ဆိုဗီယက်တို့ရဲ့ အသံထက်မြန်တဲ့ ဗုံးကြဲလေယာဉ် ‘Darkstar DSB-LK’
Darkstar DSB-LK ဟာ ဆိုဗီယက်တို့ရဲ့ အသံထက်မြန်သော ဗုံးကြဲလေယာဉ်ဖြစ်ပြီး ကိုယ်ပျောက်စွမ်းရည်ရှိတဲ့ယာဉ် ဖြစ်ပါတယ်။
တည်ဆောက်ရတဲ့ ရည်ရွယ်ချက်ကတော့ ယူအက်စ်ကို လက်ဦးမှုရယူ ခြေမှုန်းဖို့ ဖြစ်ပါတယ်။ ဒီဇိုင်းအရ DSB-LK ဟာ ကမ္ဘာ့အမြန်ဆုံး အဆင့်မြင့်လေယာဉ်လို့ ပြောလို့ရနိုင်ပါတယ်။
ယူကျု့ ချန်နယ်တစ်ခုက ဒီလေယာဉ်ရဲ့ နည်းပညာနဲ့ပတ်သက်တဲ့အရာအားလုံးကို အသေးစိတ်လေ့လာခဲ့ပြီး အသံထက် ၄ ဆကျော် (Mach 4+) ပျံသန်းနိုင်တယ်ဆိုတာ အတည်ပြုခဲ့ပါတယ်။
ဆိုဗီယက်ရဲ့ စစ်လေယာဉ် အမျိုးအစားသစ်
ဆိုဗီယက်တွေဟာ ယူအက်စ်ရဲ့ လေကြောင်းကာကွယ်ရေးစနစ်တွေကို ကျော်လွန်ပြီး နျူကလီးယားလက်နက် တွေကြဲချနိုင်ဖို့ ဒီလေယာဉ်ကို တီထွင်ခဲ့တာ ဖြစ်ပါတယ်။
DSB-LK လို့ အမည်ပေးထားတဲ့ ဒီလေယာဉ်ဟာ အမြင့်ပေ ၁၁၄,၀၀၀ နှင့် အကွာအဝေး ၁၆,၀၀၀ ကီလိုမီတာ ပျံနိုင်ပါတယ်။
Secret Projects UK ရဲ့ခန့်မှန်းချက်အရတော့ လေယာဉ်ဟာ အသံထက် ၄ ဆ အမြန်နှုန်းအထိ ပျံသန်းနိုင်တယ်လို့ ယူဆပါတယ်။
VK-15M တာဘိုဂျက်အင်ဂျင်ခြောက်လုံး တပ်ဆင်ထားပါတယ်။ DSB-LK ဟာ ဆင်းသက်ဖို့ ပြေးလမ်းအရှည်လိုအပ်ပါတယ်။
ရှေ့ပြေးပုံစံမှာက Su-57 တွင် မြင်တွေ့ရသလို တောင်ပံ-ကိုယ်ထည် ပေါင်းစပ်ထားသော ပုံစံဖြစ်ပါတယ်။
content/uploads/2022/09/1389845276_atsd_jpgd4ea8a19-2143-42b3-a39b-6ae7a7f4170elarger.jpg” alt=”” width=”600″ height=”600″ class=”alignnone size-full wp-image-9988″ />
နောက်ထပ် ပြဿနာတစ်ခုကတော့ လေယာဉ်ရဲ့ အချို့သော အတက်အလက်တွေဟာ ပိုမိုသွက်လက်စွာ ပျံသန်းနိုင့်အတွက်ဖြစ်ပေမယ့် တည်ငြိမ်မှုကိုတော့ မထိန်းနိုင်ပါဘူး။
အီလက်ထရွန်နစ်စနစ်ဖြင့် ထိန်းချုပ်ထားသော ပျံသန်းမှုထိန်းချုပ်ရေးစနစ် (FCS)နဲ့ ပျံသန်းစဉ်မှာ တိကျစွာထိန်းချုပ်ထားသော လေကြောင်း ပျံသန်းမှုတစ်ခုဖြစ်ဖို့ လိုပါလိမ့်မယ်။
DSB-LK လေယာဉ်မှာ အဓိကသုံးစွဲမယ့် တိုက်တေနီယမ်သတ္တုဟာ ရုရှားတွင် ပေါများပါတယ်။ DSB-LK အတွက် အကြမ်းဆုံးသော သံမဏိဖြစ်ပြီး အသံထက် ၅ ဆကျော် အမြန်နှုန်းနဲ့ ပျံနေစဉ်မှာ ဖြစ်ပေါ်လာမဲ့ အပူဒဏ်ကို ခံနိုင်ရည်ရှိပါတယ်။
အမေရိကန်တွေဟာ SR-71 Blackbird အတွက် တိုက်တေနီယမ်သတ္တုကို ရောင်းချဖို့ ဆိုဗီယက်တို့ကို လှည့်စားခဲ့ဖူးတဲ့အကြောင်း War History Online မှ ဖော်ပြခဲ့ဖူးပါတယ်။
ရုရှားရဲ့ Darkstar DSB-LK လေယာဉ်ဟာ တြိဂံပုံသဏ္ဍာန်ရှိပြီး၊ အမှုထမ်းက သုံးလေးယောက် ပါနိုင်ပါတယ်။ လေယာဉ်မှူး နှစ်ဦး၊ ရေကြောင်းပြသူနှင့် လက်နက်အော်ပရေတာ (WSO) တို့ ဖြစ်ပါတယ်။
သေနတ်နှစ်လက်ပါရှိပြီး လေယာဉ်မှူးခန်းရဲ့ နောက်ဘက်တွင် တစ်ခုနဲ့ အောက်ဖက်မှာ တစ်ခုပါ။အိတ်ဇောကို ကျော်၍ တိုက်ခိုက်နိုင်ပြီး သေနတ်တစ်လက်တွင် တစ်မိနစ်ကို ကျည်အတောင့် ၁၂၀၀ ပစ်နိုင်ပါတယ်။
၁၀ ကီလိုမီတာ အကွာအဝေးထိ ပစ်ခတ်နိုင်တဲ့ ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည် ၅ စင်း ပါရှိပါတယ်။
ရေဒါနှင့် Electronic Warfare (EW) နှင့် jamming စနစ်များ တပ်ဆင်ထားသည့် ဒုံးကျည် သို့မဟုတ် ဗုံး ၅ တန်မှ ၁၅ တန်အထိ သယ်ဆောင်နိုင်ပါလိမ့်မယ်။
Hypersonic Darkstar DSB-LK လေယာဉ် ဆက်လက်တည်ဆောက်ဖို့ဟာ ဈေးကြီးလွန်းတာကြောင့် ဆိုဗီယက်တို့အနေဖြင့် အခြားပရောဂျက်များကို ရွေးချယ်ရန် ပြောဆိုခဲ့ကြပါတယ်။
သို့သော်လည်း ရုရှားအနေနဲ့ တည်ဆောက်ပါက ရပ်တန့်သွားမည် မဟုတ်ပါဘူးတဲ့။
ကဲ စာရှုသူရော ဘယ်လိုထင်ပါသလဲ။ ရုရှားဟာ တကယ်တည်ဆောက်နိုင်မလားဆိုတာ မန့်ခဲ့ကြပါအုံးလို့။
Knight News Team