နေဝင်ပြီးတာနဲ့လည်ပတ်သူများ ဆက်မနေရန် တားမြစ်ထားရတဲ့ အိန္ဒိယမှ ခံတပ်ကြီး
ဘန်ဂါ(Bhangarh) ခံတပ်နဲ့ပတ်သက်တဲ့ လျှို့ဝှက်ဆန်းကြယ်မှု ၅ ရပ်ဟာ စာဖတ်သူကို ထိတ်လန့်ကြောက်ရွံ့စေမှာ မလွဲဧကန်ပဲ ဖြစ်ပါတယ်။
အချို့နေရာမှာ သိပ္ပံနည်းနဲ့ လက်တွေ့အဖြေရှာပြီး ပြသဖို့ ခက်ခဲတဲ့ ထူးခြားဆန်းကြယ် ဖြစ်ရပ်တွေနဲ့ ကကြုံတွေ့ နေရတာမို့ အစိုးရကတောင်မှ ယင်းနေရာများနှင့်ပတ်သက်ပြီး တားမြစ်ချက်များ ထုတ်ရတဲ့ အနေအထားတွေလည်း ရှိတတ်ကြပါတယ်။
Bhangarh ခံတပ် မှာဆိုရင် နေဝင်ပြီးတာနဲ့ ထိုနေရာမှာ ဆက်မနေရန် သတိပေးထားတဲ့ ဆိုင်းဘုတ်များကိုပင် မြင်တွေ့ရမှာ ဖြစ်ပါတယ်။
ဘန်ဂါခံတပ်ကြီးဟာ အိန္ဒိယပြည်ရဲ့ အကြီးဆုံးမြို့တော်ဖြစ်တဲ့ ရာဂျက်စ်တန်မြို့မှာ တည်ရှိပါတယ်။ ဒီ ဘန်ဂါ ခံတပ်ကြီးဟာ မျိုးစုံသော တစ္ဆေဇာတ်လမ်းများနဲ့ ကျော်ကြားတဲ့ ခံတပ်ပျက်ကြီး ဖြစ်ပါတယ်။
ဒီ ခံတပ်ကြီးရဲ့သမိုင်းကြောင်းကို ကြည့်မယ်ဆိုရင် အေဒီ ၁၇ ရာစုခန့်က ရာဂျာမန်ဟိုဆင့်ဆိုသူက ဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်
စိတ်ပျော့ပြီး အားငယ်တတ်သူများကတော့ ယင်းခံတပ်ကို သွားရောက်မလည်ပတ်သင့်ပါဘူး။
သွားရောက်လည်ပတ်ဖို့ စီစဥ်နေတယ်ဆိုရင်တော့ ဒီခံတပ်နဲ့ပတ်သက်တဲ့ ကြောက်စရာကောင်းတဲ့ အချက်တချို့ကိုတော့ သိထားသင့်ပါတယ်။
(၁)သဘာဝလွန်ဖြစ်ရပ်ဆန်း
ယင်းခံတယ်ကို ရောက်တဲ့အခါ၊ ခမ်းနားထည်ဝါတဲ့ ဗိသုကာလက်ရာကို အံ့ဩဖွယ်ရာ မြင်တွေ့ရပါလိမ့်မယ်၊
ဒါပေမဲ့လည်း ရောက်ဖူးတဲ့သူ တော်တော်များများကတော့ ခံတပ်ထဲရောက်နေတဲ့အချိန် စိုးရိမ်ပူပန်စိတ်၊ စိတ်မလုံခြုံမှုနဲ့ စိတ်ဂနာမငြိမ်မှုတွေ ဖြစ်ပေါ်လာတယ်လို့ ပြောကြပါတယ်။
တချို့ဧည့်သည်တွေက တစ်စုံတစ်ယောက်က နောက်က လိုက်နေသလိုမျိုး ထူးဆန်းတဲ့ခံစားချက်ကို ခံစားရတယ်လို့တောင် ပြောပြကြပါတယ်။
ဒါကြောင့် အနုပညာလက်ရာများနဲ့ ပတ်သက်ပြီး ယင်းခံတပ်ကို လူအများ ကြိုက်နှစ်သက်ကြပေမယ့် ဧည့်သည်အများစုဟာ ခံတပ်ရဲ့ ပရဝုဏ်အတွင်းမှာ အကြာကြီးနေဖို့ ရှောင်ရှားကြပါတယ်။
(၂) နေဝင်ပြီးရင် လာရောက်လည်ပတ်ခွင့်မပြုခြင်း။
Bhangarh ခံတပ်အတွင်း ညဘက်တွင် လာရောက်လည်ပတ်ခြင်း သို့မဟုတ် နေထိုင်ခြင်းကို လုံးဝတားမြစ်ထားပါတယ်။
အိန္ဒိယရှေးဟောင်းသုတေသနစစ်တမ်း (ASI) က Bhangarh ရှိနေရာအများအပြားတွင် နေဝင်ချိန်နှင့် နေမထွက်မီ ခံတပ်အတွင်း မနေထိုင်ရန် လူများကို သတိပေးပြောကြားထားပါတယ်။
ဒေသခံများရဲ့ ပြောကြားချက်အရ ညဘက်တွင် ခံတပ်အတွင်းသို့ ဝင်ရောက်သွားသူတိုင်းက သူတို့ကြုံတွေ့တဲ့ အကြောင်းအရာတွေကို ပြန်မပြောနိုင်ကြပါဘူးတဲ့။
ဒါက ဘာ့ကြောင့်လဲဆိုရင်တော့ ညဘက်မှာ ဝိညာဥ်တွေဟာ ခံတတ်အတွင်း လှည့်လည်သွားလာ နေကြတာကြောင့် ဖြစ်တယ်လို့ ယုံကြည်ထားကြပါတယ်။
(၃)ကျိန်စာ
ဒဏ္ဍာရီတွေအရ Bhangarh ခံတပ်ဟာ Guru Balu Nath လို့ခေါ်တဲ့ ရသေ့တစ်ပါးရဲ့ ကျိန်စာတိုက်ခြင်းကို ခံခဲ့ရပါတယ်။
တစ်ချိန်က ခံတပ်ဆောက်တဲ့ နေရာဟာ ရသေ့များ တရားထိုင်ရာ နေရာဖြစ်ပါတယ်။ဤနေရာမှာ ခံတပ်ဆောက်လိုကြောင်း ဘုရင်မင်းကြီးက တောင်းပန်ပြောကြားတဲ့အခါမှ ခံတပ်ရဲ့ အရိပ်က ရသေ့ကြီး တရားထိုင်တဲ့နေရာကို မထိစေရဆိုတဲ့ အချက်တစ်ချက်ကို သဘောတူခဲ့ကြပါတယ်။
ဒါပေမယ့် တကယ်ဆောက်ပြီးချိန်မှာတော့ မင်းကြီးရဲ့ ခံတပ်အရိပ်က ရသေ့ကြီးနေရာကို ကျတာကြောင့် ရသေ့ကြီးက ဒေါသထွက်ပြီး ကျိန်စာတိုက်ခဲ့ပါတယ်။ရသေ့ရဲ့ကျိန်စာကြောင့် တစ်ရွာလုံးလည်း ပျက်စီးသွားခဲ့ရတယ်လို့ ဆိာကြပါတယ်။
(၄)အမိုးမဲ့ရွာ
ထိုဒေသတွင်ရှိတဲ့ အိမ်တိုင်းအိမ်တိုင်း အမိုး မရှိသည်မှာ အလွန်ထူးဆန်းပါတယ်။
မြို့ကို ပျက်စီးအောင် ကျိန်စာတိုက်ခဲ့တာကြောင့် အဆိုပါ ဒေသရှိနေအိမ်များမှာ အမိုးများ ဆောက်ရန် မဖြစ်နိုင်ကြောင်း ဒေသခံများက ပြောဆိုကြပြီး ဆောက်လိုက်ရင်လည်း ပြိုကျပါတယ်။ထိုကဲ့သို့ ဖြစ်ရပ်များကြောင့် လူအများအပြား သေဆုံးခဲ့ကြရတယ်လို့ဆိုပါတယ်။
(၅)မရှင်းပြနိုင်အောင် ထူးဆန်းသော မတော်တဆမှုများ
Bhangarh အနီးတစ်ဝိုက်မှာ ကြောက်စရာကောင်းသော ဇာတ်လမ်းများစွာရှိခဲ့ပြီး ကံမကောင်း အကြောင်းမလှသည့် ဧည့်သည်များလည်း ရှိခဲ့ပါတယ်။
ခံတပ်ကြီးရဲ့သမိုင်းမှာ ဆိုးရွားတဲ့ မတော်တဆမှုတွေနဲ့ ကံဆိုးမှုတွေအများကြီး ဖြစ်ခဲ့ပါတယ်။
တခါက ဧည်သည် ၃ ယောက်ဟာ Bhangarh ခံတပ်မှာ နေဝင်ပြီးအချိန်ထိနေပြီး အမှန်တကယ် သရဲခြောက်ခြင်း ရှိ၊ မရှိ စမ်းသပ်ခဲ့ကြပါတယ်။
အလင်းရောင်ရရှိအောင် မီးရှူးတိုင်များ တပ်ဆင်ထားသော်လည်း ၎င်းတို့ထဲမှ တစ်ဦးဟာ မတ်စောက်တဲ့ ရေတွင်းထဲသို့ ပြုတ်ကျခဲ့တာ ကြောင့် သူငယ်ချင်းများက ကယ်ဆယ်ခဲ့ပြီး ဆေးရုံသို့ အမြန်ပို့ဆောင်ခဲ့ကြပါတယ်။
ဒါပေမယ့် သူတို့ သုံးယောက်စလုံး ဆေးရုံကို သွားတဲ့ လမ်းမှာပဲ ယာဉ်မတော်တဆမှုတစ်ခုနဲ့ သေဆုံးသွားခဲ့ပါတယ်။
သင်တို့ရော ဘန်ဂါခံတပ်ကို သွားလည်ရဲပါသလား။
အဖြေလေး ပေးခဲ့ကြပါအုံး။
Knight News Team