade 4 ဆို ဆွီဒင်ဘာသာတွေ သင်ပါတယ်။ ဒါပေမဲ့ စတက်ပြီး ၃ နှစ်အတွင်း အခန်းမခွဲခြားထားပါဘူး။

၅ နှစ်မြောက်မှာတော့ ဇီဝဗေဒ၊ ဓါတုဗေဒ၊ သမိုင်းနဲ့ပထဝီ ဘာသာတွေသင်ကြားရပါတယ်။

၃ နှစ်မြောက်ကနေ ၇ နှစ်မြောက်အထိ နှုတ်ဖြေနဲ့သာ အရည်အချင်း စစ်ပါတယ်။ ဒါကို မှတ်တမ်းတင်တာမျိုး မရှိပါဘူး။ကျောင်းသားနဲ့ဆရာဘဲ သိပါတယ်။

စာသင်ခန်းတစ်ခုကို ကျောင်းသား ၂၀ လောက်သာ ရှိတာမို့ ဆရာ/ဆရာမတွေဟာ ပိုအာရုံစိုက်သင်ကြားနိုင်ကြပါတယ်။ ဒါကြောင့်လဲ ရလာဒ်ကောင်းတွေရရှိစေပါတယ်။

အသက် ၉ နှစ်အထိ ကျောင်းဝတ်စုံ မရှိ ကြိုက်တာဝတ်လို့ ရပါတယ်။ အခြေခံကနေ အထက်တန်းအထိ ကျောင်းတက်ဖို့ အသက်ကန့်သတ်ချက်က ၇ နှစ်မှ ၁၆ နှစ်အထိ ဖြစ်ပါတယ်။

Grade 9 က အမြင့်ဆုံး ဖြစ်ပါတယ်။ ကျောင်းစတက်ချိန်က ၉ နာရီကနေ ၉ နာရီ ၄၅ မိနစ်ကြားဖြစ်ပြီး ၂ နာရီ ၄၅ မှာ ကျောင်းဆင်းပါတယ်။ စာသင်ခန်းထဲမှာထက် ကျောင်းဝန်းထဲမှာ သင်ကြတာ များပါတယ်။

ပန်းခြံတွေဟာ သန့်ရှင်းနေလို့ ဖိနပ်စီးစရာ မလိုပါဘူး။ တခါတလေ ကျောင်းပြင်ပကို လေ့လာရေး ထွက်ကြပါတယ်။

ဆရာတွေဖက်ကိုကြည့်ရအောင်။ ဆရာတွေဟာ အလုပ်ချိန်နဲပါးပေမယ့် ဥရောပနဲ့ယှဉ်ရင် လစာအကောင်းဆုံးဖြစ်ပါတယ်။

ကိုယ်ပိုင်စတိုင်နဲ့ လွတ်လပ်စွာသင်ကြားနိုင်ပါတယ်။ အခြေခံစည်းမျဉ်းတွေက တစ်နိုင်ငံလုံး တူညီပေမဲ့ Test Book ရယ်လို့ သတ်မှတ်မထားပါဘူး။

ကျောင်းတွေကလဲ တောရောမြို့ပါ အတူတူပါဘဲ။ မြို့တော် ဟယ်ဆင်ကီ ကကျောင်းနဲ့ ရွာကကျောင်း အတူတူပါဘဲ။ (ဒီမှာတော့ Top 10 တို့ ဘာတို့ )

နိဂုံးချုပ်ရရင် ၉၃ ရာနှုန်း ဘွဲ့ရပြီး ယူအက်စ်ထက် ၁၇.၅ သာပါတယ်။ ဥရောပတလွှားက ဖင်လန်ပညာတတ်ကလေးတွေကို အလုပ်ခန့်ဖို့ ဝန်မလေးကြပါဘူးလို့ တင်ပြလိုက်ရပါတယ်။

Knight News Team

Leave a Reply

Your email address will not be published.