ဂျာမန်လေယာဉ်ကို ခိုးယူခဲ့တဲ့ အမေရိကန်ပိုင်းလော့

ဂျာမန်လေယာဉ်ကို ခိုးယူခဲ့တဲ့ အမေရိကန်ပိုင်းလော့

အမေရိကန်ပိုင်းလော့တစ်ယောက် သူ့လေယာဉ်ကို ဂျာမန်တို့ ပစ်ချတာခံရလို့ ဂျာမန်လေယာဉ်ကို ပြန်လည်ခိုးယူခဲ့တဲ့အကြောင်း ဖြစ်ရပ်မှန်ကိုတင်ပြလိုက်ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းက ဖြစ်ခဲ့တာပါ။

Bruce Carr (ဘရု့စ်ကား) ဟာ ပုံမှန်ဆို P-51 Mustang လေယာဉ်ကို မောင်းတဲ့ လေသူရဲတစ်ဦးပါ။ ဒါပေမဲ့ သူမသိတဲ့ လေယာဉ်အမျိုးအစားတစ်ခုကို မောင်းနှင်ခိုးယူနိုင်ခဲ့ပါတယ်။

Bruce Carr

Carr ဟာ Focke Wulf မဟာမိတ်လေတပ်စခန်းမှာ တာဝန်ကျတဲ့ အမေရိကန် လေသူရဲတစ်ယောက် ဖြစ်ပါတယ်။

သူက FW-190 အမျိုးအစား ဂျာမန်လေယာဉ်ကို ခိုးယူမောင်းနှင်ခဲ့တာပါ။ ဂျာမန် Luftwaffe လေတပ်စခန်းကနေ ခိုးယူခဲ့တာ ဖြစ်ပြီး ဂျာမန်တွေတောင်မသိလိုက်ကြပါဘူး။

Carr ဟာ ပြင်သစ်က 154-th လေတပ်စခန်းမှာ တာဝန်ကျခဲ့ပါတယ်။ ၁၉၄၄ ခုနှစ်၊ အောက်တိုဘာလမှာ သူဟာစစ်ဆင်ရေးတစ်ခုအတွက် ပျံသန်းခဲ့ပါတယ်။

ချက်ကိုစလိုဗက် နိုင်ငံကောင်းကင်မှာ သူ့ရဲ့ P-51 လေယာဉ်ဟာ အပစ်ခံခဲ့ရပါတယ်။ ဒါပေမဲ့ သူက လေယာဉ်ကို ဆင်သက်နိုင်ခဲ့ပါတယ်။

P-51 Mustang လေယာဉ်

အသက်၂၀ အရွယ် Carr ဟာလက်နက်ချဖို့ စဉ်းစားခဲ့ပါတယ်။ သူဆင်းသက်တဲ့ နေရာအနီးမှာ ဂျာမန်လေတပ်စခန်းတစ်ခု ရှိပါတယ်။

သူဟာ Luftwaffe တပ်သားတွေ သိပ်မဆိုးဘူးလို့ ဆိုတဲ့အကြောင်း ကြားဘူးထားပါတယ်။ Wehrmacht က ဂျာမန်တွေက ဆိုးပါတယ်။

ဒါကြောင့် သူက လေယာဉ်ကွင်းကို လမ်းရှာပြီး သွားခဲ့ပါတယ်။ သူဟာ FW-190 လေယာဉ်တွေ မြက်ခင်းပေါ်မှာ ရပ်ထားတာ တွေ့လိုက်ရပါတယ်။ ‌အင်ဂျင်နီယာတွေ ပြင်ဆင် ဆီဖြည့်ပြီးကာနီး အချိန်မှာပါ။

Carr က စိတ်ကူးပြောင်းသွားပါတယ်။ လေယာဉ်အ‌တောင်ပေါ် အသာခိုးတက်လိုက်ပါတယ်။ ပြီးတော့ ခေါင်းခန်းထဲမှာ ထိုင်နေလိုက်ပါတယ်။ မှောင်နေတဲ့အပြင် လေယာဉ်ခလုပ်တွေကလဲ သူနဲ့ မရင်းနှီးပါဘူး။

ဒိုင်ခွက်တွေကလဲ ဂျာမန်စာတွေ ရေးထွင်းထားပါတယ်။ ဒါပေမဲ့ မကြာခင်မှာဘဲ သူမှန်းဆလို့ ရသွားပါတယ်။

FW-190 ဂျာမန်လေယာဉ်

Carr ဟာ မှောင်တဲ့အထိ စောင့်နေလိုက်ပါတယ်။ ညမီးအလင်းရောင်အောက်မှာ သူဟာ ဂီယာနဲ့ flap ခလုပ်ကို တွေ့သွားပါတယ်။ သူက စက်နှိုးဖိုပဲ ကျန်ပါတော့တယ်။

ကွင်းထဲမှာ လူတချို့ ရှိနေပါသေးတယ်။ သူမြန်မြန်လုပ်ဖို့ လိုနေပါပြီ။ ကံကောင်းစွာနဲ့ အစောင့်ကင်းသမားတွေက သူ့ FW-190 ကို ကျော်ဖြတ်သွားပါတယ်။

FW-190 ဟာ အဲခေတ်က throttle system ( ပါဝါလီဗာ ) က အတော်ခေတ်မီပါတယ်။ Boost pressure, fuel flow, mixture setting နဲ့ propeller control တွေဟာ ဂီယာတံ တစ်ခုထဲနဲ့ ထိန်းချုပ်ထားတာပါ။

သူက ဒါကိုတွေ့ပြီး နားလည်သွားပါတယ်။ သူက တောအုပ်ကို အကာအကွယ်ယူပြီး လေယာဉ်ကိုမောင်းထွက်လာခဲ့ပါတယ်။ သူ့မှာ ခေါင်းဆောင်း၊လေထီးနဲ့ စကားပြောစက် မပါခဲ့ပါဘူး။

ကွင်းအလယ်လောက်မှာ စက်အရှိန်ကိုတင်လိုက်ပါတယ်။ လေယာဉ်စက်သံက ဟိန်းထွက်လာပါတယ်။ နောက်တော့ သူလေထဲရောက်ပါပြီ။

သူ့အိမ်က ဘယ်ဘက်ဆိုတာ သူမသိပါဘူး။ ဒါပေမဲ့ လေသူရဲကောင်းတစ်ယောက်အတွက် ဒါက ပြသနာ မဟုတ်ပါဘူး။ သူက မဟာမိတ်လေယာဉ်တွေ သူ့ကို မှားယွင်းပစ်ခတ်မှာစိုးလို့ သစ်ပင်ထိပ်ဖျားလောက်က ကပ်ပျံခဲ့ပါတယ်။

ဒါပေမဲ့ မဟာမိတ် လေယာဉ်ပစ်သေနတ်သမားက တစ်စီးထဲပျံလာတဲ့ ဂျာမန်လေယာဉ်ကို သတိပြုမိ သွားပါတယ်။ သူတို့က လေယာဉ်ကို ဝိုင်းပစ်ကြပါတော့တယ်။

Carr က လေယာဉ်ကို ကြိုးစားထိန်းချုပ်နေရလို့ ကျည်တချို့ကလေယာဉ်ကို ထိမှန်ခဲ့ပါတယ်။ ကံကြမ္မာက မျက်နှာသာပေးလို့ သူဟာ ပြင်သစ်က သူ့စခန်းကို ပြန်ရောက်အောင် မောင်းနိုင်ခဲ့ပါတယ်။

ပြဿနာက မပြီးသေးပါဘူး။ သူဟာ ကွင်းကို မြန်မြန်ရောက်အောင် အရှိန်ကို တင်လို့ရသလောက် တင်လိုက်ပါတယ်။ ကွင်းပေါ်အရောက်မှာ Flap နဲ့ Landing Gear ကို ချဖို့ ခလုပ်ကို ဆွဲလိုက်ပါတယ်။ဒါပေမဲ့ လေယာဉ်ဘီးက မကျပါဘူး။

မြေပြင်က လေကြောင်းကာကွယ်ရေးအဖွဲ့တွေကလဲ သူ့လေယာဉ်ကို ချိန်ရွယ်ပြီး ပစ်ဖို့ စောင့်နေပါတယ်။

Carr မှာလဲ တခြားရွေးချယ်စရာ မရှိတော့ပါဘူး။ သူက ဝမ်းဗိုက်နဲ့ ရှပ်ဆင်းခြင်း ( Belly landing ) လုပ်ဖို့ဆုံးဖြတ်ပြီး ဆင်းသက်လိုက်ပါတယ်။ကံကောင်းစွာဘဲ အထိအခိုက်မရှိ ဆင်းသက်နိုင်ခဲ့ပါတယ်။

စစ်သားတွေ ချက်ခြင်းပဲ ဝိုင်းလာကြပါတယ်။ ပထမတော့ သူ့ကို 354 th က ပိုင်းလော့မှန်း မသိကြပါဘူး။ စခန်းက အကြီးအကဲ George Bickell ရောက်လာမှ သူ့ကို သိသွားကြပါတယ်။

Bruce Carr ဟာ သူ့ရဲ့ စွန့်စားမှုကြောင့် ရာထူးတိုးပေးတာ ခံရပါတယ်။ သူဟာ တာဝန်ပြန်လည်ထမ်းဆောင်ခဲ့ပြီး တစ်နှစ်အတွင်းမှာ ငွေကြယ်တံဆိပ် ချီးမြှင့်ခံရပါတယ်။

သူက 3-JU -88 ဗုံးကြဲလေယာဉ်တစ်စီးကို ပစ်ချနိုင်ခဲ့လို့ ဖြစ်ပါတယ်။ သူဟာ ( Air Medal) ၃၁ ခုနဲ့ ( Distinguish Cross )၄ ခုအထိ ရရှိခဲ့ပါတယ်။ ကိုရီးယားစစ်ပွဲ၊ ဗီယက်နမ်စစ်ပွဲတွေမှာလဲ သူပါဝင်ခဲ့ပါတယ်။

Bruce Carr ဟာ ၁၉၇၃ ခုနှစ်မှာ အငြိမ်းစားယူခဲ့ပြီး ၁၉၈၈ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ သူ့အသက် ၇၄ နှစ် ဖြစ်ပါတယ်လို့ တင်ပြလိုက်ပါတယ်။

Knight News Team

Leave a Reply

Your email address will not be published.